မာတိကာဆီ ကျော်သွား

လူငယ်များအမေး

နိုင်ငံတော်ခန်းမမှာ ကျင်းပတဲ့ ဝတ်ပြု အစည်းအဝေးတွေကို ဘာကြောင့် တက်ရောက်သင့်သလဲ

နိုင်ငံတော်ခန်းမမှာ ကျင်းပတဲ့ ဝတ်ပြု အစည်းအဝေးတွေကို ဘာကြောင့် တက်ရောက်သင့်သလဲ

 ယေဟောဝါသက်သေတွေဟာ နိုင်ငံတော်ခန်းမလို့ ခေါ်တဲ့ နေရာတွေမှာ တစ်ပတ်ကို နှစ်ကြိမ် ဝတ်ပြုစည်းဝေးကြပါတယ်။ အဲဒီခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ။ ဝတ်ပြု အစည်းအဝေးတွေ တက်ရင် ဘာအကျိုးကျေးဇူး ရရှိမလဲ။

 နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ

 လက်တွေ့ကျတဲ့ ကျမ်းစာသွန်သင်ချက်တွေကို အဓိကသင်ပေးတဲ့ နေရာတစ်ခု ဖြစ်တယ်။ အစည်းအဝေးတွေ တက်ရင်

  •   ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သိလာနိုင်တယ်။

  •   လတ်တလောဖြစ်ရပ်တွေ ဘာကြောင့် ဖြစ်ပျက်နေမှန်း နားလည်လာမယ်။

  •   ပိုကောင်းတဲ့သူ ဖြစ်လာမယ်။

  •    အကောင်းဆုံး မိတ်ဆွေတွေ ရလာမယ်။

 သင် သိပါသလား။ ယေဟောဝါသက်သေတွေ ဝတ်ပြုစည်းဝေးတဲ့နေရာမှာ ဘုရားနိုင်ငံတော်အကြောင်း ဆွေးနွေးလေ့ရှိလို့ နိုင်ငံတော်ခန်းမလို့ ခေါ်တယ်။​—မဿဲ ၆:၉၊ ၁၀။ ၂၄:၁၄။ လုကာ ၄:၄၃

 ဝတ်ပြု အစည်းအဝေးတွေ ဘာကြောင့် တက်ရောက်သင့်သလဲ

 ကြားသိရတာတွေကနေ အကျိုးခံစားရနိုင်ပါတယ်။ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြု အစည်းအဝေးတွေမှာ ကျမ်းစာလမ်းညွှန်ချက်တွေ ကြားသိရပြီး “ဉာဏ်ပညာကို ဆည်းပူး” နိုင်တယ်။ (ပညာအလိမ္မာ ၄:၅) ဘဝမှာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ကျမ်းစာက ကူညီပေးနိုင်တယ်။ ဒါတင်မက ဘဝနဲ့ပတ်သက်တဲ့ အောက်ပါမေးခွန်းတွေရဲ့ အဖြေ ကျမ်းစာထဲမှာ ပါတယ်–

 စနေ၊ တနင်္ဂနွေ အစည်းအဝေးတွေမှာ အောက်ပါဟောပြောချက်တွေ ကြားသိနိုင်တယ်–

  •   ဘေးရောက်ရာကာလတွင် သင် အဘယ်နေရာမှ အကူအညီ ရရှိနိုင်မည်နည်း

  •   သမ္မာကျမ်းစာ၏ လမ်းညွှန်မှုကို အဘယ်ကြောင့် ခံယူရ

  •   ဘုရားနိုင်ငံတော်က ကျွန်ုပ်တို့အတွက် ယခု လုပ်ဆောင်ပေးရာ

 “အတန်းဖော်တစ်ယောက်က အစည်းအဝေး လာတက်တယ်။ ကျွန်မတို့ မိသားစုနဲ့အတူ လာထိုင်လို့ စာစောင်တွေ အတူကြည့်ကြတယ်။ ပရိသတ် ပါဝင်ပြီး မှတ်ချက်ပေးတာကို သူသိပ်သဘောကျတယ်။ သူတို့ဘုရားကျောင်းမှာဆိုရင် ကျွန်မတို့လို လေ့လာစရာစာစောင်တွေ မရှိဘူးလို့ ပြောတယ်။”​—ဘရန်ဒါ။

 သင် သိပါသလား။ နိုင်ငံတော်ခန်းမမှာ ဝင်ကြေးပေးစရာ မလိုသလို အလှူငွေလည်း မကောက်ပါဘူး။

 ပေါင်းသင်းရလို့ အားရှိသွားပါလိမ့်မယ်။ ခရစ်ယာန်တွေ အတူဝတ်ပြုစည်းဝေးရတဲ့ အကြောင်းရင်းတစ်ခုက “အချင်းချင်း အားပေး” ဖို့လို့ ကျမ်းစာ ဆိုထားတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) ကိုယ့်အတွက်ပဲ အာရုံစိုက်တတ်ကြတဲ့ ဒီလောကကြီးမှာ ဘုရားသခင်၊ တခြားသူတွေကို ဦးစားပေးတတ်သူတွေနဲ့ ပေါင်းသင်းရတာ တကယ် လန်းဆန်းအမောပြေစေပါတယ်။

 “တစ်နေ့တာ အကုန်ပိုင်းမှာ စိတ်မောလူမော ဖြစ်ကျန်ခဲ့ရင်တောင် နိုင်ငံတော်ခန်းမမှာ ညီအစ်ကို/မတွေနဲ့ တွေ့တဲ့အခါ စိတ်သက်သာရသွားတယ်။ အိမ်အပြန်မှာတော့ နောက်တစ်နေ့အတွက် အားအင်အပြည့်နဲ့ ပျော်နေတာပေါ့။”​—အယ်လီဇာ။

 သင် သိပါသလား။ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေရဲ့ အသင်းတော် ၁၂၀,၀၀၀ ကျော်ဟာ နေရာပေါင်း ၆၀,၀၀၀ ကျော်မှာ အတူဝတ်ပြုစည်းဝေးကြတယ်။ တက်ရောက်သူတွေ တိုးများလာတဲ့အတွက် နိုင်ငံတော်ခန်းမပေါင်း ၁,၅၀၀ နီးပါး နှစ်စဉ် ဆောက်လုပ်နေရတယ်။ a

a ကျင်းပတဲ့နေရာ ရှာချင်ရင် “ယေဟောဝါသက်သေတွေရဲ့ အသင်းတော် အစည်းအဝေးများ” ကို သွားပြီး “အနီးဆုံးတည်နေရာကို ရှာပါ” ကို နှိပ်ပါ။