မာတိကာဆီ ကျော်သွား

ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား

ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား

ကျမ်းစာအဖြေ

 လိုပါတယ်။ ဘုရားသခင်က ဝတ်ပြုရေးမှာ လူတွေကို စည်းစည်းလုံးလုံးရှိစေချင်တယ်။ ကျမ်းစာမှာ အခုလို ဆိုထားတယ်- ‘မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။’—ဟေဗြဲ ၁၀:၂၄၊ ၂၅

 “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” လို့ ယေရှုပြောချိန်မှာ တပည့်တွေဟာ အဖွဲ့တစ်ဖွဲ့အနေနဲ့ ရှိနေလိမ့်မယ်လို့ ကိုယ်တော် ဆိုလိုနေတာဖြစ်တယ်။ (ယောဟန် ၁၃:၃၅) ခရစ်တော်ရဲ့တပည့်တွေ အဲဒီမေတ္တာကို ဖော်ပြနိုင်တဲ့ အဓိကအကျဆုံးနည်းလမ်းက သူတို့အချင်းချင်း စုဆုံပေါင်းသင်းခြင်းဖြစ်တယ်။ ဒါကြောင့် သူတို့က ဝတ်ပြုမှုအတွက် ပုံမှန်စုဝေးကြတဲ့ အသင်းတော်တွေကို တည်ထောင်ကြတယ်။ (၁ ကောရိန္သု ၁၆:၁၉) နောက်ဆုံး အသင်းတော်အားလုံးကိုစုပေါင်းလိုက်တော့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ရပ် ဖြစ်လာတယ်။—၁ ပေတရု ၂:၁၇

ဘာသာရေးအဖွဲ့ဝင်တစ်ဦးဖြစ်ရုံနဲ့ မလုံလောက်

 လူတွေဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နိုင်ဖို့ စုဆုံစည်းဝေးသင့်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ ဒါပေမဲ့ လူတစ်ဦးဟာ ဘာသာတစ်ခုခုရဲ့အဖွဲ့ဝင်ဖြစ်ရုံနဲ့ သူ့ကို ဘုရားသခင် နှစ်သက်လက်ခံတယ်လို့ ကျမ်းစာမှာ မသွန်သင်ထားပါဘူး။ ဘုရားသခင်နှစ်သက်လက်ခံမှုရဖို့ ဘာသာတရားရဲ့ လမ်းစဉ်အတိုင်း နေထိုင်ရမယ်။ ဥပမာအနေနဲ့ ကျမ်းစာမှာ ဒီလိုဆိုထားပါတယ်- “ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှု [ဘာသာတရား] ဟူမူကား မိဘမဲ့ကလေးများနှင့် မုဆိုးမများ ဒုက္ခရောက်ချိန်တွင် ကြည့်ရှုစောင့်ရှောက်ခြင်း၊ မိမိကိုယ်ကို လောကအညစ်အကြေးနှင့် ကင်းစင်စေခြင်းဖြစ်၏။”—ယာကုပ် ၁:၂၇