မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါတို့ လမ်းခွဲသင့်သလား (အပိုင်း ၂)

ငါတို့ လမ်းခွဲသင့်သလား (အပိုင်း ၂)

 ဦးဆုံး၊ လမ်းခွဲဖို့အကြောင်း ဆွေးနွေးဖို့အတွက် သင့်တော်တဲ့နေရာကို ရွေးပါ။ ဘယ်လို လုပ်ဆောင်နိုင်ပါသလဲ။

 သင့်ကို ဘယ်လိုမျိုး ဆက်ဆံစေချင်သလဲဆိုတာ စဉ်းစားကြည့်ပါ။ (မဿဲ ၇:​၁၂) တခြားသူတွေရှေ့မှာ အဲဒီအကြောင်း ဖွင့်ပြောတာမျိုး သင်ဖြစ်ချင်မှာ မဟုတ်ဘူး။

 ချွင်းချက်အခြေအနေတချို့ကလွဲလို့ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖုန်းဆက်ပြီး၊ စာပို့ပြီး ဒါမှမဟုတ် အီးမေးလ်သုံးပြီး အဆက်ဖြတ်တာမျိုး မလုပ်တာကောင်းပါတယ်။ အဲဒီအစား ဒီလိုအရေးကြီးတဲ့ကိစ္စကို ဆွေးနွေးနိုင်မယ့် အချိန်နဲ့ နေရာကို ရွေးချယ်ပါ။

 ဘယ်လိုစကားမျိုး ပြောသင့်ပါသလဲ။ တမန်တော်ပေါလုက ခရစ်ယာန်တွေဟာ တစ်ယောက်ကိုတစ်ယောက် “မှန်သောစကားကို” ပြောဆိုဖို့ တိုက်တွန်းထားပါတယ်။—ဧဖက် ၄:၂၅

 ဒါကြောင့် အကောင်းဆုံးကတော့ ပြတ်သားမှုရှိပြီး လိမ္မာပါးနပ်စွာပြောပါ။ လမ်းခွဲသင့်တယ်လို့ သင်ဘာကြောင့် ခံစားရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ပြောပါ။

 သူ့ရဲ့ ပြစ်ချက် တစ်သီတတန်းကြီး ဖော်ပြဖို့ ဒါမှမဟုတ် သင်မကြိုက်တဲ့ အချက်အားလုံးကို ဖော်ပြဖို့ မလိုပါဘူး။ “ဒီလို နင်မလုပ်ဘူး” ဒါမှမဟုတ် “အဲဒါကို ဘယ်တော့မှ နင်မလုပ်ဘူး” ဆိုပြီး တစ်ဖက်သားကို အပြစ်ပုံချတဲ့စကားတွေ ပြောမယ့်အစား “ . . . တဲ့သူကိုပဲ ငါနှစ်သက်တယ်” ဒါမှမဟုတ် “ . . . ကြောင့် ငါတို့ လမ်းခွဲသင့်တယ်လို့ ငါခံစားရတယ်” ဆိုပြီး ကိုယ့်ရဲ့ ခံစားချက်ကို ရှင်းပြပါ။

 ဒီအချိန်ဟာ သူ့ရဲ့အပြောနဲ့ သင့်စိတ် ပြန်ပြောင်းသွားရမယ့်အချိန် မဟုတ်ပါဘူး။ ကြီးလေးတဲ့ အကြောင်းပြချက်ကြောင့် သူနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ သတိရပါ။ ဒါကြောင့် သင့်အဖော်က သင့်စိတ်ပြောင်းသွားအောင် ပါးနပ်စွာဉာဏ်ဆင်တဲ့အခါ သတိထားပါ။ လော်ရီအမည်ရှိတဲ့ အမျိုးသမီးငယ်က ဒီလိုပြောပြတယ်– “ကျွန်မတို့နှစ်ယောက် လမ်းခွဲပြီးနောက်ပိုင်း သူက တစ်ချိန်လုံး စိတ်ဓာတ်ကျနေတဲ့ပုံပဲ ပြနေတယ်။ သူ့အပေါ်သနားလာအောင် လုပ်နေတာဖြစ်မယ်။ ကျွန်မ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ သူ့ရဲ့အပြုအမူကြောင့် ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို မပြောင်းနိုင်ဘူး။” လော်ရီလိုပဲ ဆုံးဖြတ်ချက်ခိုင်မာပါ။ သင့်စကားကို အတည်ဖြစ်စေပါ။​—ယာကုပ် ၅:​၁၂