မဿဲ ၂၄:၁-၅၁

  • ခ​ရစ်​တော် ရောက်​ရှိ​နေ​ခြင်း​ရဲ့ နိ​မိတ် (၁-၅၁)

    • စစ်​ပွဲ၊ အစာ​ခေါင်း​ပါး​ခြင်း၊ င​လျင်​လှုပ်​ခြင်း ()

    • သတင်း​ကောင်း ဟော​ပြော​ရ​မယ် (၁၄)

    • ကြီး​စွာ​သော​ဒုက္ခ (၂၁၊ ၂၂)

    • လူ​သား​လာ​ပြီဆို​တဲ့ လက္ခ​ဏာ (၃၀)

    • သဖန်း​ပင် (၃၂-၃၄)

    • နော​ဧ​လက်​ထက် (၃၇-၃၉)

    • သတိ​နဲ့ စောင့်​နေ​ကြ (၄၂-၄၄)

    • သစ္စာ​ရှိ​တဲ့​ကျွန်​နဲ့ ကျွန်​ဆိုး (၄၅-၅၁)

၂၄  ​ဗိမာန်​တော်​က​နေ ယေရှု ထွက်​လာ​ချိန်​မှာ တ​ပည့်တွေ​က ဗိမာန်​တော် အဆောက်​အအုံ​တွေ​ကို ပြ​တဲ့​အခါ၊ ၂  ယေရှု​က “ဒီ​အဆောက်​အအုံ​တွေ​ကို ခင်​ဗျား​တို့ မြင်​နေ​ရ​တယ် မဟုတ်​လား။ ဒါ​ပေမဲ့ ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ဟော​ဒီ​ကျောက်​တုံး​တွေ ကျိန်း​သေ ဖြို​ချ​ခံ​ရ​လိမ့်​မယ်။ ကျောက်​တစ်​တုံး​ပေါ် တစ်​တုံး​ဆင့်​ပြီး ကျန်​နေ​မှာ မဟုတ်​ဘူး”+ လို့ ပြော​တယ်။ ၃  သံ​လွင်​တောင်​ပေါ် ယေရှု ထိုင်​နေ​ချိန်​မှာ တ​ပည့်တွေ​ချည်း​ပဲ လာ​ပြီး “သခင်၊ ကျွန်​တော်​တို့​ကို ပြော​ပြပါ။ အဲ​ဒါ​တွေ ဘယ်​တော့ ဖြစ်​မှာ​လဲ။ သခင် ရောက်​ရှိ​နေ​ပြီ၊*+ လောက​စနစ်​နိ​ဂုံး​ပိုင်း​ကို* ရောက်​နေ​ပြီဆို​တဲ့ နိ​မိတ်​ဟာ ဘာ​လဲ”+ လို့ မေး​ကြ​တယ်။ ၄  အဲဒီ​အခါ ယေရှု အခု​လို​ပြော​တယ်– “ဘယ်​သူ့​ကြောင့်​မှ လမ်း​မလွဲ​သွား​အောင် ခင်​ဗျား​တို့ သတိ​ထား​ကြ​ပါ။+ ၅  ‘ကျုပ်​ဟာ ခ​ရစ်​တော်​ပဲ’ လို့ ပြော​ပြီး ကျွန်​တော့်​နာ​မည်​နဲ့ လူ​တွေ​ကို လမ်း​လွဲ​စေ​မယ့်​သူ​တွေ အများ​ကြီး ပေါ်​လာ​လိမ့်​မယ်။+ ၆  ရပ်​နီး​ရပ်​ဝေး​က စစ်​မက်​သတင်း​တွေ​ကို ခင်​ဗျား​တို့ ကြား​ရ​လိမ့်​မယ်။ အဲဒီ​အခါ ထိတ်​ထိတ်​ပျာ​ပျာ မဖြစ်​ပါ​နဲ့။ အဲ​ဒါ​တွေ ဖြစ်​ကို​ဖြစ်​လာ​မယ်။ ဒါ​ပေမဲ့ အဆုံး​တော့ မရောက်​သေး​ဘူး။+ ၇  “လူ​တစ်​မျိုး​နဲ့ တစ်​မျိုး၊ တစ်​နိုင်​ငံ​နဲ့ တစ်​နိုင်​ငံ တိုက်​ခိုက်​ကြ​လိမ့်​မယ်။+ အစာ​ခေါင်း​ပါး​တာ၊+ င​လျင်​လှုပ်​တာ​တွေ တစ်​နေ​ရာ​ပြီး တစ်​နေ​ရာ ဖြစ်​လိမ့်​မယ်။+ ၈  အဲ​ဒါ​တွေ​အားလုံး​ဟာ​ ဆင်း​ရဲ​ဒုက္ခရဲ့* အစ​ပဲ။ ၉  “အဲဒီ​အခါ ခင်​ဗျား​တို့​ကို နှိပ်​စက်​ညှဉ်း​ဆဲ​ဖို့+ အပ်​ပြီး အသေသတ်​လိမ့်​မယ်။+ လူ​တွေ​က ကျွန်​တော့်​နာ​မည်​ကြောင့် ခင်​ဗျား​တို့​ကို မုန်း​လိမ့်​မယ်။+ ၁၀  ပြီး​တော့ လူ​အများ​ကြီး​က ယုံ​ကြည်​ခြင်း​က​နေ လွဲ​သွား​ပြီး အချင်း​ချင်း သစ္စာ​ဖောက်​လိမ့်​မယ်၊ အချင်း​ချင်း မုန်း​လိမ့်​မယ်။ ၁၁  ပရော​ဖက်​အတု​အယောင် အများ​ကြီး ပေါ်​လာ​ပြီး လူ​တွေ​ကို လှည့်​ဖြား​လိမ့်​မယ်။+ ၁၂  မတ​ရား​မှု​တွေ များ​သည်​ထက် များ​လာ​တဲ့​အတွက် လူ​အတော်​များ​များ​ဟာ မေတ္တာ​တရား ခေါင်း​ပါး​လာ​လိမ့်​မယ်။ ၁၃  ဒါ​ပေမဲ့ အဆုံး​ထိ ခံ​နိုင်​ရည် ရှိ​သူ​ဟာ ကယ်​တင်​ခံ​ရလိမ့်​မယ်။+ ၁၄  လူမျိုး​အားလုံး​အတွက် သက်​သေ ဖြစ်​စေ​ဖို့ နိုင်​ငံ​တော်​သတင်း​ကောင်း​ကို လူ​နေ​ထိုင်​ရာ မြေတစ်​ခွင်​လုံး​မှာ ဟော​ပြော​ရ​လိမ့်​မယ်။+ ပြီး​မှ အဆုံး ရောက်​လာ​လိမ့်​မယ်။ ၁၅  “ပရော​ဖက် ဒံယေလ ဟော​ခဲ့​တဲ့​အတိုင်း ဖျက်​ဆီး​တတ်​တဲ့ ရွံ​ရှာ​ဖွယ်​ရာ​က သန့်​ရှင်း​ရာ​အရပ်​မှာ ရောက်​နေ​တာ​ကို ခင်​ဗျား​တို့ မြင်​ရရင်+ (စာ​ဖတ်​သူ ပိုင်း​ခြား​သိ​မြင်​ပါ​စေ)၊ ၁၆  ယုဒ​နယ်​မှာ နေတဲ့​သူ​တွေ တောင်​ပေါ်​ကို ပြေး​ကြ။+ ၁၇  အိမ်​မိုး​ပေါ်​မှာ ရှိ​နေ​သူ​ဟာ အိမ်​ထဲ​က ပစ္စည်းတွေ ယူ​ဖို့ မဆင်း​လာ​နဲ့။ ၁၈  လယ်​မှာ ရှိ​နေ​သူ​က​လည်း ကိုယ့်​အဝတ်​ကို ယူ​ဖို့ အိမ်​မပြန်​နဲ့။ ၁၉  အဲဒီ​အချိန်​ကာလ​မှာ ကိုယ်​ဝန်​ဆောင်​တွေ၊ နို့​တိုက်​မိ​ခင်​တွေ ပို​ဒုက္ခရောက်​လိမ့်​မယ်။ ၂၀  ခင်​ဗျား​တို့ ထွက်​ပြေး​ရ​မယ့်​အချိန်​ဟာ ဆောင်း​ရာ​သီ မကျ​ဖို့၊ ဥပုသ်​နေ့ မကျဖို့ ဆုတောင်း​နေ​ကြ​ပါ။ ၂၁  ဒီ​လောက​တည်​ချိန်​က​နေ အခု​ထိ မဖြစ်​ဖူး​သေး​တဲ့၊ နောင်​လည်း ဖြစ်​မှာ မဟုတ်​တဲ့ ကြီး​စွာ​သော​ဒုက္ခ​ဟာ+ အဲဒီ​အချိန်​မှာ ဖြစ်​လာ​မှာ​မို့လို့​ပဲ။+ ၂၂  အဲဒီ​ကာလ ကြာ​ရှည်​နေ​မယ်​ဆို​ရင် ဘယ်​သူ​မှ ဘေး​လွတ်​မှာ မဟုတ်​ဘူး။ ရွေး​ချယ်​ခံ​ရ​သူ​တွေ​အတွက် အဲဒီ​ကာလ​ကို တို​စေ​မယ်။+ ၂၃  “ပြီး​တော့ တစ်​ယောက်​ယောက်​က ခင်​ဗျား​တို့​ကို ‘ခ​ရစ်​တော် ဒီ​မှာ ရှိ​တယ်။’+ ‘ဟို​မှာ ရှိ​တယ်’ လို့ ပြော​ရင် မယုံ​ကြ​နဲ့။+ ၂၄  ခရစ်​တော် အ​တု​အယောင်​တွေ၊ ပရော​ဖက် အတု​အယောင်​တွေ+ ပေါ်​လာ​မယ်။ သူတို့​က ဖြစ်​နိုင်​ရင် ရွေး​ချယ်​ခံ​ရ​သူ​တွေ​ကို​တောင် လမ်း​လွဲ​သွား​အောင် အံ့​ဖွယ်​အမှု​ကြီး​တွေ၊ ထူး​ဆန်း​တဲ့​အရာတွေ လုပ်​ပြလိမ့်​မယ်။+ ၂၅  ကျွန်​တော် ကြို​သတိ​ပေး​ထား​တယ်။ ၂၆  ဒါ​ကြောင့် လူ​တွေ​က ‘ယေရှု တော​မှာ ရှိ​တယ်’ လို့ ပြော​လာရင် မသွား​ကြ​နဲ့။ ‘ယေရှု အခန်း​ထဲ​မှာ ရှိ​တယ်’ လို့ ပြော​လာရင်​လည်း မယုံ​ကြ​နဲ့။+ ၂၇  အရှေ့​အရပ်​မှာ လျှပ်​စီး​လက်​ရင် အနောက်​အရပ်​အထိ လင်း​လက်​သွား​သလို လူ​သား ရောက်​ရှိ​နေ​ချိန်မှာ ဖြစ်​လိမ့်​မယ်။+ ၂၈  အသေကောင် ရှိ​တဲ့​နေ​ရာ​မှာ လင်း​ယုန်​ငှက်​တွေ စု​ဝေး​လိမ့်​မယ်။+ ၂၉  “အဲဒီ​ဒုက္ခ​ကာလ ကျ​ရောက်​ပြီး​တာ​နဲ့ နေ​ဟာ မှောင်​မိုက်​သွား​မယ်။+ လ​က အလင်း​ရောင်​ပေး​မှာ မဟုတ်​ဘူး။ ကြယ်​တွေ ကောင်းကင်​က​နေ ကြွေ​ကျ​လိမ့်​မယ်။ ကောင်းကင်​တန်ခိုး​တွေ တုန်​လှုပ်​ကြ​လိမ့်​မယ်။+ ၃၀  အဲဒီ​အခါ လူသား လာ​ပြီဆို​တဲ့ ထူး​ခြား​တဲ့ လက္ခ​ဏာတွေ ကောင်း​ကင်​မှာ ထင်​ရှား​လိမ့်​မယ်။ ကမ္ဘာ​ပေါ်​မှာ​ရှိ​တဲ့ လူမျိုး​အားလုံး ရင်​ဘတ် ထု​ပြီး ငို​ကြွေး​ကြ​လိမ့်​မယ်။+ လူ​သား​ဟာ+ မိုး​တိမ်​ခြံ​ရံ​ပြီး မဟာ​ဘုန်း​တန်ခိုး​နဲ့ လာ​တာ​ကို လူ​တွေ မြင်​ရ​ကြ​လိမ့်​မယ်။+ ၃၁  ခ​ရာ​သံ အကျယ်​ကြီး ထွက်​ပေါ်​လာ​လိမ့်​မယ်။ လူ​သား​က ကောင်းကင်​တမန်​တွေ​ကို စေ​လွှတ်​လိမ့်​မယ်။ သူတို့​က ရွေး​ချယ်​ခံ​ရ​သူ​တွေ​ကို ကောင်းကင် ဟို​ဘက်​စွန်း​က​နေ ဒီဘက်​စွန်း​အထိ အရပ်​လေး​မျက်​နှာ​က​နေ စုသိမ်း​လိမ့်​မယ်။+ ၃၂  “သဖန်း​ပင် ပုံ​ဥပမာ​က​နေ သင်​ယူ​ကြ​ပါ။ သဖန်း​ပင် အတက် ထွက်​ပြီး ရွက်​နု ပေါက်​လာရင် နွေရာ​သီ ရောက်​တော့​မယ်​ဆို​တာ ခင်​ဗျား​တို့ အသိ​ပဲ။+ ၃၃  အလား​တူ၊ ဒီ​အရာတွေ​အားလုံး​ကို ခင်​ဗျား​တို့ မြင်​ရရင် လူ​သား​ဟာ တံခါး​ဝ​နား ရောက်​နေ​ပြီဆို​တာ သိ​မှတ်​ကြ​ပါ။+ ၃၄  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ဒါ​တွေ​အားလုံး မဖြစ်​ခင် ဒီ​လူမျိုး​ဆက်​ဟာ* လုံး​ဝ ကွယ်​ပျောက်​မှာ မဟုတ်​ဘူး။ ၃၅  ကောင်း​ကင်​နဲ့ မြေကြီး ကွယ်​ပျောက်​လိမ့်​မယ်။ ဒါ​ပေမဲ့ ကျွန်​တော့်​စကား​တွေ ဘယ်​တော့​မှ ကွယ်​ပျောက်​မှာ မဟုတ်​ဘူး။+ ၃၆  “အဲဒီ​နေ့၊ အဲဒီ​အချိန်​ကို ဘယ်​သူ​မှ မသိ​ဘူး။+ ကောင်းကင်​တမန်​တွေ​လည်း မသိ​ဘူး။ သား​ဖြစ်​သူ ကျွန်​တော်​လည်း မသိ​ဘူး။ အဖဘုရား​ပဲ သိ​တယ်။+ ၃၇  နောဧ​လက်​ထက်​မှာ ဖြစ်​သလို+ လူ​သား ရောက်​ရှိ​နေ​ချိန်​မှာ* ဖြစ်​လိမ့်​မယ်။+ ၃၈  ရေ​လွှမ်း​မိုး​ဘေး မတိုင်​ခင်​တုန်း​က လူ​တွေ​ဟာ နောဧ သင်္ဘော​ထဲ ဝင်​တဲ့​နေ့​အထိ စား​လိုက်၊ သောက်​လိုက်၊ ထိမ်း​မြား​ပေး​စား​လိုက် လုပ်​နေ​ကြ​တယ်။+ ၃၉  ရေ​လွှမ်း​မိုး​ဘေး ရောက်​ပြီး အားလုံး​ကို သုတ်​သင်​ပယ်​ရှင်း​လိုက်​ချိန်​အထိ သတိ​မဲ့​နေ​ကြ​တယ်။+ လူ​သား ရောက်​ရှိ​နေ​ချိန်​မှာ​လည်း အဲဒီ​လို​ပဲ ဖြစ်​လိမ့်​မယ်။ ၄၀  လယ်​မှာ ရှိ​နေ​သူ​နှစ်​ယောက်​အနက် တစ်​ယောက်​ကို ခေါ်​သွား​ပြီး တစ်​ယောက်​ကို​တော့ ထား​ခဲ့​လိမ့်​မယ်။ ၄၁  ကြိတ်​ဆုံ ကြိတ်​တဲ့ အမျိုး​သမီး​နှစ်​ယောက်​အနက် တစ်​ယောက်​ကို ခေါ်​သွား​ပြီး တစ်​ယောက်​ကိုတော့ ထား​ခဲ့​လိမ့်​မယ်။+ ၄၂  ဒါ​ကြောင့် သခင် ဘယ်​နေ့ လာ​မယ်​ဆို​တာ ခင်​ဗျား​တို့ မသိ​တဲ့​အတွက် သတိ​နဲ့ စောင့်​နေ​ကြ​ပါ။+ ၄၃  “တစ်​ခု​တော့ သိ​ထား​ပါ– အိမ်​ရှင်​က သူ​ခိုး လာ​မယ့်​အချိန်​ကို သိ​ရင်+ အိမ်​ဖောက်​ထွင်း​မခံ​ရ​အောင် မအိပ်​ဘဲ စောင့်​နေ​မှာ​ပဲ။+ ၄၄  ဒါ​ကြောင့် ခင်​ဗျား​တို့​လည်း အသင့်​ရှိ​နေ​ကြ​ပါ။+ လူ​သား​ဟာ ခင်​ဗျား​တို့ မထင်​မှတ်​တဲ့​အချိန်​မှာ လာ​လိမ့်​မယ်။ ၄၅  “သစ္စာ​နဲ့ သတိ​ပညာ​ရှိ​တဲ့ ကျွန်​ဟာ တ​ကယ်​တော့ ဘယ်​သူ​လဲ။ အိမ်​သူ​အိမ်​သား​တွေ​ကို အချိန်​တန်​ရင် အစား​အစာ ဝေ​ပေး​ဖို့ သူ့​ကို သခင် ခန့်​အပ်​ထား​တယ်။+ ၄၆  သခင် ပြန်​လာ​တဲ့​အခါ အဲဒီ​အတိုင်း လုပ်​နေ​တဲ့ ကျွန်​ကို တွေ့​ရင် အဲဒီ​ကျွန်​ဟာ ပျော်​ရွှင်​ချမ်း​မြေ့​လိမ့်​မယ်။+ ၄၇  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ သခင်​က မိမိ ပိုင်​ဆိုင်​သမျှ​ကို အဲဒီ​ကျွန်​ဆီ အပ်​လိမ့်​မယ်။ ၄၈  “တ​ကယ်​လို့ ကျွန်​ဆိုး​က ‘ငါ့​သခင် ကြာ​လိုက်​တာ’+ လို့ တွေး​ပြီး၊ ၄၉  လုပ်​ဖော်​ဆောင်​ဖက် ကျွန်​တွေ​ကို ရိုက်​နှက်​မယ်၊ သောက်​ကြူး​သူ​တွေ​နဲ့ သောက်​စား​နေ​မယ် ဆို​ပါ​စို့။ ၅၀  သူ မျှော်​လင့်​မထား​တဲ့​နေ့၊ ထင်​မထား​တဲ့​အချိန်​မှာ သခင် ရောက်​လာ​လိမ့်​မယ်။+ ၅၁  သူ့​ကို အပြင်း​အထန် ဒဏ်​စီ​ရင်​ပြီး သူ​တော်​ကောင်း ယောင်​ဆောင်​သူ​တွေ ရှိ​တဲ့​နေ​ရာ​ဆီ ပို့​ထား​လိမ့်​မယ်။ အဲဒီ​မှာ သူ ငို​ကြွေး​ပြီး အံ​ကြိတ်​နေ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ် “ရောက်​ရှိ​နေ​ခြင်း” ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “သား​ဖွား​ဝေ​ဒ​နာ။”
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ် “ရောက်​ရှိ​နေ​ခြင်း” ကို​ကြည့်။