ဟီဘရူး ၁၀:၁-၃၉

  • ပူ​ဇော်​သက္ကာတွေ မထိ​ရောက် (၁-၄)

    • ပညတ်​တ​ရား​ဟာ အရိပ် ()

  • တစ်​ကြိမ်​တည်း​အပြီး ပူ​ဇော်​လိုက်​တဲ့ ခ​ရစ်​တော်ရဲ့​ပူ​ဇော်​သက္ကာ (၅-၁၈)

  • အသက်​ရှင်​ခြင်း​ဆီ ပို့​ဆောင်​တဲ့ လမ်း​သစ် (၁၉-၂၅)

    • အတူ​စည်း​ဝေး​တာ​ကို လျစ်​လျူ​မရှု​ကြ​ပါနဲ့ (၂၄၊ ၂၅)

  • စိတ်​လို​ကိုယ်​လျောက်​အပြစ်​မပြု​ဖို့ သတိပေး (၂၆-၃၁)

  • ခံ​နိုင်​ရည်​ရှိ​ဖို့ ယုံ​ကြည်​ခြင်း​နဲ့ စိတ်​ချ​မှု​လိုအပ် (၃၂-၃၉)

၁၀  ပညတ်​တ​ရား​ဟာ နောင်​လာ​မယ့်+ ကောင်းမြတ်​တဲ့​အရာတွေရဲ့ အရိပ်​ပဲ။+ ကောင်းမြတ်​တဲ့​အရာ ကိုယ်​နှိုက်​တော့ မဟုတ်​ဘူး။ ပညတ်​တ​ရား​နဲ့* နှစ်​စဉ်​နှစ်​တိုင်း အထပ်​ထပ် ပူဇော်​ရ​တဲ့ အလှူ​တွေ​က ဘု​ရား​သခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​သူ​တွေ​ကို ပြည့်​ဝ​စုံ​လင်​တဲ့​အဖြစ်​ဆီ ဘယ်​တော့​မှ မရောက်​စေ​နိုင်​ဘူး။+ ၂  ပြည့်​ဝ​စုံ​လင်​စေ​နိုင်​တယ်​ဆို​ရင်  ပူ​ဇော်​သူ​တွေ​က​* တစ်ကြိမ်​တည်း​အပြီး​ စင်​ကြယ်​သွား​ပြီး​ အပြစ်​ရှိ​တယ်​လို့​ မခံ​စား​ရ​တော့​တဲ့​အတွက်​ ပူဇော်​သက္ကာ​တွေ​ ဆက်​သ​နေ​စ​ရာ​ မလို​တော့​ဘူး။ ၃  တကယ်​တော့  အဲ​ဒီ​ပူ​ဇော်​သက္ကာတွေ​က အပြစ်​တွေ​ကို နှစ်​စဉ် ပြန်​သတိ​ရစေတယ်။+ ၄  နွား​သွေး၊ ဆိတ်​သွေး​ဟာ  အပြစ်​တွေ​ကို  မဖယ်​ရှား​ပေး​နိုင်ဘူး။ ၅  ဒါ​ကြောင့် ခ​ရစ်​တော်​က ဒီ​လော​က​ကို​လာ​တဲ့​အခါ  “‘ကိုယ်​တော်​က ပူဇော်​သက္ကာတွေ၊ အလှူ​တွေ​ကို မလို​ချင်​ဘူး။ ဒါ​ပေမဲ့ ကျွန်​တော့်​အတွက် ကိုယ်​ခန္ဓာ​ကို  ပြင်​ဆင်​ထား​တယ်။ ၆  အ​ကုန်​အစင်  မီး​ရှို့​ရာ​အလှူ​တွေ၊ အပြစ်​ဖြေရာ​အလှူ​တွေ​ကို ကိုယ်​တော် မနှစ်​သက်​ဘူး’+  လို့​ပြော​ခဲ့​တယ်။ ၇  ပြီး​တော့ ‘ဘု​ရား​သခင်၊ (ကျမ်း​လိပ်​ထဲ​မှာ ကျွန်​တော့်​အကြောင်း ရေး​ထား​တဲ့​အတိုင်း) အလို​တော်​ဆောင်​ဖို့ ကျွန်​တော်  ရောက်​လာ​ပါ​ပြီ’”+  လို့​လည်း ပြော​ခဲ့​တယ်။ ၈  ပညတ်​တ​ရား​အရ ဆက်​သရ​တဲ့ “ပူ​ဇော်​သက္ကာတွေ၊ အလှူ​တွေ၊ အကုန်​အစင် မီး​ရှို့​ရာ​အလှူ​တွေ၊ အပြစ်​ဖြေရာ​အလှူ​တွေ​ကို ကိုယ်​တော် မလို​ချင်​ဘူး၊  မနှစ်​သက်​ဘူး”  လို့ အရင်​ဆုံး  ပြော​ပြီး​မှ၊ ၉  “အလို​တော်​ဆောင်​ဖို့ ကျွန်​တော် ရောက်​လာ​ပါ​ပြီ”+ လို့ ပြော​ခဲ့​တယ်။ ဒုတိ​ယ​အစီ​အစဉ်​ကို အတည်​ဖြစ်​စေ​ဖို့ ပထ​မအစီ​အစဉ်​ကို သူ ပယ်​ဖျက်​လိုက်​တာ​ပဲ။ ၁၀  အဲ​ဒီ “အလို​တော်”+ အတိုင်း သူ့​ရဲ့​ကိုယ်​ခ​န္ဓာ​ကို တစ်​ကြိမ်​တည်း​အပြီး ပူ​ဇော်​လိုက်​တဲ့​အတွက် ကျွန်​တော်​တို့ သန့်​စင်​သွား​ပြီ။+ ၁၁  ဒါ့​အပြင်  ပု​ရော​ဟိတ်​တိုင်း​က နေ့​စဉ် မိမိ​နေ​ရာ​မှာ ရပ်​ပြီး ဘု​ရား​သ​ခင်​အတွက် အမှု​ဆောင်​ရ​တယ်၊+ ပူဇော်​သက္ကာတွေ​ကို​လည်း ကြိမ်​ဖန်​များ​စွာ ဆက်​သရ​တယ်။+ ဒါ​ပေမဲ့ အဲ​ဒီ​ပူ​ဇော်​သက္ကာတွေ​က အပြစ်​ကို အကုန်​အ​စင်​ မဖယ်​ရှား​ပေး​နိုင်​ဘူး။+ ၁၂  ခရစ်​တော်​က​တော့ အပြစ်​တွေ​ကို ထာ​ဝ​ရ ဖြေလွှတ်​ဖို့ ပူ​ဇော်​သက္ကာ​တစ်​ခု​တည်း​ကို ဆက်​သပြီး​မှ ဘု​ရား​သခင်​ရဲ့ ညာ​ဘက်​မှာ ထိုင်​တယ်။+ ၁၃  ရန်​သူ​တွေ​ကို မိမိ​ခြေ​အောက်​မှာ ဘု​ရား​သခင် ချ​ထား​မယ့်​အချိန်​အထိ  စောင့်​ဆိုင်း​နေ​တယ်။+ ၁၄  ခ​ရစ်​တော်  ဆက်​သ​လိုက်​တဲ့ ပူ​ဇော်​သက္ကာ​တစ်​ခု​တည်း​ကြောင့် သန့်​စင်​သွား​သူ​တွေ​ဟာ ထာ​ဝ​ရ ပြည့်​ဝ​စုံ​လင်​တဲ့​အဖြစ်​ကို ရောက်​သွား​ပြီ။+ ၁၅  သန့်​ရှင်း​သော စွမ်း​အား​တော်​က​လည်း အဲ​ဒီ​အချက် မှန်​တယ်​ဆို​တာ ကျွန်​တော်​တို့​ကို သက်​သေခံ​တယ်။ ၁၆  “‘အဲ​ဒီ​နောက်​ပိုင်း​မှာ ဒီ​ပဋိ​ညာဉ်​ကို သူ​တို့​နဲ့ ငါ​ဖွဲ့​မယ်’ လို့ ယေဟောဝါ* ပြော​တယ်။ ‘ငါ့​ပညတ်​တွေ​ကို သူ​တို့​ရဲ့ နှ​လုံး​သား​ထဲ သွင်း​ပေး​မယ်။ သူ​တို့​ရဲ့ စိတ်​ထဲ​မှာ ရေး​ထား​မယ်’”+ လို့​ပြော​တယ်။ ၁၇  အဲ​ဒီ​နောက် “သူ​တို့​ရဲ့ အပြစ်​တွေ၊ ဒု​စ​ရိုက်​တွေ​အကြောင်း ငါ ပြန်​မစဉ်း​စား​တော့​ဘူး”  လို့  ပြော​ခဲ့​တယ်။+ ၁၈  အပြစ်​တွေ​ကို ခွင့်​လွှတ်​လိုက်​ပြီဆို​ရင် အပြစ်​ဖြေရာ​အလှူ​တွေ ဆက်​သနေ​စ​ရာ မလို​တော့​ဘူး။ ၁၉  ဒါ​ကြောင့် ညီ​အစ်​ကို​တို့၊ ယေရှု​ရဲ့​သွေး​ကြောင့်  ကျွန်​တော်​တို့​ဟာ​အ​သန့်​ရှင်း​ဆုံး​အခန်း​ကို သွား​မယ့်​လမ်း​ထဲ ယုံ​ကြည်​စိတ်​ချ​မှု​အပြည့်​နဲ့ ဝင်​နိုင်​ကြ​ပြီ။+ ၂၀  ကန့်​လန့်​ကာ​ကို​ ဖြတ်​ပြီး​သွား​ရ​မယ့်  အသက်​ရှင်​ခြင်း​ဆီ ပို့ဆောင်​တဲ့ လမ်း​သစ်​ကို ကျွန်​တော်​တို့​အ​တွက်  ယေရှု ဖွင့်​ပေး​ခဲ့​တယ်။+ အဲ​ဒီ​ကန့်​လန့်​ကာ​က​တော့  သူ့​ရဲ့​ကိုယ်​ခန္ဓာ​ပဲ။ ၂၁  ဒါ့​အပြင် ကျွန်​တော်​တို့​ဆီ​မှာ ဘု​ရား​သခင်​ရဲ့ အိမ်​တော်​ကို အုပ်​ချုပ်​တဲ့ မဟာ​ပု​ရော​ဟိတ် ရှိ​နေ​တယ်။+ ၂၂  ဒါ​ကြောင့် စိတ်​ရင်း​မှန်​နဲ့၊ ခိုင်​မာ​တဲ့​ယုံ​ကြည်​ခြင်း​နဲ့ ဘု​ရား​သခင်​ကို ဝတ်​ပြု​ကြ​စို့။ ဆိုး​ညစ်​တဲ့ အမှား​အမှန်​သိ​စိတ် မရှိ​အောင် ကျွန်​တော်​တို့​ရဲ့ စိတ်​နှ​လုံး​ကို သန့်​စင်​ထား​ပြီး*+ ကိုယ်​ခ​န္ဓာ​ကို​လည်း သန့်​ရှင်း​တဲ့​ရေ​နဲ့ ဆေး​ကြော​ထား​ပြီး​ပြီပဲ။+ ၂၃  က​တိ​ပေး​ထား​တဲ့ အရှင်​ဟာ သစ္စာ​ရှိ​တဲ့​အတွက် ကိုယ့်​မျှော်​လင့်​ချက်​အကြောင်း ယိမ်း​ယိုင်​ခြင်း​မရှိ​ဘဲ လူ​သိ​ရှင်​ကြား ဇွဲရှိရှိ​ ​ကြေ​ညာ​ကြ​စို့။+ ၂၄  မေတ္တာ​စိတ်​ရှိ​စေ​ဖို့၊ အကျင့်​ကောင်း​တွေ ကျင့်​စေ​ဖို့ တိုက်​တွန်း​အား​ပေး​ပြီး အချင်း​ချင်း ထောက်​ထား​စာ​နာ​ကြ​စို့။*+ ၂၅  လူ​တ​ချို့​မှာ အတူ​တ​ကွ စည်း​ဝေး​တာ​ကို လျစ်​လျူ​ရှု​တဲ့​ထုံး​စံ ရှိ​နေ​တယ်။ ခင်​ဗျား​တို့​က​တော့ အတူ​တ​ကွ စည်း​ဝေး​တာ​ကို လျစ်​လျူ​မရှု​ကြ​ပါ​နဲ့။+ အချင်း​ချင်း အား​ပေး​ကြ​ပါ။+ ဘု​ရား​သခင်​ရဲ့​နေ့​ရက် နီး​လာ​တာ​ကို သိ​နေ​တဲ့​အတွက် ပို​ကြိုး​စား​အား​ထုတ်​ကြ​ပါ။+ ၂၆  အမှန်​တ​ရား​အကြောင်း တိ​ကျ​မှန်​ကန်​စွာ သိ​ပြီး​တဲ့​နောက် စိတ်​လို​ကိုယ်​လျောက် အပြစ်​ပြု​ကျင့်​နေ​မယ်​ဆို​ရင်+ အပြစ်​ဖြေရာ​အလှူ နောက်​ထပ်​ရှိ​တော့​မှာ မဟုတ်​ဘူး။+ ၂၇  တ​ရား​စီ​ရင်​ခံ​ရ​မှာ ကြောက်​တဲ့​စိတ်​နဲ့ စောင့်​မျှော်​နေ​ဖို့​ပဲ ရှိ​တော့​တယ်။ ဆန့်​ကျင်​သူ​တွေ​ကို လောင်​ကျွမ်း​မယ့် အမျက်​တော်​မီးပဲ  ရှိ​တော့​တယ်။+ ၂၈  မော​ရှေ​ပညတ်​ကို အရေး​မစိုက်​တဲ့​သူ​ကို သက်​သေနှစ်​ယောက်၊ သုံး​ယောက်​ရဲ့ ထွက်​ဆို​ချက်​ရှိ​ရင် မသနား​ဘဲ သေဒဏ်​ပေး​ရ​တယ်။+ ၂၉  ဘု​ရား​သခင်​ရဲ့​သား​ကို ခြေ​နဲ့​နင်း​တဲ့​သူ၊ မိမိ​ကို သန့်​စင်​စေ​တဲ့ ပဋိ​ညာဉ်​နဲ့​ဆိုင်​တဲ့​သွေး​ကို တန်​ဖိုး​မထား​သူ၊+  မဟာ​က​ရု​ဏာ​ပြတဲ့  ဘုရား​သခင်​ရဲ့ စွမ်း​အား​တော်​ကို မထီ​မဲ့​မြင်​ပြု​သူ​ဆို​ရင် ပို​ပြင်း​ထန်​တဲ့ ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို  ခံ​ထိုက်​တယ်  မဟုတ်​လား။+ ၃၀  “လက်​စား​ချေ​တာ ငါ့​ကိစ္စ​ပါ။ မတ​ရား​မှု​အတွက် ငါ​လက်​တုံ့​ပြန်​ပေး​မှာ​ပါ” လို့ ဘု​ရား​သခင် ပြော​ထား​တယ် မဟုတ်​လား။ “ယေဟောဝါ​က* လူ​မျိုး​တော်​ကို တ​ရား​စီ​ရင်​မယ်”+ လို့​လည်း ကျမ်း​စာ​မှာ ရေး​ထား​တယ်။ ၃၁  အသက်​ရှင်​တဲ့ ဘု​ရား​သခင်​ဆီ​က ပြစ်​ဒဏ်​ကို ခံ​ရ​တာ​ဟာ သိပ်​ကြောက်​စ​ရာ ကောင်း​တယ်။ ၃၂  အရင်​အချိန်​တွေ​ကို သတိ​ရ​နေ​ကြ​ပါ။  အဲ​ဒီ​တုန်း​က  ခင်​ဗျား​တို့​ဟာ အလင်း​ထဲ​ရောက်​လာ​ပြီး​နောက်+ ဆင်းရဲ​ဝေ​ဒ​နာ​တွေ ခံ​ရပ်​ပြီး အကြီး​အကျယ် တိုက်​လှန်​ခဲ့ရ​တယ်။ ၃၃  တစ်​ခါ​တစ်​ရံ၊ လူ​ရှေ့​သူ​ရှေ့​မှာ* ကဲ့ရဲ့​ရှုတ်​ချ​ခံ​ခဲ့ရ​တဲ့​အပြင် နှိပ်​စက်​ညှဉ်း​ဆဲ​တာ​ကို​လည်း ခံခဲ့ရ​တယ်။ တစ်​ခါ​တစ်ရံ၊  အဲ​ဒီ​လို​ကြုံ​နေ​ရ​တဲ့​သူ​တွေ​နဲ့​အတူ  ဒုက္ခတွေ​ကို မျှဝေ​ခံ​စား​ခဲ့​တယ်။ ၃၄  အကျဉ်း​ကျ​နေ​တဲ့  ညီ​အစ်​ကို​တွေ​ကို စာ​နာ​မှု​ပြ​တယ်။ ကိုယ့်​ရဲ့​ပိုင်​ဆိုင်​ရာတွေ လု​ယက်​ခံ​ရ​တာ​ကို ဝမ်း​မြောက်​တဲ့​စိတ်​နဲ့  သည်း​ခံ​ကြ​တယ်။+ ဘာ​လို့​လဲ​ဆို​တော့ ပို​ပြီး​သာ​လွန်​မြဲမြံ​တဲ့ အမွေ​ကို ပိုင်​ဆိုင်​ထား​မှန်း ခင်​ဗျား​တို့ သိ​နေ​လို့​ပဲ။+ ၃၅  ဒါ​ကြောင့်  ရဲရဲ​ဝံ့​ဝံ့​ပြော​ဆို​ခွင့်​ကို* လက်​လွှတ်​မခံ​လိုက်​ပါ​နဲ့။ အဲ​ဒါ​က  ဆု​ကျေး​ဇူး​များ​စွာ ရ​ရှိ​စေ​လို့​ပါ။+ ၃၆  ဘု​ရား​သခင်​ရဲ့  အလို​တော်​ကို ဆောင်​ရွက်​ပြီး​နောက်  က​တိ​တော်တွေ​ကို ရ​ရှိ​ခံ​စား​နိုင်​ဖို့​ဆို​ရင် ခံ​နိုင်​ရည်​ရှိဖို့ လို​တယ်။+ ၃၇  ဘာ​လို့​လဲ​ဆို​တော့ “သိပ်​မကြာ​ခင်​မှာ”+ “ကြွ​လာ​တဲ့​အရှင် ရောက်​တော့​မယ်။ နှောင့်​နှေး​မှာ မဟုတ်​ဘူး။”+ ၃၈  “ဖြောင့်​မတ်​သူ​ဟာ ယုံ​ကြည်​ခြင်း​ကြောင့်  အသက်​ရှင်​လိမ့်​မယ်။”+ “နောက်​ဆုတ်​မယ်​ဆို​ရင် သူ့​ကို ငါ နှစ်​သက်​မှာ မဟုတ်​ဘူး”+ လို့​ပြော​ထား​လို့​ပဲ။ ၃၉  ကျွန်​တော်​တို့​က​တော့  နောက်​ဆုတ်​သွား​တဲ့​အ​တွက် ဖျက်​ဆီး​ခံ​လိုက်​ရ​မယ့် လူ​စား​မျိုး မဟုတ်​ဘူး။+ ယုံ​ကြည်​ခြင်း​ရှိ​တဲ့​အတွက် အသက်ဆက်​ရှင်​မယ့် လူ​စား​မျိုး​ဖြစ်​တယ်။

အောက်ခြေမှတ်ချက်များ

“လူ​တွေ​နဲ့” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “ဘု​ရား​သခင်​အတွက် အမှု​ဆောင်​တဲ့​သူ​တွေ​က။”
မူ​ရင်း၊ “ဖျန်း​ထား​ပြီး။” ယေရှု​ရဲ့​သွေး​နဲ့ ဖျန်း​တာ​ကို ဆို​လို။
ဒါ​မှ​မဟုတ်၊ “ဂရု​စိုက်​ကြ​စို့။”
မူ​ရင်း၊ “ဇာတ်​ရုံ​ထဲ​မှာ။”
ခက်​ဆစ်​ကို​ကြည့်။