မာတိကာဆီ ကျော်သွား

မိဘတွေ ကွာရှင်းကြတော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ

မိဘတွေ ကွာရှင်းကြတော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ

သင်လုပ်ဆောင်နိုင်ရာ

 သင်စိတ်ပူတဲ့အရာကို သူတို့နဲ့ ဆွေးနွေးပါ။ သင်ဘယ်လောက် ဝမ်းနည်းကြောင်း ဒါမှမဟုတ် ဘယ်လောက် စိတ်ညစ်ရကြောင်း သင့်မိဘ သိပါစေ။ အဲဒီအခါ သင့် စိုးရိမ်ပူပန်မှု လျော့နည်းသွားစေဖို့ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ သူတို့ သင့်ကို ရှင်းပြချင်ရှင်းပြပါလိမ့်မယ်။

 သင်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်မမှုကို သင့်မိဘတွေ မပေးနိုင်ရင် ရင့်ကျက်တဲ့ မိတ်ဆွေတစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြနိုင်တယ်။—သုတ္တံ ၁၇:၁၇

 အထူးသဖြင့်၊ “ဆုတောင်းပတ္ထနာများကို နားညောင်း” တဲ့အရှင် ကောင်းကင်ဖခင်ကို ပြောပြနိုင်တယ်။ (ဆာလံ ၆၅:၂) ‘ကိုယ်တော်က သင့်ကို ဂရုစိုက်’ တဲ့အတွက် သင့်စိတ်ထဲရှိသမျှ ပြောပြပါ။—၁ ပေတရု ၅:၇

မလုပ်ရမယ့်အရာ

သင့်မိဘတွေ ကွာရှင်းတာကို ရင်ဆိုင်ကျော်လွှားရတာက ကျိုးသွားတဲ့လက် ပြန်သက်သာလာတာနဲ့တူ၊ နာတော့နာမှာ ဖြစ်ပေမဲ့ နောက်ဆုံး ပျောက်ကင်းသွားပါလိမ့်မယ်

 မကျေမနပ်စိတ်တွေကို ရှိနေခွင့်မပြုပါနဲ့။ “ကျွန်တော့်မိဘတွေက တကယ် တစ်ကိုယ်ကောင်းဆန်ကြတယ်။ ကျွန်တော်တို့အတွက် ထည့်မစဉ်းစားပေးကြဘူး။ သူတို့လုပ်ရပ်က ကျွန်တော်တို့ကို ဘယ်လောက် ထိခိုက်သလဲဆိုတာ ထည့်မစဉ်းစားပေးကြဘူး” လို့ ဒန်နီယယ်လ်က ပြောတယ်။

 ဒေါသတွေ၊ မကျေနပ်ချက်တွေ ဆက်ရှိနေမယ်ဆိုရင် ဒန်နီယယ်လ် ဘာဆိုးကျိုးတွေ ခံစားရနိုင်မလဲ။—သဲလွန်စ– သုတ္တံ ၂၉: ၂၂ ကိုဖတ်ပါ။

 ထိခိုက်နာကျင်အောင် မိဘတွေ လုပ်ခဲ့တာတွေကို ခွင့်လွှတ်လိုက်တာက ဒန်နီယယ်လ်အတွက် ဘာကြောင့် ကောင်းသလဲ။—သဲလွန်စ– ဧဖက် ၄:၃၁၊ ၃၂ ကိုဖတ်ပါ။

 ကိုယ့်ကိုယ်ကိုယ် ထိခိုက်ပျက်စီးစေမယ့် အပြုအမူတွေ မလုပ်ပါနဲ့။ “မိဘတွေ ကွာရှင်းသွားကြတဲ့နောက်ပိုင်း ကျွန်တော် တော်တော် စိတ်ညစ်သွားတယ်၊ မပျော်နိုင်တော့ဘူး။ ကျောင်းမှာ ပြဿနာတွေ စတက်လာတယ်။ စာမေးပွဲ တစ်နှစ်ကျတယ်။ အဲဒီနောက်မှာတော့ . . . အတန်းထဲက လူပြက်၊ ခဏခဏ ရန်ဖြစ်တဲ့ လူမိုက် ဖြစ်လာတယ်” လို့ ဒန်နီ ပြန်ပြောပြတယ်။

 အဲဒီလို အတန်းထဲက လူပြက်၊ ခဏခဏ ရန်ဖြစ်တဲ့ လူမိုက် ဖြစ်လာတာက ဒန်နီအတွက် ဘာအကျိုးရှိမယ်လို့ သင်ထင်သလဲ။

 ကိုယ့်ကိုယ်ကိုယ် ထိခိုက်ပျက်စီးစေမယ့် အပြုအမူတွေ မလုပ်ဖို့ ဒန်နီလိုလူတွေကို ဂလာတိ ၆:၇ မှာပါတဲ့ ကျမ်းစာမူက ဘယ်လို ကူညီပေးနိုင်မလဲ။

 စိတ်ဒဏ်ရာကို ကုစားဖို့ အချိန်လိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်း သင့်ဘဝက တစ်မျိုးတစ်မည် အသားကျသွားတဲ့အခါ သင့်ခံစားချက်တွေလည်း ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။