မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံရတာ ဘုရားသခင်ကြောင့်လား။

ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံရတာ ဘုရားသခင်ကြောင့်လား။

သမ္မာကျမ်းစာဖြေဆိုရာ

 မဟုတ်ဘူးလို့ သမ္မာကျမ်းစာက ပြတ်ပြတ်သားသားဖြေဆိုပါတယ်။ ဆင်းရဲဒုက္ခဆိုတာ လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ထဲမှာ မပါဘူး။ ဒါပေမဲ့ ပထမဆုံးလူသားမောင်နှံက ဘုရားသခင်ရဲ့ အုပ်ချုပ်မှုကို ပုန်ကန်ခဲ့တယ်။ အကောင်း၊ အဆိုးနဲ့ပတ်သက်ပြီး သူတို့ဘာသာသူတို့ စံနှုန်းချမှတ်ဖို့ ရွေးချယ်ခဲ့တယ်။ သူတို့က ဘုရားသခင်ဆီကနေ လှည့်ထွက်သွားတဲ့အတွက် ဆင်းရဲဒုက္ခဆိုတဲ့ အကျိုးဆက်ကို ခံစားခဲ့ရတယ်။

 သူတို့ရဲ့ မှားယွင်းတဲ့ရွေးချယ်မှု အကျိုးဆက်ကို ဒီနေ့ ကျွန်ုပ်တို့ ခံစားနေရတာဖြစ်တယ်။ ဒါပေမဲ့ လူသားတွေရဲ့ ဆင်းရဲဒုက္ခက ဘုရားသခင်ဆီကအရင်းခံတာ လုံးဝမဟုတ်ဘူး။

 သမ္မာကျမ်းစာက ခုလိုပြောတယ်– “စမ်းသပ်ခံရသောအခါ ‘ငါ့ကို ဘုရားသခင် စမ်းသပ်သည်’ ဟုမည်သူမျှမဆိုစေနှင့်။ အကြောင်းမူကား မကောင်းသောအမှုများဖြင့် ဘုရားသခင်ကို မစမ်းသပ်နိုင်သကဲ့သို့ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ စမ်းသပ်တော်မမူ။” (ယာကုပ် ၁:၁၃) လူတိုင်း ဆင်းရဲဒုက္ခ ကြုံရနိုင်တယ်။ ဘုရားသခင့်မျက်နှာသာရသူတွေတောင် ကြုံရနိုင်တယ်။