ဆာလံ ၆၅:၁-၁၃

  • ကမ္ဘာ​မြေကို ဘုရား​သခင် ဂရု​စိုက်

    • “ဆုတောင်း​သံ​ကို နား​ထောင်​တဲ့​အရှင်” ()

    • ‘ကိုယ်​တော် ရွေး​ချယ်​ထား​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့’ ()

    • ကောင်းမြတ်​ခြင်း​ကျေး​ဇူး အလျှံ​ပယ် (၁၁)

ဂီ​တ​မှူး​သို့။ ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၆၅  အို ဘု​ရား​သခင်၊ ဇိ​အုန်​မှာ+ ချီးမွမ်း​ခြင်း​က ကိုယ်​တော့်​ကို စောင့်​ကြို​နေ​တယ်။ သစ္စာ​ကတိ​ပြု​ထား​တဲ့​အတိုင်း ကျွန်​တော်​တို့ လုပ်​ဆောင်​ပါ့​မယ်။+ ၂  ဆုတောင်း​သံ​ကို နား​ထောင်​တဲ့​အရှင်၊ ကိုယ်​တော့်​ဆီ​ကို လူ​အမျိုး​မျိုး လာ​ကြ​ပါ​လိမ့်​မယ်။+ ၃  အမှား​တွေ​က ကျွန်​တော့်​ကို လွှမ်း​မိုး​ထား​တယ်။+ ဒါ​ပေမဲ့ ကျွန်​တော်​တို့​ရဲ့ ပြစ်​မှား​မှု​တွေ​ကို ကိုယ်​တော် ဖုံး​အုပ်​ပေး​တယ်။+ ၄  တံတိုင်း​တော်​ထဲ​မှာ​နေ​ဖို့ ကိုယ်​တော်​ရွေး​ချယ်​ပြီး ဖိတ်​ခေါ်​ထား​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+ အိမ်​တော်​ဖြစ်​တဲ့ သန့်​ရှင်း​တဲ့​ဗိမာန်​တော်​မှာ+ ခံစား​ရ​တဲ့ ကောင်းမြတ်​ခြင်း​ကြောင့်ကျွန်​တော်​တို့ ကျေ​နပ်​ရ​လိမ့်​မယ်။+ ၅  အို ကယ်​တင်​ရှင် ဘု​ရား​သခင်၊ဖြောင့်​မတ်​ခြင်း​နဲ့​အညီ လုပ်​ဆောင်​တဲ့ အံ့​မခန်း​ဖွယ် လုပ်​ရပ်တွေ​နဲ့+ ကျွန်​တော်​တို့​ကို ကိုယ်​တော် အဖြေပေး​ပါ​လိမ့်​မယ်။ ကိုယ်​တော်​ဟာ မြေတစ်​ပြင်​လုံး​နဲ့ ပင်လယ်​တစ်​ပြင်​လုံး​မှာ နေ​ထိုင်​သူ​တွေရဲ့ ယုံ​ကြည်​အား​ထား​ရာပါ။+ ၆  ကိုယ်​တော်​က တောင်​တန်း​တွေ​ကို တန်ခိုး​နဲ့ အခိုင်​အမာ​တည်​စေ​တယ်။ ခွန်​အား​ကို ဝတ်​ဆင်​ထား​တယ်။+  ၇  ဟုန်း​ဟုန်း​မြည်​တဲ့ ပင်လယ်​တွေ၊ ရိုက်​ခတ်​နေ​တဲ့ လှိုင်း​လုံး​တွေ၊+ လူမျိုး​တွေရဲ့ ဆူ​ပူ​အုံ​ကြွ​မှု​တွေ​ကို ငြိမ်သက်​စေ​တယ်။+ ၈  ဝေး​ခေါင်​တဲ့​ဒေ​သမှာ နေ​ထိုင်​သူ​တွေ​က ကိုယ်​တော်ရဲ့ အံ့​ဖွယ်​အမှု​တွေ​ကြောင့် မှင်​တက်​သွား​လိမ့်​မယ်။+ ကိုယ်​တော်​က နေ​ထွက်​ရာ​အရပ်​က​နေ နေ​ဝင်​ရာ​အရပ်​အထိ နေ​ထိုင်​သူ​အားလုံး​ကို ရွှင်​လန်း​စွာ သီချင်း​ဆို​စေ​လိမ့်​မယ်။ ၉  ဘု​ရား​သခင်​က ကမ္ဘာ​မြေကို ဂရု​စိုက်​တယ်။ မြေဆီ​မြေနှစ်​တွေ ပြည့်​စေ​ပြီး အကြီး​အကျယ် သီး​ပွင့်​ဖြစ်​ထွန်း​စေ​တယ်။+ မြစ်​ချောင်း​ကို ရေတွေ​ပြည့်​စေ​တယ်။ လူ​တွေ​အတွက် ကောက်​နှံ​တွေ ပေါက်​စေ​တယ်။+ ကမ္ဘာ​မြေကို အဲဒီ​လို​ပြင်​ဆင်​ထား​တယ်။ ၁၀  ထယ်​ကြောင်း​တွေ​ကို စို​စွတ်​စေ​တယ်၊ ထယ်​ထိုး​ထား​တဲ့ မြေကို ညီ​ညာ​စေ​တယ်။ မိုး​ရွာ​ပြီး မြေကို ပျော့​ပျောင်း​စေ​တယ်၊ ပေါက်​လာ​တဲ့ အပင်​တွေ​ကို ကောင်း​ချီး​ပေး​တယ်။+ ၁၁  တစ်​နှစ်​တာ​လုံး​ကို ကောင်းမြတ်​ခြင်း​သရ​ဖူ ဆောင်း​ပေး​တယ်။ ကိုယ်​တော်​သွား​တဲ့ လမ်း​ကြောင်း​မှာ ပေါ​များ​ကြွယ်​ဝ​မှု​တွေ လျှံ​ကျ​နေ​တယ်။+ ၁၂  တော​ကန္တာရ​မှာ​ရှိ​တဲ့ စား​ကျက်​မြေတွေ စိမ်း​စို​နေ​တယ်။+ တောင်​ကုန်း​တွေ​လည်း ရွှင်​လန်း​ခြင်း​ကို ဝတ်​ဆင်​ထား​တယ်။+ ၁၃  စား​ကျက်​မြေတွေ​မှာ သိုး​အုပ်​တွေ ပြည့်​နေ​တယ်။ ချိုင့်​ဝှမ်း​တွေ​မှာ ကောက်​နှံ​ပင်​တွေ ဖုံး​လွှမ်း​နေ​တယ်။+ သူတို့ အောင်​သံ​လွှင့်​ပြီး တေး​သီ​နေ​တယ်။+

အောက်ခြေမှတ်ချက်များ