ဆာလံ ၈၆:၁-၁၇

  • ယေဟောဝါ​လို ဘုရား​မျိုး မရှိ

    • ယေဟောဝါ​ဟာ ခွင့်​လွှတ်​ဖို့ အသင့်​ရှိ ()

    • လူမျိုး​အားလုံး ယေဟောဝါ​ကို ကိုး​ကွယ် ()

    • “ကိုယ်​တော့်​လမ်း​စဉ်​အကြောင်း သွန်သင်​ပေးပါ” (၁၁)

    • “စိတ်​ကို​စု​စည်း​ပေး​ပါ” (၁၁)

ဒါဝိဒ်ရဲ့ ဆုတောင်း​ချက်။ ၈၆  အို ယေဟောဝါ၊ ကျွန်​တော် ဆင်း​ရဲ​ဒုက္ခရောက်လို့ဆုတောင်း​နေ​တာ​ကို နား​စွင့်​ပြီး ပြန်​ဖြေလှည့်​ပါ။+ ၂  ကျွန်​တော် သစ္စာ​စောင့်​သိ​တဲ့​အတွက် အသက်​ကို စောင့်​ရှောက်​ပေး​ပါ။+ ကိုယ်​တော့်​ကို ယုံ​ကြည်​ကိုး​စား​တဲ့ ကျွန်​တော်​မျိုး​ကို ကယ်​တင်​ပေး​ပါ။ ကိုယ်​တော်​ဟာ ကျွန်​တော်ရဲ့ ဘုရား​သခင်​ပါ။+ ၃  ယေဟောဝါ​ဘု​ရား၊ မျက်​နှာ​သာ​ပေး​လှည့်​ပါ။+ ကိုယ်​တော့်​ကို တစ်​နေ့​လုံး ခေါ်​နေ​ပါ​တယ်။+ ၄  အို ယေဟောဝါ၊ ကျွန်​တော်​မျိုး​ကို ဝမ်း​မြောက်​စေ​ပါ။ ဆုတောင်း​အသနား​ခံ​ပါ​တယ်။ ၅  အို ယေဟောဝါ၊ ကိုယ်​တော်​ဟာ ကောင်းမြတ်​တယ်၊+ ခွင့်​လွှတ်​ဖို့ အသင့်​ရှိ​တယ်။+ ဆုတောင်း​သူ အားလုံး​အပေါ် ခိုင်​မြဲတဲ့​မေတ္တာ​တော် ကြီး​မား​လှ​ပါ​တယ်။+ ၆  ယေဟောဝါ​ဘု​ရား၊ ကျွန်​တော် ဆုတောင်း​တာ​ကို နား​ထောင်​ပေး​ပါ။+ အသနား​ခံ​တာ​ကို အာ​ရုံ​စိုက်​ပေး​ပါ။ ၇  ဒုက္ခရောက်​တဲ့​အခါ ဆုတောင်း​မယ်။+ ကိုယ်​တော် ပြန်​ဖြေမှာ​ပဲ။+ ၈  အို ယေဟောဝါ၊ ကိုယ်​တော်​နဲ့​ တူ​တဲ့ ဘု​ရား​မျိုး မရှိ​ပါ​ဘူး။+ ကိုယ်​တော်ရဲ့ လုပ်​ဆောင်​မှု​နဲ့ နှိုင်း​ယှဉ်​နိုင်​လောက်​တဲ့ လုပ်​ဆောင်​မှု​မျိုး မရှိ​ပါ​ဘူး။+ ၉  ယေဟောဝါ​ဘု​ရား၊ ဖန်​ဆင်း​ထား​တဲ့ လူမျိုး​အားလုံး ရှေ့​တော်​မှာ လာဦး​ညွှတ်​ကြ​လိမ့်​မယ်။+ နာ​မတော်​ကို ဂုဏ်​တင်​ကြ​လိမ့်​မယ်။+ ၁၀  ကိုယ်​တော်​ဟာ ကြီးမြတ်​တယ်။ အံ့​ဖွယ်​ရာတွေ လုပ်​ဆောင်​တယ်။+ ကိုယ်​တော် တစ်ပါး​တည်း​သာ​ ဘုရား​သခင်​ပါ။+ ၁၁  အို ယေဟောဝါ၊ ကိုယ်​တော့်​လမ်း​စဉ်​အကြောင်း သွန်သင်​ပေး​ပါ။+ အမှန်​တ​ရား​လမ်း​မှာ လျှောက်​ပါ့​မယ်။+ နာ​မတော်​ကို ကြောက်​ရွံ့​တတ်​ဖို့ စိတ်​ကို​စု​စည်း​ပေး​ပါ။+ ၁၂  ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော့်​ကို လှိုက်​လှိုက်​လှဲ​လှဲ ချီး​မွမ်း​ပါ့​မယ်။+ နာ​မတော်​ကို ထာ​ဝ​စဉ် ဂုဏ်​တင်​ပါ့​မယ်။ ၁၃  ကျွန်​တော့်​ကို​ပြတဲ့ ခိုင်​မြဲတဲ့​မေတ္တာ​တော် ကြီး​မား​လှ​ပါ​တယ်။ ကျွန်​တော့်​အသက်​ကို အနက်​ရှိုင်း​ဆုံး သင်္ချိုင်း​က​နေ ကိုယ်​တော် ကယ်​တင်​ခဲ့​တယ်။+ ၁၄  အို ဘု​ရား​သခင်၊ ရောင့်​တက်​သူ​တွေ ကျွန်​တော့်​ကို​တိုက်​ခိုက်​ဖို့ လုပ်​နေ​တယ်။+ ရက်​စက်​တဲ့ လူ​အုပ်​က​လည်း​ အသက်​ကို​သတ်​ဖို့ ရှာ​ကြံ​နေ​တယ်။ ကိုယ်​တော့်​ကို အရေး​မစိုက်​ကြ​ဘူး။+ ၁၅  ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော်​ဟာ ကရု​ဏာ​ရှိ​ပြီး သနား​စာ​နာ​တတ်​တဲ့ ဘု​ရား​သခင်​ပါ။ အမျက်​ထွက်​နှေး​ပြီး ခိုင်​မြဲတဲ့​မေတ္တာ​နဲ့ သစ္စာ​တ​ရား ကြီး​မား​တဲ့ ဘု​ရား​ပါ။+ ၁၆  ကျွန်​တော့်​ဘက်​လှည့်​ပြီး မျက်​နှာ​သာ​ပေး​ပါ။+ ကျွန်​တော်​မျိုး​ကို အစွမ်း​ခွန်​အား​ပေး​ပါ။+ ကိုယ်​တော့်​ကျွန်​မရဲ့ သား​ကို ကယ်တင်​ပေး​ပါ။ ၁၇  ကိုယ်​တော် ကောင်းမြတ်​တယ်​ဆို​တဲ့ အထောက်​အထား​ကို ပြလှည့်​ပါ။ ဒါ​မှ ကျွန်​တော့်​ကို မုန်း​တဲ့​သူ​တွေ မြင်​ပြီး အရှက်​ကွဲ​ကြ​မှာ​ပါ။ အို ယေဟောဝါ၊ ကိုယ်​တော်​ဟာ ကူညီ​မစ​ရှင်၊ နှစ်​သိမ့်​ပေး​ရှင်​ပါ။

အောက်ခြေမှတ်ချက်များ