ဆာလံ ၄၆:၁-၁၁

  • “ဘုရား​သခင်​ဟာ ငါ​တို့​ရဲ့​ခိုလှုံ​ရာ”

    • ဘုရား​သခင်​ရဲ့ အံ့​ဖွယ်​လုပ်​ဆောင်​မှု​များ ()

    • မြေတစ်​ခွင်​လုံး​မှာ စစ်​မှု​ကို​ငြိမ်း​စေ ()

ဂီ​တ​မှူး​သို့။ ကော​ရရဲ့ သား​မြေး​တွေ စပ်​ဆို​တဲ့ သီချင်း။+ အာ​လ​မုတ်* တေး​အမျိုး​အစား​အတိုင်း သီ​ဆို​ရန်။ ၄၆  ဘု​ရား​သခင်​ဟာ ငါ​တို့​ရဲ့​ခိုလှုံ​ရာ၊ ငါ​တို့​ရဲ့​အစွမ်း​ ခွန်အား​ပဲ။+ ဒုက္ခရောက်​ချိန်​မှာ ကူညီ​ပေး​ဖို့ အသင့်​ပဲ။+ ၂  ဒါ​ကြောင့် ကမ္ဘာ​ကြီး တုန်​ခါ​သွား​ရင်​တောင်၊ပင်လယ်​နက်​ကြီး​ထဲ တောင်​တန်း​တွေ ပြို​ဆင်း​သွား​ရင်​တောင်+ ငါတို့ မကြောက်​ဘူး။ ၃  ပင်လယ်​ရေတွေ ဟုန်း​ဟုန်း​မြည်​ပြီး ဆူ​ပွက်​နေ​ရင်​တောင်၊+လှိုင်း​ထန်​လို့ တောင်​တန်း​တွေ တုန်​ခါ​နေ​ရင်​တောင် ငါ​တို့ မကြောက်​ဘူး။ (စဲ​လာ) ၄  မြစ်​တစ်​စင်း​ရဲ့ မြစ်​လက်​တက်​တွေ​က ဘု​ရား​သခင်​ရဲ့ မြို့​တော်​ကို၊+အမြင့်​ဆုံး​ဘု​ရား​သခင်​ရဲ့ ခမ်း​နား​သန့်​ရှင်း​တဲ့ တဲ​တော်​ကို ဝမ်း​မြောက်​စေ​တယ်။ ၅  ဘု​ရား​သခင်​က အဲဒီ​မြို့​မှာ ရှိ​နေ​တဲ့​အတွက်+ မြို့​ဟာ ကျ​ရှုံး​မှာ​မဟုတ်​ဘူး။ ရောင်​နီ​ထွက်​ပေါ်​လာ​ချိန်​မှာ အဲဒီ​မြို့​ကို လာ​ကူညီ​ပေး​လိမ့်​မယ်။+ ၆  လူမျိုး​တွေ ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​ပြီး နိုင်​ငံ​တွေ ကျ​ရှုံး​နေ​တယ်။ ဘု​ရား​သခင် အော်​လိုက်​တဲ့​အခါ ကမ္ဘာ​ကြီး အရည်​ပျော်​သွား​တယ်။+ ၇  ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ဟာ ငါ​တို့​နဲ့​အတူ ရှိ​တယ်။+ ယာကုပ်​ရဲ့ ဘု​ရား​သခင်​ဟာလုံ​ခြုံ​တဲ့ ခိုလှုံ​ရာ​ပဲ။ (စဲ​လာ) ၈  ယေဟောဝါ​ရဲ့ လုပ်​ဆောင်​မှု​တွေ၊ကမ္ဘာ​မြေပေါ် လုပ်​ဆောင်​တဲ့အံ့မ​ခန်း​ဖွယ် လုပ်​ရပ်တွေ​ကို ကိုယ်​တိုင် လာ​ကြည့်​ကြ​ပါ။  ၉  ဘု​ရား​က မြေတစ်​ခွင်​လုံး​မှာ စစ်​မှု​ကို ငြိမ်း​စေ​တယ်။+ လေး​တွေ​ကို ချိုး​ပြီး လှံ​တွေ​ကို အပိုင်း​ပိုင်း​ဖြတ်​ပစ်​တယ်။ စစ်​မြင်း​ရ​ထား​တွေ​ကို* မီး​ရှို့​ပစ်​တယ်။ ၁၀  “အညံ့​ခံ​ကြ။ ငါ​ဟာ ဘု​ရား​သခင်​ပဲ​ဆို​တာ​ကို သိ​မှတ်​ကြ။ လူမျိုး​တွေ​အလယ်​မှာ ငါ့​ကို ချီး​မြှောက်​ကြ​လိမ့်​မယ်။+ ကမ္ဘာ​မြေပေါ်​မှာ ချီး​မြှောက်​ကြ​လိမ့်​မယ်။”+ ၁၁  ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ဟာ ငါ​တို့​နဲ့​အတူ ရှိ​တယ်။+ ယာကုပ်​ရဲ့ ဘု​ရား​သခင်​ဟာ ငါ​တို့​အတွက်လုံ​ခြုံ​တဲ့​ခိုလှုံ​ရာ​ပဲ။+ (စဲ​လာ)

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
“ဒိုင်း​လွှား​တွေ​ကို” လည်း​ဖြစ်​နိုင်။