မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၁

ဘုရားသခင် ဘယ်သူလဲ

“ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင်ဖြစ်မှန်း လူတွေသိကြပါစေ။”

ဆာလံ ၈၃:၁၈

“ယေဟောဝါဟာ ဘုရားသခင်ပဲဆိုတာ သိမှတ်ကြပါ။ ဘုရားဟာ ငါတို့ကို ဖန်ဆင်းတဲ့အရှင်ပဲ။ ငါတို့ကို ပိုင်တဲ့အရှင်ပဲ။”

ဆာလံ ၁၀၀:၃

“ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ။ ငါ့ရဲ့ဘုန်းအသရေကို ဘယ်သူ့ကိုမှ မပေးဘူး။ ငါရထိုက်တဲ့ ချီးမွမ်းခြင်းကိုလည်း ရုပ်တုတွေကို မပေးဘူး။”

ဟေရှာယ ၄၂:၈

“ယေဟောဝါရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်။”

ရောမ ၁၀:၁၃

“အိမ်ဆိုတာ တည်ဆောက်တဲ့သူရှိလို့ ဖြစ်လာတာ။ အရာခပ်သိမ်းကို တည်ဆောက်သူကတော့ ဘုရားသခင်ပဲ။”

ဟီဘရူး ၃:၄

“ကောင်းကင်ကို မော့ကြည့်လိုက်ပါဦး။ အဲဒါတွေကို ဘယ်သူဖန်ဆင်းသလဲ။ အဲဒီအလုံးအရင်းကို ရေတွက်ပြီး ခေါ်ထုတ်တဲ့အရှင်ပဲ။ အဲဒီအရှင်က အဲဒါတွေအားလုံးကို နာမည်တပ်ပြီး ခေါ်တယ်။ ကြီးမားလှတဲ့ စွမ်းအင်နဲ့ အံ့မခန်းဖွယ် တန်ခိုးကြောင့် တစ်လုံးတလေ လျော့သွားတယ်ဆိုတာ မရှိဘူး။”

ဟေရှာယ ၄၀:၂၆