မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၁၉

ကျမ်းစောင်တွေမှာ ဘာအကြောင်းအရာတွေ ပါသလဲ

ဟီဘရူးကျမ်းစောင်များ (“ဓမ္မဟောင်းကျမ်း”)

ပင်တကျွတ်ကျမ်း (၅ စောင်)–

ကမ္ဘာဦး၊ ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တောလည်ရာ၊ တရားဟောရာ

ဖန်ဆင်းခြင်းအကြောင်းကနေ အစ္စရေးလူမျိုးကို ဖွဲ့စည်းခြင်းအကြောင်းအထိ

ရာဇဝင်ကျမ်းများ (၁၂ စောင်)–

ယောရှု၊ တရားသူကြီး၊ ရုသ

အစ္စရေးလူမျိုး ကတိထားရာပြည်ထဲဝင်ပြီး နောက်ပိုင်းအဖြစ်အပျက်များ

၁ ရှမွေလ၊ ၂ ရှမွေလ၊ ၁ ဘုရင်များ၊ ၂ ဘုရင်များ၊ ၁ ရာဇဝင်ချုပ်၊ ၂ ရာဇဝင်ချုပ်

ဂျေရုဆလင်မြို့ ဖျက်ဆီးခံရချိန်အထိ အစ္စရေးသမိုင်းကြောင်း

ဧဇရ၊ နေဟမိ၊ ဧသတာ

ဗာဗုလုန်ပြည်နှင်ခံဘဝကနေ ပြန်လာပြီးနောက်ပိုင်း ဂျူးတွေရဲ့သမိုင်းကြောင်း

ကဗျာလင်္ကာကျမ်းများ (၅ စောင်)–

ယောဘ၊ ဆာလံ၊ ပညာအလိမ္မာ(သုတ္တံ)၊ ဒေသနာ၊ ရှောလမုန်သီချင်း

ပညာရှိအဆိုအမိန့်တွေ၊ သီချင်းတွေကို စုစည်းထား

ပရောဖက်ကျမ်းများ (၁၇ စောင်)–

ဟေရှာယ၊ ယေရမိ၊ မြည်တမ်းစကား၊ ယေဇကျေလ၊ ဒံယေလ၊ ဟောရှေ၊ ယောလ၊ အာမုတ်၊ သြဗဒိ၊ ယောန၊ မိက္ခာ၊ နာဟုံ၊ ဟဗက္ကုတ်၊ ဇေဖနိ၊ ဟဂ္ဂဲ၊ ဇာခရိ၊ မာလခိ

ဘုရားသခင့်လူမျိုးနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ၊ ကြိုဟောချက်တွေ

ခရစ်ယာန်ဂရိကျမ်းစောင်များ (“ဓမ္မသစ်ကျမ်း”)

ခရစ်ဝင်ကျမ်းများ (၄ စောင်)–

မဿဲ၊ မာကု၊ လုကာ၊ ယောဟန်

ယေရှုရဲ့ ဘဝအသက်တာနဲ့ အမှုဆောင်ခဲ့ပုံ သမိုင်းကြောင်း

တမန်တော်တွေရဲ့ လုပ်ဆောင်မှုများ (၁ စောင်)–

ခရစ်ယာန်အသင်းတော် စတည်ထောင်ခြင်း၊ သာသနာပြုလုပ်ငန်း သမိုင်းကြောင်း

စာများ (၂၁ စောင်)–

ရောမ၊ ၁ ကောရိန္သု၊ ၂ ကောရိန္သု၊ ဂလာတိ၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲ၊ ၁ သက်သာလောနိတ်၊ ၂ သက်သာလောနိတ်

ခရစ်ယာန်အသင်းတော်တွေကို ပေးပို့တဲ့ စာများ

၁ တိမောသေ၊ ၂ တိမောသေ၊ တိတု၊ ဖိလေမုန်

ခရစ်ယာန်ညီအစ်ကို တစ်ဦးစီကို ပေးပို့တဲ့ စာများ

ဟီဘရူး၊ ယာကုပ်၊ ၁ ပေတရု၊ ၂ ပေတရု၊ ၁ ယောဟန်၊ ၂ ယောဟန်၊ ၃ ယောဟန်၊ ယုဒ

ခရစ်ယာန်အားလုံးကို ရေးတဲ့စာများ

ဗျာဒိတ်ကျမ်း (၁ စောင်)–

တမန်တော်ယောဟန် မြင်တွေ့ခဲ့ရတဲ့ ကြိုဟောချက် စိတ်အာရုံများ