မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၁၀

ကျမ်းစာမှာ အနာဂတ်နဲ့ပတ်သက်တဲ့ ဘယ်ကတိတွေ ပါသလဲ

“ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”

ဆာလံ ၃၇:၂၉

“ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။”

ဒေသနာ ၁:၄

“သေမင်းကိုလည်း ထာဝစဉ် ဖယ်ရှားမယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက လူအားလုံးရဲ့ မျက်ရည်ကို သုတ်ပေးမယ်။”

ဟေရှာယ ၂၅:၈

“အဲဒီအချိန်ကျရင် မျက်မမြင်တွေ မျက်စိမြင်လာမယ်။ နားမကြားသူတွေ နားကြားလာမယ်။ အဲဒီအချိန်ကျရင် ခြေဆွံ့သူဟာ သမင်လို ခုန်ပေါက်လိမ့်မယ်။ ဆွံ့အသူက ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်။ တောကန္တာရမှာ ရေတွေ  ပန်းထွက်လိမ့်မယ်။ ကန္တာရလွင်ပြင်မှာလည်း စမ်းချောင်းတွေ စီးဆင်းလိမ့်မယ်။”

ဟေရှာယ ၃၅:၅၊ ၆

“ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”

ဗျာဒိတ် ၂၁:၄

“လူတွေက အိမ်တွေဆောက်ပြီး ကိုယ်တိုင် နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင်စားသုံးရလိမ့်မယ်။ သူတို့ဆောက်တဲ့အိမ်မှာ တခြားသူတွေ နေထိုင်မှာ မဟုတ်ဘူး။ သူတို့စိုက်ပျိုးတဲ့ အပင်တွေကို တခြားသူတွေ စားသုံးမှာ မဟုတ်ဘူး။ ငါ့လူတွေရဲ့ သက်တမ်းဟာ သစ်ပင်ရဲ့ သက်တမ်းလို ဖြစ်မယ်။ ငါရွေးချယ်ထားသူတွေဟာ ကိုယ့်လုပ်အားရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရလိမ့်မယ်။”

ဟေရှာယ ၆၅:၂၁၊ ၂၂