ဆာလံ ၃၇:၁-၄၀

  • ယေဟောဝါ​ကို ကိုး​စား​သူ​တွေ ကြီး​ပွား

    • လူ​ယုတ်​မာ​တွေ​ကြောင့် စိတ်​မပျက်​နဲ့ ()

    • “ယေဟောဝါ​ဆီ​မှာ ပျော်​ရွှင်​ကြည်​နူး​မှု​ကို ရှာပါ” ()

    • “မင်း​တို့​ရဲ့​လမ်း​စဉ်​ကို ယေဟောဝါ​ဆီ ပုံ​အပ်” ()

    • ‘စိတ်​နူး​ညံ့​သူ​တွေ ကမ္ဘာ​မြေကို ပိုင်​ဆိုင်​မယ်’ (၁၁)

    • ဖြောင့်​မတ်​သူ မတောင်း​စား​ရ (၂၅)

    • ဖြောင့်​မတ်​သူ​တွေ ကမ္ဘာ​ပေါ် ထာ​ဝ​စဉ်​နေထိုင်​ရ (၂၉)

ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ א ၃၇  လူ​ယုတ်​မာ​တွေ​ကြောင့် စိတ်​မပျက်​နဲ့။ အပြစ်​လုပ်​သူ​တွေ​ကို မနာ​လို​မဖြစ်​နဲ့။+ ၂  သူတို့​ဟာ မြက်​ပင်​တွေ​လို ချက်​ချင်း​ ညှိုး​နွမ်း​ပြီး+ မြက်​နု​တွေ​လို ခြောက်​သွေ့​သွား​လိမ့်​မယ်။ ב ၃  ယေဟောဝါ​ကို ယုံ​ကြည်​ကိုး​စား​ပြီး ကောင်း​တာ​ကို လုပ်​ပါ။+ ကမ္ဘာ​ပေါ်​မှာ နေ​ထိုင်​ပြီး သစ္စာ​ရှိ​ရှိ ပြု​မူ​ပါ။+ ג ၄  ယေဟောဝါ​ဆီ​မှာ ပျော်​ရွှင်​ ကြည်​နူး​မှု​ကို ရှာ​ပါ။ အလို​ဆန္ဒတွေ​ကို ဘု​ရား ဖြည့်​ဆည်း​ပေး​လိမ့်​မယ်။ ၅  မင်း​တို့​ရဲ့​လမ်း​စဉ်​ကို ယေဟောဝါ​ဆီ ပုံ​အပ်​လိုက်​ပါ။+ ဘု​ရား​ကို အား​ကိုး​ပါ။ မင်း​တို့​ရဲ့​အကျိုး​အတွက် လုပ်​ဆောင်​ပေး​လိမ့်​မယ်။+ ၆  ဘု​ရား​က မင်း​တို့​ရဲ့​ဖြောင့်​မတ်​မှု​ကို အရုဏ်ဦး​လို၊တ​ရား​မျှ​တ​မှု​ကို မွန်း​တည့်​နေ​လို ထွန်း​လင်း​စေ​မယ်။ ד ၇  ယေဟောဝါ​ရှေ့​မှာ နှုတ်​ဆိတ်​နေပါ။+ ဘု​ရား​ကို မျှော်​လင့်​တ​ကြီး စောင့်​စား​နေ​ပါ။ မကောင်း​ကြံ​ပြီး အောင်​မြင်​နေ​သူ​တွေ​ကြောင့် စိတ်​မပျက်​ပါ​နဲ့။+ ה ၈  အမျက်​မထွက်​နဲ့။ ဒေါ​သူပုန်​မထ​နဲ့။+ စိတ်​မပျက်​ပါ​နဲ့။ မကောင်း​မှု​တွေ မလုပ်​နဲ့။* ၉  လူ​ယုတ်​မာ​တွေ ပယ်​ရှင်း​ခံ​ရ​ပြီး+ ယေဟောဝါ​ကို မျှော်​လင့်​နေ​သူ​တွေ​က​တော့ ကမ္ဘာ​မြေကို ပိုင်​ဆိုင်​ရ​မှာ ဖြစ်​လို့​ပဲ။+ ו ၁၀  မကြာ​ခင် လူ​ဆိုး​တွေ လုံး​ဝ ရှိ​တော့​မှာ မဟုတ်​ဘူး။+ သူတို့​ရှိ​တတ်​တဲ့​နေ​ရာ​မှာ သွား​ကြည့်​ရင်​တောင် ရှိ​ကြ​တော့​မှာ မဟုတ်​ဘူး။+ ၁၁  စိတ်​နူး​ညံ့​သူ​တွေ​က​တော့ ကမ္ဘာ​မြေကို ပိုင်​ဆိုင်​ရ​လိမ့်​မယ်။+ များ​ပြား​လှ​တဲ့ ငြိမ်သက်​ခြင်း​ကြောင့် ပျော်​ရွှင်​ကြည်​နူး​ရ​လိမ့်​မယ်။+ ז ၁၂  လူ​ဆိုး​က ဖြောင့်​မတ်​သူ​ကို ဒုက္ခ​ပေး​ဖို့ ကြံ​စည်​နေ​တယ်။+ ဒေါသ​ထွက်​ပြီး အံ​ကြိတ်​နေ​တယ်။ ၁၃  ဒါ​ပေမဲ့ သူ​ကျ​ဆုံးမ​ယ့်​နေ့ ရောက်​လာ​မှာ​ကိုယေဟောဝါ​သိ​တဲ့​အတွက် သူ့​ကို ရယ်​လိမ့်​မယ်။+ ח ၁၄  လူ​ဆိုး​တွေ​က ဖိ​နှိပ်​ခံ​ရ​သူ​တွေ​နဲ့ ဆင်း​ရဲ​သား​တွေ​ကို လဲ​ကျ​စေ​ဖို့၊ဖြောင့်​မှန်​တဲ့ လမ်း​စဉ်​အတိုင်း လိုက်​တဲ့​သူ​တွေ​ကို ကွပ်​မျက်​ဖို့ ဓား​ကို ဆွဲ​ထုတ်​ပြီး လေး​ကို တင်​ထား​ကြ​တယ်။ ၁၅  ဒါ​ပေမဲ့ ဓား​ဟာ သူတို့​နှလုံး​ထဲ ပြန်​စိုက်​လိမ့်​မယ်။+ လေး​တွေ​လည်း ကျိုး​ကုန်​လိမ့်​မယ်။ ט ၁၆  ဖြောင့်​မတ်​သူ​တစ်​ယောက်​ရဲ့ ဥစ္စာ​အနည်း​အကျဉ်း​ဟာ လူ​ဆိုး​တွေရဲ့ ဥစ္စာ​အမြောက်​အမြား​ထက် မွန်မြတ်​တယ်။+ ၁၇  လူ​ဆိုး​ရဲ့​လက်​ရုံး ကျိုး​ရ​လိမ့်​မယ်။ ဖြောင့်​မတ်​သူ​ကို​တော့ ယေဟောဝါ ထောက်မ​ပေး​လိမ့်​မယ်။ י ၁၈  အပြစ်​ပြော​စ​ရာ​မရှိ​သူ​တွေ ဘာ​တွေ​ကြုံ​တွေ့​နေ​ရ​မှန်း ယေဟောဝါ သိ​တယ်။ သူတို့​ရဲ့​အမွေ​ဟာ ထာ​ဝ​စဉ် တည်​လိမ့်​မယ်။+ ၁၉  ဒုက္ခရောက်​ချိန်​မှာ သူတို့ အရှက်​ကွဲ​ရ​မှာ မဟုတ်​ဘူး။ အငတ်​ဘေး​ဆိုက်​ချိန်​မှာ​လည်း အလျှံ​ပယ် စား​ရ​လိမ့်​မယ်။ כ ၂၀  လူ​ဆိုး​တွေ​က​တော့ ပျက်​စီး​သွား​လိမ့်​မယ်။+ ယေဟောဝါ​ရဲ့ ရန်​သူ​တွေ​ဟာ စိမ်းလန်း​တဲ့ စား​ကျက်​တွေ​လို ပျောက်​ခြင်း​မလှ ပျောက်​သွား​လိမ့်​မယ်။ မီး​ခိုး​ငွေ့​လို လွင့်​ပြယ်​သွား​လိမ့်​မယ်။ ל ၂၁  လူ​ဆိုး​က ချေး​ငှား​ယူ​ပြီး ပြန်​မဆပ်​တတ်​ဘူး။ ဖြောင့်​မတ်​သူ​က​တော့ ရက်ရော​ပြီး ပေး​ကမ်း​တတ်​တယ်။+ ၂၂  ဘု​ရားရဲ့ ကောင်း​ချီး​ခံစား​ရ​သူ​တွေ​ဟာ ကမ္ဘာ​မြေကို ပိုင်​ဆိုင်​ရ​လိမ့်​မယ်။ ဘု​ရားရဲ့ ကျိန်​ခြင်း​ခံ​ရ​သူ​တွေ​က​တော့ ပယ်​ရှင်း​ခံ​ရ​လိမ့်​မယ်။+ מ ၂၃  ယေဟောဝါ​က လူ​တစ်​ယောက်​ရဲ့​လမ်း​စဉ်​ကို နှစ်​သက်​တဲ့​အခါ+ သူ့​ခြေ​လှမ်း​တွေ​ကို လမ်း​ညွှန်​ပေး​တယ်။+ ၂၄  ယေဟောဝါ​က လက်​နဲ့ ထောက်မ​ပေး​တဲ့​အတွက်+ သူ​လဲ​သွား​ရင်​တောင် နာ​လန်​မထူ​နိုင်​အောင်​ဖြစ်​မှာ မဟုတ်​ဘူး။+ נ ၂၅  ဖြောင့်​မတ်​သူ စွန့်​ပစ်​ခံ​ရ​တာ၊+သူ့​သား​သမီး​တွေ တောင်း​စား​နေ​ရ​တာ​ကိုလူငယ်​ဘဝ​က​နေ အခု အသက်​ကြီး​ချိန်​အထိ ငါ​တစ်​ခါ​မှ မတွေ့​ဖူး​ဘူး။+ ၂၆  သူ​ဟာ ရက်ရက်ရောရော ချေး​ငှား​ပေး​တတ်​တယ်။+ သူ့​သား​သမီး​တွေ ကောင်း​ချီး​ခံစား​ရ​လိမ့်​မယ်။ ס ၂၇  မကောင်း​မှု​ကို ရှောင်​ပါ၊ ကောင်း​မှု​ကို လုပ်​ဆောင်​ပါ။+ ဒါ​ဆို​ရင် ထာ​ဝ​စဉ် တည်​မြဲလိမ့်​မယ်။ ၂၈  ယေဟောဝါ​ဟာ တ​ရား​မျှ​တ​မှု​ကို မြတ်​နိုး​တယ်။ သစ္စာ​စောင့်​သိ​သူ​တွေ​ကို ဘယ်​တော့​မှ မစွန့်​ဘူး။+ ע သူတို့ အစဉ်​အမြဲ ကာ​ကွယ်​ခံ​ရ​မယ်။+ လူ​ဆိုး​တွေရဲ့ သား​စဉ်​မြေး​ဆက်​တွေ​က​တော့ ပယ်​ရှင်း​ခံ​ရ​မယ်။+ ၂၉  ဖြောင့်​မတ်​သူ​တွေ​ဟာ ကမ္ဘာ​မြေကို ပိုင်​ဆိုင်​ပြီး+ ထာ​ဝ​စဉ် နေ​ထိုင်​ရ​လိမ့်​မယ်။+ פ ၃၀  ဖြောင့်​မတ်​သူ​ရဲ့​နှုတ်​ဟာ ဉာဏ်​ပညာ​စကား​ကို ဝေ​မျှ​တယ်။ သူ့​လျှာ​က တ​ရား​မျှ​တ​မှု​အကြောင်း ပြော​ဆို​တယ်။+ ၃၁  ဘု​ရား​သခင်​ရဲ့​ပညတ်​ကို သူ နှလုံး​သွင်း​ထား​တယ်။+ သူ့​ခြေ​လှမ်း​တွေ ယိမ်း​ယိုင်​မှာ မဟုတ်​ဘူး။+ פ ၃၂  လူ​ဆိုး​က ဖြောင့်​မတ်​သူ​ကို စောင့်​ကြည့်​နေ​တယ်။ သတ်​ဖို့ ရှာ​ကြံ​နေ​တယ်။ ၃၃  ဒါ​ပေမဲ့ ယေဟောဝါ​က ဖြောင့်​မတ်​သူ​ကို လူ​ဆိုး​လက်​ထဲ စွန့်​ပစ်​မှာ​မဟုတ်​ဘူး။+ တ​ရား​စီ​ရင်​ချိန်​မှာ သူ့​ကို အပြစ်​ရှိ​သူ​လို့ သတ်​မှတ်​မှာ မဟုတ်​ဘူး။+ ק ၃၄  ယေဟောဝါ​ကို မျှော်​လင့်​ပြီး​ ဘုရားရဲ့​လမ်း​စဉ်​အတိုင်း လိုက်လျှောက်​ပါ။ ဒါ​ဆို​ရင် ဘု​ရား​က ကမ္ဘာ​မြေကို ပိုင်​ဆိုင်​ခွင့်​ပေး​ပြီး ချီး​မြှောက်​လိမ့်​မယ်။ လူ​ဆိုး​တွေ ပယ်​ရှင်း​ခံ​ရ​တာ​ကို​လည်း+ မြင်​ခွင့်​ပေး​လိမ့်​မယ်။+ ר ၃၅  ရက်​စက်​ယုတ်​မာ​တဲ့​သူ ကြီး​ပွား​နေ​တာ​ကို ငါ​တွေ့​ဖူး​တယ်။ သူ​ဟာ ဇာတိ​မြေပေါ်​မှာ​ပဲ ရှင်သန်​စိမ်း​လန်း​နေ​တဲ့ အပင်​နဲ့​တူ​တယ်။+ ၃၆  ဒါ​ပေမဲ့ ရုတ်​ခြည်း​သေဆုံး​ပြီး သူ​ပျောက်​ကွယ်​သွား​တယ်။+ ငါ​လိုက်​ရှာ​ပေမဲ့ မတွေ့​တော့​ဘူး။+ ש ၃၇  အပြစ်​ပြော​စ​ရာ​မရှိ​သူ​ကို သတိ​ပြု​ကြည့်​ပါ။ စိတ်​ရိုး​ဖြောင့်​သူ​ကို မျက်​ခြည်​မပြတ် ကြည့်​နေ​ပါ။+ သူ​လို​လူ​ရဲ့​အနာ​ဂတ်​ဟာ ငြိမ်း​ချမ်း​နေ​လိမ့်​မယ်။+ ၃၈  ပြစ်​မှား​သူ​တွေ​က​တော့ ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်။ လူ​ဆိုး​တွေရဲ့ အနာ​ဂတ်​ဟာ ပျက်​စီး​ရ​လိမ့်​မယ်။+ ת ၃၉  ဖြောင့်​မတ်​သူ​တွေရဲ့ ကယ်တင်​ခြင်း​ဟာ ယေဟောဝါ​ဆီ​က လာတယ်။+ ဒုက္ခရောက်​ချိန်​မှာ ဘု​ရား​ဟာ သူတို့​ရဲ့​ခံ​တပ်​ပဲ။+ ၄၀  ယေဟောဝါ​က သူတို့​ကို​ကူညီပြီး  ကယ်​တင်​ပေး​လိမ့်​မယ်။+ ဘု​ရား​ဆီ​မှာ ခိုလှုံ​တဲ့​အတွက် သူတို့​ကို လူ​ဆိုး​တွေ​လက်​က​နေ လွတ်​မြောက်​စေ​ပြီး ကယ်​တင်​ပေး​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

“စိတ်​ပျက်​နေ​ရင် အကျိုး​ယုတ်​တာ​ပဲ အဖတ်​တင်​မယ်” လည်း ဖြစ်​နိုင်။