ဆာလံ ၁၄၆:၁-၁၀

  • လူ​ကို မဟုတ်​ဘဲ ဘုရား​ကို ကိုး​စား​ပါ

    • လူ​သေတဲ့​အခါ အကြံ​အစည်​တွေ ပျက်​စီး​သွား ()

    • ခေါင်း​မမော်​နိုင်​သူ​တွေ​ကို ယေဟောဝါ ထူ​မပေး ()

၁၄၆  ယေဟောဝါ​ကို ချီး​မွမ်း​ကြ။*+ ယေဟောဝါ​ကို လှိုက်​လှိုက်​လှဲ​လှဲ ငါ​ချီး​မွမ်း​ပါ​ရ​စေ။+ ၂  ယေဟောဝါ​ကို အသက်​ထက်​ဆုံး ချီး​မွမ်း​မယ်။ အသက်​ရှင်​နေ​သရွေ့ ဘု​ရား​သခင်​ကို ချီး​မွမ်း​သီချင်း​ဆို​မယ်။ ၃  မကယ်​တင်​နိုင်​တဲ့ အုပ်​စိုး​ရှင်၊မကယ်​တင်​နိုင်​တဲ့​လူ​ကို မကိုး​စား​ကြ​နဲ့။+ ၄  သူ​ဟာ အသက်* ထွက်​ပြီး မြေကြီး​ထဲ ပြန်​သွား​တတ်​တယ်။+ အဲဒီ​နေ့​မှာ​ပဲ သူ့​အကြံ​အစည်​တွေ ပျက်​စီး​သွား​တယ်။+ ၅  ယာကုပ်​ရဲ့ ဘု​ရား​သခင်​ကို အကူ​အညီ​တောင်း​တဲ့​သူ၊+ ယေဟောဝါ​ကို မျှော်​လင့်​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+ ၆  အဲဒီ​ဘု​ရား​ဟာ မိုး​မြေကို ဖန်​ဆင်း​တဲ့​အရှင်၊ပင်လယ်​နဲ့ ပင်လယ်​ထဲ​မှာ ရှိ​သမျှ​ကို ဖန်​ဆင်း​တဲ့​အရှင်၊+ အမြဲ သစ္စာ​ရှိ​တဲ့​အရှင်​ပဲ။+ ၇  လိမ်​လည်​လှည့်​စား​ခံ​ရ​သူ​တွေ​ကို တ​ရား​သဖြင့် စီ​ရင်​ပေး​တဲ့​အရှင်၊ဆာ​လောင်​နေ​သူ​တွေ​ကို အစာ​ရေ​စာ ပေး​သနား​တဲ့​အရှင်​ပဲ။+ ယေဟောဝါ​က အကျဉ်း​သား​တွေ​ကို လွတ်​မြောက်​စေ​တယ်။+ ၈  မျက်​မမြင်​တွေရဲ့ မျက်​စိ​ကို ယေဟောဝါ ဖွင့်​ပေး​တယ်။+ ခေါင်း​မမော်​နိုင်​သူ​တွေ​ကို ယေဟောဝါ ထူ​မပေး​တယ်။+ ဖြောင့်​မတ်​သူ​တွေ​ကို ယေဟောဝါ ချစ်မြတ်​နိုး​တယ်။ ၉  ယေဟောဝါ​က တိုင်း​တစ်ပါး​သား​တွေ​ကို ကာ​ကွယ်​တယ်။ ဖတ​ဆိုး​တွေ၊ မု​ဆိုး​မတွေ​ကို ထောက်မ​တယ်။+ လူ​ဆိုး​တွေရဲ့ အစီ​အစဉ်တွေ​ကို​တော့ ပျက်​ပြား​စေ​တယ်။+ ၁၀  ယေဟောဝါ​ဟာ ထာ​ဝ​ရ​ဘုရင်​ပဲ။+ အို ဇိ​အုန်၊ မင်း​ရဲ့​ဘု​ရား​သခင်​ဟာ လူမျိုး​အစဉ်​အဆက် ဘု​ရင်​ပဲ။ ယေဟောဝါ​ကို ချီး​မွမ်း​ကြ။*

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။
ခက်​ဆစ် “စွမ်းအား” ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။