မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၁၇

ကျမ်းစာက မိသားစုကို ဘယ်လို ကူညီပေးနိုင်သလဲ

ခင်ပွန်းများ/ဖခင်များ

“အလားတူ၊ ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကိုချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။ ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်။ . . . ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။”

ဧဖက် ၅:၂၈၊ ၂၉၊ ၃၃

“ဖခင်တို့၊ သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။ ယေဟောဝါ မိန့်မှာတဲ့အတိုင်း သူတို့ကို ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ။”

ဧဖက် ၆:၄

ဇနီးသည်များ

“ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။”

ဧဖက် ၅:၃၃

“ဇနီးတို့၊ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြပါ။ ခရစ်ယာန်တွေဟာ အဲဒီလိုပဲ လက်အောက်ခံသင့်တယ်။”

ကောလောသဲ ၃:၁၈

သားသမီးများ

“သားသမီးတို့၊ ဘုရားသခင့် အလိုတော်နဲ့အညီ မိဘကို နာခံကြပါ။ ဒါဟာ ဘုရားသခင်ရဲ့ အမြင်မှာ ဖြောင့်မှန်တယ်။ ‘မိဘကို ရိုသေပါ’ ဆိုတဲ့ ပညတ်ဟာ ကတိတော်နဲ့ ဒွန်တွဲနေတဲ့ ပထမဆုံးပညတ်ပဲ။ ‘ဒါမှသာ ကောင်းစားလိမ့်မယ်၊ ကမ္ဘာမြေပေါ်မှာ အသက်ရှည်ရှည် နေနိုင်လိမ့်မယ်’ ဆိုတဲ့ ကတိဖြစ်တယ်။

ဧဖက် ၆:၁-၃

“သားသမီးတို့၊ မိဘစကားကို အရာရာမှာ နာခံကြပါ။ အဲဒီလိုနာခံတာကို သခင် နှစ်သက်တယ်။”

ကောလောသဲ ၃:၂၀