မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၆

ကျမ်းစာမှာ မေရှိယအကြောင်း ဘာတွေကြိုပြောထားသလဲ

ကြိုဟောချက်

“အို ဘက်သလီဟင် ဧဖရတ်မြို့၊ . . . အစ္စရေးနိုင်ငံမှာ ငါ့အတွက် အုပ်စိုးရှင်တစ်ယောက် မင်းဆီကနေ ပေါ်ထွန်းလာမယ်။”

မိက္ခာ ၅:၂

ပြည့်စုံချက်

‘ဟေရုဒ်မင်းလက်ထက်၊ ယုဒပြည်၊ ဘက်သလီဟင်မြို့မှာ ယေရှုကိုမွေးဖွားပြီးနောက် နက္ခတ်ဗေဒင်ဆရာတွေက အရှေ့အရပ်ကနေ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။’

မဿဲ ၂:၁

ကြိုဟောချက်

“ကျွန်တော့်ဝတ်လုံတွေကို အပိုင်းပိုင်း ခွဲယူပြီးအင်္ကျီကိုလည်း မဲချယူကြတယ်။”

ဆာလံ ၂၂:၁၈

ပြည့်စုံချက်

“စစ်သည်တွေက ယေရှုကို သစ်တိုင်ပေါ်မှာ သံနဲ့ရိုက်ပြီးသွားတဲ့အခါ ဝတ်လုံတွေကို လေးပိုင်းပိုင်းပြီး . . . ယူလိုက်တယ်။ ဒါပေမဲ့ အတွင်းအင်္ကျီက ချုပ်ရိုးမပါဘဲ အထက်အောက် တစ်ဆက်တည်း ရက်ထားတဲ့အထည် ဖြစ်နေတယ်။ ဒါကြောင့် သူတို့က ‘ဒီတစ်ထည်ကိုတော့ မပိုင်းတော့ဘဲ မဲချပြီး ယူလိုက်ရအောင်’ လို့ အချင်းချင်းပြောတယ်။”

ယောဟန် ၁၉:၂၃၊ ၂၄

ကြိုဟောချက်

“ဘုရား ကာကွယ်ပေးတဲ့အတွက်သူ့အရိုးတစ်ချောင်းမှ မကျိုးဘူး။”

ဆာလံ ၃၄:၂၀

ပြည့်စုံချက်

“ယေရှု အလှည့်ရောက်တဲ့အခါ သေဆုံးနေပြီဆိုတာ သိသွားတဲ့အတွက် ခြေထောက် မချိုးတော့ဘူး။”

ယောဟန် ၁၉:၃၃

ကြိုဟောချက်

“ငါတို့ရဲ့ အပြစ်အတွက် သူထိုးဖောက်ခံခဲ့ရတယ်။”

ဟေရှာယ ၅၃:၅

ပြည့်စုံချက်

“စစ်သည်တစ်ယောက်က ယေရှုရဲ့နံရိုးနားကို လှံနဲ့ထိုးလိုက်တဲ့အခါ သွေးနဲ့ရေတွေ ချက်ချင်းထွက်လာတယ်။”

ယောဟန် ၁၉:၃၄

ကြိုဟောချက်

“သူတို့က ကျွန်တော့်ကို လုပ်ခအဖြစ် ငွေစ ၃၀ ပေးတယ်။”

ဇာခရိ ၁၁:၁၂၊ ၁၃

ပြည့်စုံချက်

“အဲဒီနောက် တမန်တော် ၁၂ ယောက်ထဲက ယုဒရှကာရုတ်က ပုရောဟိတ်ကြီးတွေဆီ သွားပြီး ‘ယေရှုကို ခင်ဗျားတို့လက်ထဲ အပ်မယ်ဆိုရင် ဘယ်လောက်ပေးမလဲ’ လို့မေးတော့ သူတို့က ငွေစ ၃၀ ပေးမယ်လို့ ကတိပေးတယ်။”

မဿဲ ၂၆:၁၄၊ ၁၅; ၂၇:၅