ဆာလံ ၁၀၃:၁-၂၂

  • “ယေဟောဝါ​ကို ချီး​မွမ်း​ပါ​ရ​စေ”

    • အပြစ်​တွေ​ကို ငါ​တို့​နဲ့ အလှမ်း​ဝေး​စေ (၁၂)

    • ဖခင်​သဖွယ် ဘုရား ကရု​ဏာ​ပြ (၁၃)

    • ငါ​တို့​ဟာ မြေမှုန့်​ပဲ​ဆို​တာ ဘုရား မမေ့ (၁၄)

    • ယေဟောဝါ​ရဲ့ ရာ​ဇ​ပလ္လင်​နဲ့ မင်း​အာ​ဏာ (၁၉)

    • အလို​တော်​ဆောင်​တဲ့ ကောင်း​ကင်​တ​မန်​များ (၂၀)

ဒါဝိဒ်​စပ်​ဆို​တဲ့​သီချင်း။ ၁၀၃  ယေဟောဝါ​ကို ချီး​မွမ်း​ပါ​ရ​စေ။ သန့်​ရှင်း​မြင့်မြတ်​တဲ့ နာ​မတော်​ကို စိတ်​ရော​ကိုယ်​ပါ ချီး​မွမ်း​ပါ​ရ​စေ။ ၂  ယေဟောဝါ​ကို ချီး​မွမ်း​ပါ​ရ​စေ။ ဘု​ရား လုပ်​ဆောင်​ပေး​ခဲ့​သမျှ ဘယ်​တော့​မှ မမေ့​ပါ​ရ​စေ​နဲ့။+ ၃  ဘု​ရား​က ငါ့​အမှား​တွေ​ကို ခွင့်​လွှတ်​တယ်။+ ဝေ​ဒ​နာ​တွေ​ကို ပျောက်​ကင်း​စေ​တယ်။+ ၄  ငါ့​အသက်​ကို သင်္ချိုင်း​တွင်း​က​နေ ဆယ်​ယူ​တယ်။+ ငါ့​ကို ခိုင်​မြဲတဲ့​မေတ္တာ၊ ကရုဏာ​တွေ​နဲ့ သရ​ဖူ​ဆောင်း​ပေး​တယ်။+ ၅  ဘဝ​တစ်​လျှောက်​လုံး ကောင်း​မွန်ရာတွေ​နဲ့ ကျေ​နပ်​စေ​တဲ့​အတွက်+ ငါ​ဟာ လင်း​ယုန်​တစ်​ကောင်​လို အား​သစ်​အင်​သစ်​တွေ ပြန်​ရ​ပြီး နုပျို​နေ​တယ်။+ ၆  ယေဟောဝါ​က ဖိ​နှိပ်​ခံ​ရ​သူ​တွေ​အတွက်+ဖြောင့်​မတ်​စွာ၊ တ​ရား​မျှ​တ​စွာ လုပ်ဆောင်​ပေး​တယ်။+ ၇  မော​ရှေ​ကို မိမိ​ရဲ့ နည်း​လမ်း​တွေအကြောင်း အသိ​ပေးတယ်။+ အစ္စရေး​လူမျိုး​ကို မိမိ​ရဲ့ လုပ်​ဆောင်​မှု​တွေ​အကြောင်း သိ​ရှိ​စေတယ်။+ ၈  ယေဟောဝါ​ဟာ ကရု​ဏာ​ရှိ​ပြီး သနား​စာ​နာ​တတ်​တယ်။+ အမျက်​ထွက်​နှေး​ပြီး ခိုင်​မြဲတဲ့​မေတ္တာ ကြီး​မား​တယ်။+ ၉  တစ်​ချိန်​လုံး အမှား​ရှာ​နေ​မှာ မဟုတ်​ဘူး။+ ထာ​ဝ​စဉ် အငြိုး​ထား​မှာ မဟုတ်​ဘူး။+ ၁၀  ငါ​တို့​ကို အပြစ်​ရှိ​တဲ့​အလျောက် ဒဏ်​မပေး​ဘူး။+ အမှား​ရှိ​တဲ့​အလျောက် ပြန်​မဆပ်​ပေး​ဘူး။+ ၁၁  မိုး​ကောင်း​ကင်​ဟာ မြေကြီး​ထက် မြင့်​မား​သလိုဘု​ရား​ကို ကြောက်​ရွံ့​သူ​တွေ​အပေါ် ခိုင်​မြဲတဲ့​မေတ္တာ​တော် ကြီး​မား​လှ​တယ်။+ ၁၂  နေ​ထွက်​ရာ​အရပ်​နဲ့ နေ​ဝင်​ရာ​အရပ် အလှမ်း​ဝေး​သလိုအပြစ်​တွေ​ကို ငါ​တို့​နဲ့ အလှမ်း​ဝေး​စေ​တယ်။+ ၁၃  ဖခင်​က သား​တွေ​ကို ကရု​ဏာ​ပြသလိုယေဟောဝါ​က မိမိ​ကို​ကြောက်​ရွံ့​သူ​တွေ​ကို ကရု​ဏာ​ပြတယ်။+ ၁၄  ဘု​ရား​က ငါ​တို့​ရဲ့ ဖွဲ့​စည်း​တည်​ဆောက်​ပုံ​ကို ကောင်း​ကောင်း​သိတယ်။+ ငါ​တို့​ဟာ မြေမှုန့်​ပဲ​ဆို​တာ​ကို မမေ့​ဘူး။+ ၁၅  သေမျိုး​ဖြစ်​တဲ့​လူ​ဟာ မြက်​ပင်​လို​ပဲ သက်​တမ်း​တို​တယ်။+ လယ်​ထဲ​က​ပန်း​လို တစ်​ခ​ဏ​ပဲ ဝေဆာ​တယ်။+ ၁၆  လေ​တစ်​ချက် အဝှေ့​မှာ ပျောက်​သွား​လိုက်​တာတစ်​ခါ​မှ မရှိ​ခဲ့​ဖူး​သလို ဖြစ်​သွား​တယ်။ ၁၇  ယေဟောဝါ​ရဲ့ ခိုင်​မြဲတဲ့​မေတ္တာ​က​တော့မိမိ​ကို ကြောက်​ရွံ့​သူတွေအပေါ် ထာ​ဝ​စဉ်​တည်​မြဲတယ်။+ ဘု​ရားရဲ့​ဖြောင့်​မတ်​ခြင်း​ဟာ သူတို့​ရဲ့ သား​စဉ်​မြေး​ဆက်​တွေ​အပေါ်၊+ ၁၈  ပဋိ​ညာဉ်​ကို စောင့်​ထိန်း​သူ​တွေ​အပေါ်၊+အမိန့်​တော်​ကို ဂရု​တ​စိုက်လိုက်​နာ​သူ​တွေ​အပေါ် ထာ​ဝ​စဉ်​တည်​မြဲတယ်။ ၁၉  ယေဟောဝါ​က ရာ​ဇ​ပလ္လင်​တော်​ကို ကောင်း​ကင်​မှာ အခိုင်​အမာ တည်​ထား​တယ်။+ မင်း​အာ​ဏာ​တော်​က အရာ​ခပ်​သိမ်း​အပေါ် သက်​ရောက်​တယ်။+ ၂၀  နှုတ်​တော်​ထွက်​စကား​ကို လိုက်​နာ​ပြီး+ အမိန့်​တော်​နာ​ခံ​တဲ့တန်ခိုး​ကြီး ကောင်း​ကင်​တ​မန်​အပေါင်း​တို့၊+ ယေဟောဝါ​ကို ချီး​မွမ်း​ကြ​ပါ။ ၂၁  ဗိုလ်​ခြေ​အပေါင်း​တို့၊ အလို​တော်​ဆောင်​တဲ့ အမှု​ထမ်း​တို့၊+ယေဟောဝါ​ကို ချီး​မွမ်း​ကြ​ပါ။+ ၂၂  ဘု​ရား​သခင်​ရဲ့ ဖန်​ဆင်း​ရာ​အပေါင်း​တို့၊အာ​ဏာ​တော်​သက်​ရောက်​တဲ့ နေရာ​တိုင်း​မှာ ယေဟောဝါ​ကို ချီး​မွမ်း​ကြ​ပါ။ ယေဟောဝါ​ကို ကျွန်​တော် လှိုက်​လှိုက်​လှဲ​လှဲ ချီး​မွမ်း​ပါ​ရ​စေ။

အောက်ခြေမှတ်ချက်များ