မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၉

လူသားတွေ ဘာကြောင့် ဆင်းရဲဒုက္ခ ခံစားရတာလဲ

“အပြေးသန်တယ်ဆိုတိုင်း ပြေးပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ အင်အားကြီးတယ်ဆိုတိုင်း စစ်ပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ ဉာဏ်ပညာရှိတယ်ဆိုတိုင်း အမြဲစားစရာရှိတာ မဟုတ်ဘူး။ ဉာဏ်ကောင်းတယ်ဆိုတိုင်း အမြဲချမ်းသာကြွယ်ဝတာ မဟုတ်ဘူး။ ဗဟုသုတကြွယ်တယ်ဆိုတိုင်း အမြဲအောင်မြင်တာ မဟုတ်ဘူး။ လူအားလုံးဟာ မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ။”

ဒေသနာ ၉:၁၁

“အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။”

ရောမ ၅:၁၂

“မာရ်နတ်လုပ်သမျှကို ချေဖျက်ဖို့ ဘုရားသခင်ရဲ့သားတော် ရောက်လာခဲ့တာ။”

၁ ယောဟန် ၃:၈

“တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ သြဇာအောက်မှာ ရှိနေမှန်း ကျွန်တော်တို့သိတယ်။”

၁ ယောဟန် ၅:၁၉