ဆာလံ ၁၁၅:၁-၁၈

  • ဘုရား​သခင်​ကို​သာ ဂုဏ်​တင်​သင့်

    • သက်​မဲ့​ရုပ်​တု​များ (၄-၈)

    • လူ​သား​တွေ​ကို ကမ္ဘာ​မြေ ပေး (၁၆)

    • ‘လူ​သေတွေ ယေဟောဝါ​ကို မချီး​မွမ်း​နိုင်’ (၁၇)

၁၁၅  အို ယေဟောဝါ၊ ကိုယ်​တော်ရဲ့ ခိုင်​မြဲတဲ့​မေတ္တာ​နဲ့ သစ္စာ​တ​ရား​ကြောင့်+ နာ​မတော်​ကို​သာ ဂုဏ်​တင်​လှည့်​ပါ။+ ကျွန်​တော်​တို့​ကို ဂုဏ်​မတင်​ပါ​နဲ့။ ၂  “သူတို့​ရဲ့ ဘု​ရား​သခင်​က ဘယ်​မှာ​လဲ” ဆို​ပြီးလူမျိုး​ခြား​တွေ ဘာ​လို့​ပြော​ရ​မှာ​လဲ။+ ၃  ငါ​တို့​ဘု​ရား​သခင်​က ကောင်း​ကင်​မှာ ရှိ​တယ်။ အလို​ရှိ​ရာ မှန်​သမျှ​ကို လုပ်​ဆောင်​တယ်။ ၄  သူတို့​ရဲ့ ဘု​ရားတွေ​က​တော့ ရွှေ​ငွေ​နဲ့​လုပ်​ထား​တဲ့ ရုပ်​တု​တွေ​ပဲ။ လူ့​လက်​နဲ့ လုပ်​ထား​တာ​တွေ​ပဲ။+ ၅  အဲဒီ​ရုပ်​တု​တွေ​မှာ ပါး​စပ်​ရှိ​ပေမဲ့ စကား​မပြော​တတ်​ဘူး။+ မျက်​စိ​ရှိ​ပေမဲ့ မမြင်​ဘူး။ ၆  နား​ရှိ​ပေမဲ့ မကြား​ဘူး။ နှာ​ခေါင်း​ရှိ​ပေမဲ့ အနံ့​မခံ​နိုင်​ဘူး။ ၇  လက်​ရှိ​ပေမဲ့ မထိ​တွေ့​နိုင်​ဘူး။ ခြေ​ထောက်​ရှိ​ပေမဲ့ လမ်း​မလျှောက်​နိုင်​ဘူး။+ လည်​ချောင်း​နဲ့​လည်း အသံ​မပြု​နိုင်​ဘူး။+ ၈  ရုပ်​တု​လုပ်​တဲ့​သူ​တွေရော ယုံ​ကြည်​ကိုး​စား​သူ​တွေ​ပါအဲဒီ​ရုပ်​တု​တွေ​လို​ပဲ ဖြစ်​သွား​လိမ့်​မယ်။+ ၉  အစ္စရေး၊ ယေဟောဝါ​ကို ယုံ​ကြည်​ကိုး​စား​ပါ။+ ဘု​ရား​ဟာ မင်း​တို့​ရဲ့ ကူညီ​မစ​ရှင်​ပဲ၊ မင်း​တို့​ရဲ့​ဒိုင်း​လွှား​ပဲ။+ ၁၀  အာ​ရုန်​အမျိုး၊+ ယေဟောဝါ​ကို ယုံကြည်​ကိုး​စား​ပါ။ ဘု​ရား​ဟာ မင်း​တို့​ရဲ့ ကူညီ​မစ​ရှင်​ပဲ၊ မင်း​တို့​ရဲ့​ဒိုင်း​လွှား​ပဲ။ ၁၁  ယေဟောဝါ​ကို ကြောက်​ရွံ့​ရို​သေသူတို့၊ ယေဟောဝါ​ကို ယုံ​ကြည်​ကိုး​စား​ပါ။+ ဘု​ရား​ဟာ မင်း​တို့​ရဲ့ ကူညီ​မစ​ရှင်​ပဲ၊ မင်း​တို့​ရဲ့​ဒိုင်း​လွှား​ပဲ။+ ၁၂  ယေဟောဝါ​က ငါ​တို့​ကို​သတိ​ရ​ပြီး ကောင်း​ချီး​ပေး​လိမ့်​မယ်။ အစ္စရေး​အမျိုး​ကို ကောင်း​ချီး​ပေး​လိမ့်​မယ်။+ အာ​ရုန်​အမျိုး​ကို​လည်း ကောင်း​ချီး​ပေး​လိမ့်​မယ်။ ၁၃  ယေဟောဝါ​က မိမိ​ကို ကြောက်​ရွံ့​ရို​သေတဲ့ လူ​ကြီး​လူငယ်​အားလုံး​ကိုကောင်း​ချီး​ပေး​လိမ့်​မယ်။ ၁၄  ယေဟောဝါ​က မင်း​နဲ့ မင်း​ရဲ့​သား​သမီး​တွေ​ကို တိုး​များ​စေ​လိမ့်​မယ်။+ ၁၅  မိုး​မြေကို ဖန်​ဆင်း​တဲ့​အရှင် ယေဟောဝါ​က+မင်း​ကို ကောင်း​ချီး​ပေး​ပါ​စေ။+ ၁၆  ယေဟောဝါ​က ကောင်း​ကင်​ကို ပိုင်တယ်။+ ကမ္ဘာ​မြေကို​တော့ လူ​သား​တွေ​အတွက် ပေး​ထား​တယ်။+ ၁၇  လူ​သေတွေ၊ သေခြင်း​ရဲ့ ဆိတ်​ငြိမ်​ရာ​အရပ်​ဆီ ဆင်း​သွား​သူ​တွေ+ ယေဟောဝါ​ကို မချီး​မွမ်း​နိုင်​ဘူး။+ ၁၈  ငါ​တို့​က​တော့ အခု​က​စ​ပြီး ထာဝစဉ်ယေဟောဝါ​ကို ချီး​မွမ်း​မယ်။ ယေဟောဝါ​ကို ချီး​မွမ်း​ကြ။*

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။