ဆာလံ ၁၂၇:၁-၅

  • ဘုရား မပါ​ရင် အရာရာ အချည်း​နှီး​ပဲ

    • “ယေဟောဝါ​သာ အိမ်​ကို မဆောက်​ရင်” ()

    • သား​သမီး​တွေ​ဟာ ဘုရား​ပေး ဆု​လာဘ် ()

ချီ​တက်​သီချင်း။ ရှော​လ​မုန်​စပ်​ဆို​တဲ့ သီချင်း။ ၁၂၇  ယေဟောဝါ​သာ အိမ်​ကို​မဆောက်​ရင်အိမ်​ဆောက်​တဲ့​သူ​တွေ တ​ပင်​တ​ပန်း ဆောက်​နေ​လည်း အချည်း​နှီး​ပဲ။+ ယေဟောဝါ​သာ မြို့​ကို​ မစောင့်​ကြပ်​ရင်+ကင်း​စောင့်​တွေ နိုး​နိုး​ကြား​ကြား စောင့်​ကြပ်​နေ​လည်း အချည်း​နှီး​ပဲ။ ၂  ဘု​ရား​သာ ကောင်း​ချီး​မပေး​ရင်မင်း​တို့ စော​စော​ထ​တာ၊ ည​ဉ့်​နက်​တဲ့​အထိ အလုပ်​လုပ်​တာ၊ပင်​ပင်​ပန်း​ပန်း ဝမ်း​စာ​ရှာ​တာ​တွေ​ဟာ အချည်း​နှီး​ပဲ။ ဘု​ရား​က သူ​ချစ်​တဲ့​သူ​တွေ​ကို ဂရု​စိုက်​တယ်။ နှစ်​ခြိုက်​စွာ အိပ်​ပျော်​ခွင့် ပေး​တယ်။+ ၃  သား​သမီး​တွေ​ဟာ* ယေဟောဝါ​ပေး​တဲ့ အမွေ​ပဲ။+ ရင်​သွေး​တွေ​ဟာ ဘု​ရား​ပေး​တဲ့ ဆုလာဘ်​ပဲ။+ ၄  ပျို​ရွယ်​ချိန်​မှာ​ရ​တဲ့ သား​တွေ​ဟာစစ်​သူ​ရဲ​လက်​ထဲ​က မြား​တွေ​နဲ့ တူ​တယ်။+ ၅  ကိုယ့်​မြား​ကျည်​တောက်​ထဲ မြား​တွေ​ဖြည့်​ထား​သူ​တွေ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+ သူတို့ အရှက်​ကွဲ​ရ​မှာ မဟုတ်​ဘူး။ သူတို့​ရဲ့​သား​တွေ​က မြို့​တံခါးမှာ​ ရန်​သူ​တွေ​နဲ့ ဆွေး​နွေး​ကြ​မှာ​မို့လို့ပဲ။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “သား​တွေ။”