မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၂

ဘုရားသခင်အကြောင်း ဘယ်လို သင်ယူနိုင်သလဲ

“ဒီပညတ်ကျမ်းမှာပါတဲ့ အကြောင်းတွေကို မပြောဘဲမနေနဲ့။ အဲဒီမှာရေးထားသမျှကို ဂရုတစိုက် လိုက်နာနိုင်ဖို့ နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်ပါ။ ဒါဆိုရင် ဘဝလမ်းခရီး အောင်မြင်ပြီး ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မယ်။”

ယောရှု ၁:၈

“သူတို့က ဘုရားသခင်ရဲ့ ပညတ်ကျမ်းကို အသံကျယ်ကျယ်ဖတ်ပြီး အနက်အဓိပ္ပာယ်ကို ရှင်းပြတယ်။ ဖတ်ပြတဲ့အရာကို လူတွေ သဘောပေါက်အောင် ကူညီပေးတယ်။”

နေဟမိ ၈:၈

“လူဆိုးတွေရဲ့ အကြံဉာဏ်အတိုင်း မလိုက်တဲ့သူ . . .  ဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ သူဟာ ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီးပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်တယ်။ . . . လုပ်သမျှ အောင်မြင်လိမ့်မယ်။”

ဆာလံ ၁:၁-၃

“ဖိလိပ္ပုလည်း မြင်းရထားဘေးကနေ အပြေးလိုက်သွားတဲ့အခါ ဟေရှာယကျမ်းကို မိန်းမစိုး ဖတ်နေတာ ကြားတော့ ‘ဖတ်နေတာကို နားလည်ရဲ့လား’ လို့မေးလိုက်တယ်။ မိန်းမစိုးကလည်း ‘ရှင်းပြမယ့်သူမရှိဘဲ ဘယ်လို နားလည်မှာလဲ’ လို့ဖြေတယ်။”

တမန်တော် ၈:၃၀၊ ၃၁

“ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ ထာဝရတန်ခိုးတော်နဲ့ အရည်အသွေးတွေအပြင် ကိုယ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း လောကကို ဖန်ဆင်းချိန်ကတည်းက အထင်အရှား သိမြင်နိုင်တယ်။ ဒါကြောင့် သူတို့ ဆင်ခြေပေးလို့မရဘူး။”

ရောမ ၁:၂၀

“အဲဒီအရာတွေကို ဆင်ခြင်သုံးသပ်ပါ။ လူအားလုံးရှေ့ မင်းရဲ့တိုးတက်မှုကို ထင်ရှားမြင်သာစေဖို့ အဲဒီအရာတွေမှာ အာရုံနှစ်ထားပါ။”

၁ တိမောသေ ၄:၁၅

“မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။ လူတချို့မှာ အတူတကွ စည်းဝေးတာကို လျစ်လျူရှုတဲ့ထုံးစံ ရှိနေတယ်။ ခင်ဗျားတို့ကတော့ အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။”

ဟီဘရူး ၁၀:၂၄၊ ၂၅

“တစ်ယောက်ယောက်က ဉာဏ်ပညာလိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ။ ကဲ့ရဲ့တာမျိုးမလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော ပေးတတ်တဲ့ ဘုရားသခင်က တောင်းတဲ့သူကို ဉာဏ်ပညာပေးလိမ့်မယ်။”

ယာကုပ် ၁:၅