ဆာလံ ၃၁:၁-၂၄

  • ယေဟောဝါ​ဆီ ခိုလှုံ​ပါ

    • “အသက်​စွမ်းအား​ကို ကိုယ်​တော့်​လက်​ထဲ အပ်ပါတယ်” ()

    • “အမှန်​တရား​ရဲ့​ဘုရား ယေဟောဝါ” ()

    • ဘုရား​ရဲ့​ကောင်းမြတ်​ခြင်း များ​ပြား (၁၉)

ဂီ​တ​မှူး​သို့။ ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၃၁  အို ယေဟောဝါ၊ ကိုယ်​တော့်​ဆီ​မှာ ခိုလှုံ​ပါ​တယ်။+ ကျွန်​တော် ဘယ်​တော့​မှ အရှက်​မကွဲ​ပါ​ရ​စေ​နဲ့။+ ကိုယ်​တော့် ဖြောင့်​မတ်​မှု​ကို​ ထောက်​ပြီး ကယ်​တင်​ပေး​လှည့်ပါ။+ ၂  နား​ကို စွင့်​ပြီးအမြန်​လာ​ကယ်​ပါ​ဦး။+ ကျွန်​တော့်​အတွက် တောင်​ပေါ်​ရဲတိုက် ဖြစ်​လှည့်​ပါ။ ကယ်​တင်​မယ့်​ခံ​တပ် ဖြစ်လှည့်ပါ။+ ၃  ကိုယ်​တော်​ဟာ ကျွန်​တော့်​ကျောက်​ဆောင်၊ ကျွန်​တော့်ရဲတိုက်​ပါ။+ နာ​မတော်​ကို​ထောက်​ပြီး+ ကျွန်တော့်​ကို ဦး​ဆောင်​လမ်း​ပြလိမ့်​မယ်။+ ၄  ကျွန်​တော့်​ကို​ဖမ်း​ဖို့ သူတို့​ထောင်​ထား​တဲ့ ပိုက်​ထဲ​က​နေ လွတ်​မြောက်​စေ​လိမ့်​မယ်။+ ကိုယ်​တော်​ဟာ ကျွန်​တော့်​ခံတပ်​ပဲ။+ ၅  ကျွန်​တော့်ရဲ့ အသက်​စွမ်းအား​ကို ကိုယ်​တော့်​လက်​ထဲ အပ်​ပါ​တယ်။+ အမှန်​တ​ရားရဲ့​ဘု​ရား ယေဟောဝါ၊ ကျွန်​တော့်​ကို ကိုယ်​တော်​ရွေး​ယူ​ထား​ပြီ။+ ၆  တန်​ဖိုး​မရှိ​တဲ့ အချည်း​နှီး​ရုပ်​တု​တွေကို ကိုးကွယ်​တဲ့​သူ​တွေ​ကို ကျွန်​တော်​မုန်း​တယ်။ ယေဟောဝါ​ကို​ပဲ ယုံ​ကြည်​ကိုး​စား​တယ်။ ၇  ခိုင်​မြဲတဲ့​မေတ္တာ​တော်​ကြောင့် ကျွန်တော် ဝမ်း​မြောက်​ဝမ်း​သာ ဖြစ်​နေ​မှာ​ပါ။ ကျွန်​တော် ဒုက္ခရောက်​နေ​တာ​ကို ကိုယ်​တော် မြင်​တယ်။+ အကြီး​အကျယ် သော​က​ရောက်​နေ​တာ​ကို သိ​တယ်။ ၈  ကျွန်​တော့်​ကို ရန်​သူ​လက်​ထဲ မအပ်​ဘူး။ ဘေး​ကင်း​လုံ​ခြုံ​တဲ့​နေ​ရာ​မှာ ရပ်​စေ​တယ်။ ၉  အို ယေဟောဝါ၊ ကျွန်​တော် ဒုက္ခရောက်​နေ​လို့ မျက်​နှာ​သာ​ပေး​လှည့်​ပါ။ ဝေ​ဒ​နာ​တွေ​ကြောင့် မျက်​စိ​သာ​မက+ တစ်​ကိုယ်​လုံး အား​နည်း​နေ​ပြီ။+ ၁၀  ကျွန်​တော့်​ဘဝ​ဟာ ကြေ​ကွဲ​မှု​တွေ​နဲ့၊+ကျွန်​တော့်​နှစ်​တွေ​ဟာ ညည်း​တွား​မှု​တွေ​နဲ့ တ​ငွေ့ငွေ့​လောင်​ကျွမ်း​နေ​ပြီ။+ အမှား​တွေ​ကြောင့် အားအင်​ချည့်​နဲ့​ကုန်​ပြီ။ အရိုး​တွေ​လည်း အား​ပျော့​ကုန်​ပြီ။+ ၁၁  ကျွန်​တော့်​ကို ရန်​သူ​တွေ၊ အထူး​သဖြင့် အိမ်​နီး​ချင်း​တွေ အထင်​သေး​ကြ​တယ်။+ အသိ​အကျွမ်း​တွေ​က​လည်း ကြောက်​ကြ​တယ်။ အပြင်​မှာ​တွေ့​တဲ့​အခါ ထွက်​ပြေး​ကြ​တယ်။+ ၁၂  ကျွန်​တော့်​ကို သေလူ​တစ်​ယောက်​လို စိတ်​ထဲ​က​နေ ထုတ်​ပစ်​ပြီး မေ့​ထား​ကြ​တယ်။ ကျွန်​တော်​ဟာ ကွဲ​နေ​တဲ့​အိုး​လို ဖြစ်​နေ​ပြီ။ ၁၃  မလို​တ​မာ​စိတ်​နဲ့​ပြော​တဲ့ ကောလာ​ဟ​လ​တွေ အများ​ကြီး ကြား​နေ​ရ​တယ်။ ပတ်​လည်​မှာ ကြောက်​လန့်​စရာ​တွေ​ချည်း​ပဲ။+ ကျွန်​တော့်​ကို တိုက်​ခိုက်​ဖို့ ဝိုင်း​အုံ​လာ​ကြ​တယ်။ အသက်​ကို နုတ်​ယူ​ဖို့ ကြံ​စည်​ကြ​တယ်။+ ၁၄  အို ယေဟောဝါ၊ ကိုယ်​တော့်​ကို ယုံကြည်​ကိုး​စား​ပါ​တယ်။+ “ကိုယ်​တော်​ဟာ ကျွန်​တော့်​ဘု​ရား​သခင်​ပဲ” လို့ ထုတ်​ဖော်​ပြော​ပါ​တယ်။+ ၁၅  ကျွန်​တော့်​နေ့​ရက်တွေ​ဟာ ကိုယ်​တော့်​လက်​ထဲ​မှာ​ပါ။ ရန်​သူ​တွေ၊ ညှဉ်း​ပန်း​နှိပ်​စက်​သူ​တွေရဲ့ လက်​က​နေ ကယ်​တင်​ပေးပါ။+ ၁၆  ကျွန်​တော်​မျိုး​အပေါ် မျက်​နှာ​တော်​အလင်း ထွန်း​လင်း​ပေး​ပါ​ဦး။+ ခိုင်​မြဲတဲ့​မေတ္တာ​တော်​ကို ထောက်​ပြီး ကယ်​တင်​ပေး​ပါ​ဦး။ ၁၇  ယေဟောဝါ​ဘု​ရား၊ ကျွန်​တော် ဆုတောင်း​တဲ့​အခါ အရှက်​မကွဲ​ပါ​ရ​စေ​နဲ့။+ လူ​ဆိုး​တွေ​ပဲ အရှက်​ကွဲ​ပြီး+သင်္ချိုင်း​မှာ နှုတ်​ဆိတ်​သွား​ပါ​စေ။+ ၁၈  ထောင်​လွှား​တဲ့​စိတ်၊ အထင်​သေး​တဲ့​စိတ်​နဲ့ ဖြောင့်​မတ်​သူ​ကို မောက်​မောက်​မာ​မာ လိမ်​ညာ​ပြော​တဲ့ နှုတ်​ခမ်း​တွေ ဆွံ့​အသွား​ပါ​စေ။+ ၁၉  ကိုယ်​တော်ရဲ့ ကောင်းမြတ်​ခြင်း​တွေ များ​ပြား​လိုက်​တာ။+ ကိုယ်​တော့်​ကို ကြောက်​ရွံ့​သူ​တွေ​အတွက် သို​မှီး​ထား​တယ်။+ ကိုယ်​တော်​က ခိုလှုံ​သူ​တွေရဲ့​အကျိုး​အတွက် လူ​အားလုံး​ရှေ့​မှာ ကောင်းမြတ်​ခြင်း​ကို ပြတယ်။+ ၂၀  သူတို့​ကို ပူး​ပေါင်း​ကြံ​စည်​မှု​က​နေ လွတ်​မြောက်​အောင် ကိုယ်​တော့်​အနီး​အပါး​က လျှို့ဝှက်​နေ​ရာ​မှာ ဝှက်​ထား​ပေး​လိမ့်​မယ်။+ အငြိုး​တ​ကြီး တိုက်​ခိုက်​မခံ​ရ​အောင်+ အရိပ်​တော်​အောက်​မှာ ဖုံး​ကွယ်​ပေး​လိမ့်​မယ်။ ၂၁  ယေဟောဝါ​ကို ချီး​မွမ်း​ကြ​ပါ။ ဝိုင်း​ရံ​ခံ​ရ​တဲ့ မြို့​ထဲ​မှာ+ ကျွန်​တော့်​ကို အံ့​ဖွယ်​နည်း​နဲ့ ခိုင်​မြဲတဲ့​မေတ္တာ​ပြခဲ့​တယ်။+ ၂၂  ကျွန်​တော် အလန့်​တ​ကြား​ဖြစ်​ပြီး “ရှေ့​တော်​က​နေ ပျောက်​ကွယ်​သွား​တော့​မှာ​ပဲ”+ လို့ ပြော​မိ​တယ်။ ဒါ​ပေမဲ့ အကူ​အညီ တောင်း​လိုက်​တဲ့​အခါကျွန်​တော် အသနား​ခံ​တာ​ကို ကိုယ်​တော်​ကြား​တယ်။+ ၂၃  သစ္စာ​စောင့်​သိ​သူ​အပေါင်း​တို့၊ ယေဟောဝါ​ကို ချစ်​ကြ​ပါ။+ ယေဟောဝါ​က သစ္စာ​ရှိ​သူ​တွေ​ကို ကာ​ကွယ်​ပေး​တယ်။+ ထောင်​လွှား​သူ​တွေ​ကို​တော့ အဆ​ပေါင်း​များ​စွာ ပြန်​ဆပ်​ပေး​တယ်။+ ၂၄  ယေဟောဝါ​ကို စောင့်​မျှော်​သူ​အပေါင်း​တို့၊+ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​ပါ။+

အောက်ခြေမှတ်ချက်များ