ဆာလံ ၃၄:၁-၂၂

  • ကျေး​ကျွန်​တွေ​ကို ယေဟောဝါ ကယ်​တင်

    • “နာ​မတော်​ကို အတူ​ချီး​မြှောက်​ကြ​ပါ​စို့” ()

    • ယေဟောဝါ​ရဲ့ ကောင်း​ကင်​တ​မန် ကာ​ကွယ်​ပေး ()

    • ‘ယေဟောဝါ​ရဲ့ ကောင်းမြတ်​မှု​ကို မြည်း​စမ်း​ပြီး ခံစား​ကြည့်​ပါ’ ()

    • “သူ့​အရိုး​တစ်​ချောင်း​မှ မကျိုး​ဘူး” (၂၀)

အဘိ​မလက်​မင်း​ရှေ့ ရူး​ချင်​ယောင်​ဆောင်​တဲ့​အတွက်+ မောင်း​ထုတ်​ခံ​ရ​ပြီး ထွက်​သွား​ချိန်မှာ ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ א ၃၄  ယေဟောဝါ​ကို အချိန်​တိုင်း ချီးမွမ်း​မယ်။ မရပ်​မနား ချီး​မွမ်း​မယ်။ ב ၂  ယေဟောဝါ​အကြောင်း ဂုဏ်​ယူ​ဝင့်​ကြွား​စွာ ပြော​မယ်။+ စိတ်​နူး​ညံ့​သူ​တွေ ကြား​ပြီး ဝမ်း​မြောက်​လိမ့်​မယ်။ ג ၃  ယေဟောဝါ​ကို ငါ​နဲ့​အတူ ဂုဏ်​တင်​ချီး​မွမ်း​ကြ​ပါ။+ နာ​မတော်​ကို အတူ​ချီး​မြှောက်​ကြပါစို့။ ד ၄  ယေဟောဝါ​က ငါ​မေး​လျှောက်​တဲ့​အခါ ပြန်​ဖြေတယ်။+ ကြောက်​လန့်​စ​ရာ​မှန်​သမျှ​က​နေ ငါ့​ကို ကယ်​တင်​တယ်။+ ה ၅  ဘု​ရား​ကို မျှော်​ကြည့်​သူ​တွေ​ဟာ မျက်​နှာ​ဝင်း​ပနေ​တယ်။ အရှက်​ကွဲ​ပြီး မျက်​နှာ​ပျက်​ရ​မှာ မဟုတ်​ဘူး။ ז ၆  ဟော​ဒီ​နိမ့်​ကျ​တဲ့​လူ ခေါ်​တာ​ကို ယေဟောဝါ ကြား​တယ်။ ဒုက္ခ​မှန်​သမျှ​က​နေ သူ့​ကို ကယ်​တင်​တယ်။+ ח ၇  ယေဟောဝါ​ကို ကြောက်​ရွံ့​သူ​တွေရဲ့ ပတ်​လည်​မှာ ကောင်း​ကင်​တမန် ခြံ​ရံ​နေ​တယ်။+ သူတို့​ကို ကယ်​တင်​တယ်။+ ט ၈  ယေဟောဝါ ဘယ်​လောက် ကောင်းမြတ်​သလဲ​ဆို​တာ မြည်းစမ်း​ပြီး ကိုယ်​တိုင်​ခံစား​ကြည့်​ပါ။+ ဘု​ရား​ကို ခိုလှုံ​သူ​ဟာ ပျော်​ရွှင်​ ချမ်း​မြေ့တယ်။ י ၉  သန့်​ရှင်း​သူ​အပေါင်း​တို့၊ ယေဟောဝါ​ကို ကြောက်​ရွံ့​ကြ။ ဘု​ရား​ကို ကြောက်​ရွံ့​သူ​တွေ​ဟာ​ လို​လေ​သေး​မရှိ ပြည့်​စုံ​တယ်။+ כ ၁၀  အား​ကြီး​တဲ့ ခြင်္သေ့​ပျို​တွေ မဝ​ရေ​စာ စား​နေ​ရရင်​တောင် ယေဟောဝါ​ကို ရှာ​တဲ့​သူ​တွေ​က​တော့ ကောင်း​မွန်​ရာ​တစ်​ခု​မှ ချို့တဲ့​မှာ မဟုတ်​ဘူး။+ ל ၁၁  ငါ့​သား​တို့၊ လာ​ကြ။ ငါ​ပြော​တာ​ကို နား​ထောင်​ကြ။ ယေဟောဝါ​ကို ကြောက်​ရွံ့​တတ်​အောင် သင်​ပေး​မယ်။+ מ ၁၂  မင်း​တို့​ထဲ​မှာ ဘဝ​ကို ပျော်​မွေ့​ချင်​သူ၊ကောင်း​မွန်​တဲ့​နေ့​ရက်တွေ​ကို မြင်​တွေ့​ချင်​သူ ရှိ​သလား။+ נ ၁၃  အဲဒီ​လို​နေ​ချင်​ရင် မကောင်း​တဲ့​စကား မပြော​မိ​အောင် လျှာ​ကို​ထိန်း​ချုပ်​ပါ။+ လှည့်​ဖြား​တဲ့​စကား မပြော​မိ​အောင် နှုတ်​ကို​စောင့်​စည်း​ပါ။+ ס ၁၄  မကောင်း​မှု​ကို ရှောင်​ပါ။ ကောင်း​မှု​ကို လုပ်​ဆောင်​ပါ။+ ငြိမ်သက်​ခြင်း​ရှိ​အောင် လုပ်​ဆောင်​ပြီး ငြိမ်သက်​ခြင်း အမြဲရှိ​နိုင်​အောင် အစွမ်း​ကုန်​ကြိုး​စား​ပါ။+ ע ၁၅  ယေဟောဝါ​က ဖြောင့်​မတ်​သူ​တွေ​ကို ကြည့်​ရှု​နေ​တယ်။+ သူတို့​ရဲ့ အော်​ဟစ်​အကူ​အညီ​တောင်း​သံ​ကို နား​ထောင်​နေ​တယ်။+ פ ၁၆  မကောင်း​မှု​ပြု​သူ​တွေ​ကို​တော့ ယေဟောဝါ မျက်​နှာ​လွှဲ​တယ်။ သူတို့​နဲ့​ပတ်​သက်​တဲ့ အမှတ်​ရ​စ​ရာ​အားလုံး​ကို ကမ္ဘာ​မြေပေါ်​က​နေ ဖျောက်​ဖျက်​ပစ်​တယ်။+ צ ၁၇  ဖြောင့်​မတ်​သူ​တွေ အော်​ဟစ်​တဲ့​အခါ ယေဟောဝါ ကြား​တယ်။+ ဒုက္ခ​မှန်​သမျှ​က​နေ သူတို့​ကို ကယ်​တင်​တယ်။+ ק ၁၈  ယေဟောဝါ​ဟာ စိတ်​ကြေ​ကွဲ​နေ​သူ​တွေရဲ့ အနီး​အပါး​မှာ ရှိ​တယ်။+ စိတ်​ထောင်း​ကိုယ်​ကြေ ဖြစ်​နေ​သူ​တွေ​ကို ကယ်​တင်​တယ်။+ ר ၁၉  ဖြောင့်​မတ်​သူ​ဟာ အခက်​အခဲ အများ​ကြီး​ကြုံ​ရ​ပေမဲ့+ ယေဟောဝါ​က အခက်​အခဲ​မှန်​သမျှ​က​နေ သူ့​ကို​ကယ်​တင်​တယ်။+ ש ၂၀  ဘု​ရား ကာ​ကွယ်​ပေး​တဲ့​အတွက် သူ့​အရိုး​တစ်​ချောင်း​မှ မကျိုး​ဘူး။+ ת ၂၁  လူ​ဆိုး​တွေ​ဟာ ဘေး​ဒုက္ခ​ကြောင့် သေဆုံး​ရ​လိမ့်​မယ်။ ဖြောင့်​မတ်​သူ​ကို မုန်း​တဲ့​သူ​တွေ​ဟာ အပြစ်​ရှိ​သူ​တွေလို့ ယူ​မှတ်​ခံ​ရ​လိမ့်​မယ်။ ၂၂  ယေဟောဝါ​က မိမိ​ကျေး​ကျွန်​တွေရဲ့ အသက်​ကို ရွေး​ယူ​တယ်။ ဘု​ရား​ဆီ ခိုလှုံ​သူ​တစ်​ယောက်​မှ​ အပြစ်​ရှိ​သူ​လို့ ယူ​မှတ်​ခံ​ရ​မှာ မဟုတ်​ဘူး။+

အောက်ခြေမှတ်ချက်များ