မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၁၂

သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ

“ဒါကို မအံ့သြကြပါနဲ့။ သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး သားတော်ရဲ့အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်။”

ယောဟန် ၅:၂၈၊ ၂၉

“ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာမယ်။”

တမန်တော် ၂၄:၁၅

“ရာဇပလ္လင်ရှေ့မှာ သေလွန်သူ လူကြီးလူငယ်တွေ ရပ်နေတာကို ကျွန်တော်မြင်တယ်။ စာလိပ်တွေကို ဖွင့်ထားတယ်။ တခြားစာလိပ်တစ်ခုကိုလည်း ဖွင့်ထားသေးတယ်။ အဲဒါ အသက်စာလိပ်ပဲ။ သေလွန်သူတွေဟာ စာလိပ်တွေမှာ ရေးထားတဲ့ စကားတွေနဲ့အညီ သူတို့ရဲ့ အကျင့်တွေအတိုင်း တရားစီရင်ခံရတယ်။ ပင်လယ်က မိမိဆီမှာရှိတဲ့ သေလွန်သူတွေကို ပေးအပ်တယ်။ သေမင်းနဲ့ သင်္ချိုင်းကလည်း မိမိတို့ဆီမှာ ရှိထားတဲ့ သေလွန်သူတွေကို ပေးအပ်တယ်။ သေလွန်သူတွေဟာ သူတို့ရဲ့အကျင့်တွေအတိုင်း တရားစီရင်ခံရတယ်။”

ဗျာဒိတ် ၂၀:၁၂၊ ၁၃