မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၈

လူသားတွေ ဆင်းရဲဒုက္ခရောက်တာ ဘုရားသခင်ကြောင့်လား

“စစ်မှန်တဲ့ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။ အနန္တတန်ခိုးရှင်က မကောင်းတာကို လုံးဝမလုပ်ဘူး။”

ယောဘ ၃၄:၁၀

“စမ်းသပ်မှုကြုံရတဲ့အခါ ‘ငါ့ကို ဘုရားသခင် စမ်းသပ်နေတာပဲ’ လို့ မပြောကြနဲ့။ မကောင်းတဲ့အရာတွေနဲ့ ဘုရားသခင်ကို ဘယ်သူမှ စမ်းသပ်လို့မရသလို ဘုရားသခင်ကလည်း ဘယ်သူ့ကိုမှ မကောင်းတဲ့အရာနဲ့ မစမ်းသပ်ဘူး။”

ယာကုပ် ၁:၁၃

“စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”

၁ ပေတရု ၅:၇

“နှောင့်နှေးတယ်လို့ လူတချို့ ထင်ပေမဲ့ တကယ်တော့ ယေဟောဝါဟာ မိမိကတိနဲ့ပတ်သက်လာရင် မနှောင့်နှေးပါဘူး။ ဘုရားသခင် စိတ်ရှည်ရတဲ့ အကြောင်းရင်းက ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့ပါ။”

၂ ပေတရု ၃:၉