ဆာလံ ၄၁:၁-၁၃

  • အိပ်​ရာ​ထဲ​လဲ​နေ​သူ​ရဲ့ ဆုတောင်း​ချက်

    • ဖျား​နေ​သူ​ကို ဘုရား ဖေး​မ ()

    • မိတ်ဆွေ​ရင်း​ရဲ့ သစ္စာ​ဖောက်​မှု ()

ဂီ​တ​မှူး​သို့။ ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၄၁  နိမ့်​ကျ​သူ​ကို စာ​နာ​မှု​ပြတဲ့​သူဟာ ပျော်​ရွှင်​ချမ်းမြေ့တယ်။+ ဘေး​ဆိုး​ကြုံ​ရ​ချိန်​မှာ ယေဟောဝါ ကယ်​တင်​လိမ့်​မယ်။ ၂  သူ့​ကို ယေဟောဝါ စောင့်​ရှောက်​ပြီး အသက်​ဆက်​ရှင်​စေ​လိမ့်​မယ်။ ကမ္ဘာ​မြေပေါ်​မှာ ပျော်​ရွှင်​ချမ်း​မြေ့သူ​လို့ သတ်​မှတ်​လိမ့်​မယ်။+ သူ့​ကို ရန်​သူ​တွေ​လက်​ထဲ ဘယ်​တော့​မှ မအပ်​ဘူး။+ ၃  သူ အိပ်​ရာ​ထဲ​လဲ​နေ​ချိန်​မှာ ယေဟောဝါ ဖေး​မပေး​မယ်။+ သူ​ဖျား​နာ​နေ​ချိန်​မှာ ပြု​စု​ပေး​မယ်။ ၄  “အို ယေဟောဝါ၊ ကျွန်​တော့်​ကို မျက်​နှာ​သာ​ပေး​လှည့်​ပါ။+ ကု​စား​ပေး​လှည့်​ပါ။+ ကိုယ်​တော့်​ကို ပြစ်​မှား​မိ​ပါ​ပြီ”+ လို့ ငါ​ပြော​တယ်။ ၅  ရန်​သူ​တွေ​က​တော့ “သူ ဘယ်​အချိန်​ကျ​မှ သေမှာ​လဲ။ ဘယ်​အချိန်​ကျ​မှ သူ့​နာ​မည် ပျောက်​ပျက်​သွား​မှာ​လဲ” ဆို​ပြီးငါ့​အကြောင်း မကောင်း​ပြော​နေ​ကြ​တယ်။ ၆  ရန်​သူ​က ငါ့​ကို​လာ​ကြည့်​ပြီဆို​ရင် မဟုတ်​မမှန်​တာ​တွေ ပြော​တယ်။ ထိ​ခိုက်​စေ​တဲ့​စကား​တွေ ပြော​ဖို့​ပဲ ရှာ​ကြံ​တယ်။ ပြန်​သွား​တဲ့​အခါ​လည်း ငါ့​သတင်း​တွေ​ကို လိုက်​ဖြန့်​တယ်။ ၇  ငါ့​ကို​မုန်း​တဲ့​သူ​တွေ ငါ့​အကြောင်း တီး​တိုး​ပြော​ကြ​တယ်။ ငါ့​ကို မကောင်း​ကြံ​ကြ​တယ်။ ၈  “ကြောက်​စ​ရာ​ကောင်း​တာ​ကို သူ​ကြုံ​နေ​ရ​ပြီ။ သူ လဲ​သွား​ပြီ။ နာ​လန်​ထူ​နိုင်​တော့​မှာ မဟုတ်​ဘူး”+ လို့​ပြော​ကြ​တယ်။ ၉  ငါ​ယုံ​ကြည်​လို့+ အတူ​လက်​ဆုံ​စား​တဲ့ ငါ့​မိတ်ဆွေ​ရင်း​က​တောင် ငါ့​ကို ဖနောင့်​နဲ့​ပေါက်​တယ်။+ ၁၀  အို ယေဟောဝါ၊ ကျွန်​တော့်​ကို မျက်​နှာ​သာ​ပေး​ပြီး ထူ​မပေး​လှည့်​ပါ။ ဒါ​မှ သူတို့​လုပ်​ရပ်​အတွက် ပြန်​ဒဏ်​ပေး​နိုင်​မှာ​ပါ။ ၁၁  ရန်​သူ​က ကျွန်​တော့်​အပေါ် အောင်​ပွဲ​မဆင်​နိုင်​ဘူး။+ ဒါ​ကို​ကြည့်​ပြီး ကိုယ်​တော့်​နှစ်​သက်​မှု​ကို ရ​ထား​မှန်း ကျွန်​တော် သိ​နိုင်​မှာ​ပါ။ ၁၂  ကျွန်​တော့်​သမာ​ဓိ​ကြောင့်+ ကျွန်​တော့်​ကို ထောက်မ​ပြီးရှေ့​တော်​မှာ ထာ​ဝ​စဉ် နေ​ရာ​ပေး​လိမ့်​မယ်။+ ၁၃  အစ္စရေး​တို့​ရဲ့​ဘု​ရား ယေဟောဝါ​ကိုအစဉ်​ထာ​ဝ​ရ ချီး​မွမ်း​ကြ​ပါ​စေ။+ အာ​မင်။ အာ​မင်။*

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”