ဆာလံ ၇၇:၁-၂၀

  • ဒုက္ခ​ရောက်​ချိန်​မှာ ဆုတောင်း​ချက်

    • ဘုရား​ရဲ့ လုပ်​ဆောင်​မှု​တွေ​အကြောင်း တွေးတော (၁၁၊ ၁၂)

    • “ဘယ်​ဘုရား​က ကိုယ်​တော့်​လို ကြီးမြတ်​ပါ​သလဲ” (၁၃)

ယေ​ဒု​သုန်* နဲ့​သက်​ဆိုင်​တဲ့ ဂီ​တ​မှူး​သို့။ အာ​သပ်​စပ်​ဆို​တဲ့​သီချင်း။+ ၇၇  ဘု​ရား​သခင်​ကို ငါ​အော်​ခေါ်​မယ်။ ငါ​အော်​ခေါ်​တဲ့​အခါ ဘု​ရား​သခင် ကြား​မှာ​ပါ။+ ၂  ဒုက္ခရောက်​ချိန်​မှာ ယေဟောဝါ​ကို ငါ​ရှာ​တယ်။+ ည​ဘက်​မှာ ကိုယ်​တော့်​ဆီ မနား​တမ်း လက်​ဖြန့်​ဆုတောင်း​တယ်။ ဒါ​တောင် စိတ်​သက်​သာ​ရာ မရ​နိုင်​ဘူး။ ၃  ဘု​ရား​သခင်​ကို သတိ​ရ​လေ​တိုင်း ငါ​ညည်း​တွား​နေ​မိ​တယ်။+ ငါ့​မှာ စိတ်​ဒုက္ခရောက်လို့ အားအင်​ကုန်​ခန်း​နေ​ပါ​ပြီ။+ (စဲ​လာ) ၄  မျက်​စိ​မှိတ်​ပြီး အိပ်​ပျော်​ခွင့်​ကို ကိုယ်​တော်​မပေး​ခဲ့​ဘူး။ ကျွန်​တော် စိတ်​ညစ်​လွန်း​လို့ စကား​တောင် မပြော​နိုင်​တော့​ဘူး။ ၅  ဟိုး​အရင်​က နေ့​ရက်တွေ၊ဟိုး​အတိတ်​က နှစ်​တွေ​အကြောင်း ပြန်​တွေး​မိ​တယ်။+ ၆  ကိုယ်​ရေး​စပ်​ခဲ့​တဲ့ သီချင်း​ကို ည​အချိန်​မှာ ပြန်​သတိ​ရ​တယ်။+ တ​စိမ့်​စိမ့်​တွေး​တယ်။+ အသေအချာ ဆန်း​စစ်​တယ်။ ၇  ယေဟောဝါ​က ငါ​တို့​ကို ထာ​ဝ​စဉ် စွန့်​ပစ်​ထား​မှာ​လား။+ မျက်​နှာ​သာ​မပေး​ဘဲ နေ​တော့​မှာ​လား။+ ၈  ခိုင်​မြဲတဲ့​မေတ္တာ ထာ​ဝ​စဉ် ကုန်​ခန်း​သွား​ပြီလား။ ကတိ​တော်​က​လည်း လူမျိုး​အစဉ်​အဆက် ပျက်​နေ​တော့​မှာ​လား။ ၉  ဘု​ရား​သခင်​က မျက်​နှာ​သာ​ပေး​ဖို့ မေ့​နေ​ပြီလား။+ အမျက်​ထွက်​ပြီး ကရု​ဏာ​ကို ရုပ်​သိမ်း​လိုက်​ပြီလား။ (စဲ​လာ) ၁၀  “အမြင့်​ဆုံး​အရှင်​က ညာ​လက်​ကို ရုပ်​သိမ်း​လိုက်​ပြီ။ ဒါ​ကြောင့် ကျွန်​တော် စိတ်​ဆင်း​ရဲ ကိုယ်​ဆင်း​ရဲ ဖြစ်​နေ​ပြီ”+ လို့ ပြော​နေ​ရ​မှာ​လား။ ၁၁  ယေဟောဝါ​ရဲ့ လုပ်​ဆောင်​မှု​တွေ​ကို သတိ​ရ​ပါ့​မယ်။ ဟို​တုန်း​က​လုပ်​ဆောင်​ခဲ့​တဲ့ အံ့​ဖွယ်​အမှု​တွေ​ကို သတိ​ရ​ပါ့​မယ်။ ၁၂  ကိုယ်​တော်ရဲ့ လုပ်​ဆောင်​မှု​တွေ​အကြောင်း တွေး​တော​ဆင်​ခြင်​ပါ့​မယ်။ ကိုယ်​တော်ရဲ့ လုပ်​ရပ်တွေ​အကြောင်း စဉ်း​စား​ဆင်​ခြင်​ပါ့​မယ်။+ ၁၃  အို ဘု​ရား​သခင်၊ ကိုယ်​တော်ရဲ့ လမ်း​စဉ်တွေ​ဟာ သန့်​ရှင်း​မြင့်မြတ်​တယ်။ အို ဘု​ရား​သခင်၊ ဘယ်​ဘု​ရား​က​ ကိုယ်​တော့်​လို ကြီးမြတ်​ပါ​သလဲ။+ ၁၄  ကိုယ်​တော်​ဟာ စစ်​မှန်​တဲ့​ဘု​ရား​သခင်​ပဲ။ အံ့​ဖွယ်​ရာတွေ လုပ်​ဆောင်​တယ်။+ လူ​တွေ​ကို အစွမ်း​တန်ခိုး​ပြတယ်။+ ၁၅  လူမျိုး​တော်​ကို တန်ခိုး​နဲ့ ကယ်​တင်​ခဲ့​တယ်။+ ယာကုပ်​နဲ့ ယော​သပ်​ရဲ့ သား​မြေး​တွေ​ကို ကယ်​တင်​ခဲ့​တယ်။ (စဲ​လာ) ၁၆  အို ဘု​ရား​သခင်၊ ရေတွေ​က ကိုယ်​တော့်​ကို​မြင်​တယ်။ ကိုယ်​တော့်​ကို မြင်​တဲ့​အခါ ရေတွေ မငြိမ်​မသက် ဖြစ်​သွား​တယ်။+ နက်​ရှိုင်း​တဲ့​ရေ​ထု​ကြီး ဟုန်း​ဟုန်း​မြည်​သွား​တယ်။ ၁၇  မိုး​တိမ်​တွေ မိုး​ရွာ​ချ​တယ်။ အုံ့​မှိုင်း​နေ​တဲ့ ကောင်း​ကင်​က မိုး​ခြိမ်း​တယ်။ ကိုယ်​တော်ရဲ့​မြား​တွေ ဟို​ဟို​ဒီ​ဒီ ပျံဝဲ​နေ​တယ်။+ ၁၈  မိုး​ခြိမ်း​သံ​ဟာ+ မြင်း​ရ​ထား​ဘီး​တွေရဲ့ အသံ​လို​ပဲ။ လျှပ်​စီး​တွေ​ကြောင့် ကမ္ဘာ​မြေ လင်း​လက်​သွား​တယ်။+ ကမ္ဘာ​မြေ သိမ့်​သိမ့်​တုန်​သွား​တယ်။+ ၁၉  ပင်လယ်​ပြင်​ကို ကိုယ်​တော် ဖြတ်​လျှောက်​သွား​တယ်။+ ရေ​ထု​ကြီး​ကို ဖြတ်​သန်း​သွား​တယ်။ ဒါ​ပေမဲ့ ကိုယ်​တော့်​ကို ခြေ​ရာ​ခံ​လို့ မရ​နိုင်​ဘူး။ ၂၀  လူမျိုး​တော်​ကို သိုး​အုပ်​လို ကိုယ်တော် ဦး​ဆောင်​ခေါ်​သွား​တယ်။+ မော​ရှေ​နဲ့ အာ​ရုန်​ကို​သုံး​ပြီး ဂရု​စိုက် စောင့်​ရှောက်​ခဲ့​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။