ဆာလံ ၃၆:၁-၁၂

  • အဖိုး​ထိုက်​တဲ့ ခိုင်​မြဲသော​မေတ္တာ​တော်

    • ဘုရား​သခင်​ကို လူ​ဆိုး မကြောက် ()

    • အသက်​ရဲ့​ပင်​ရင်း ဘုရား​သခင် ()

    • ‘အလင်း​တော်​ကြောင့်​သာ အလင်း​ကို မြင်​တွေ့​နိုင်​တာ​ပါ’ ()

ဂီ​တ​မှူး​သို့။ ယေဟောဝါ​ရဲ့​ကျွန် ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၃၆  လူ​ဆိုး​ရဲ့​စိတ်​ထဲ​မှာ အပြစ်​က စကား​ပြော​နေ​တယ်။ လူ​ဆိုး​က ဘု​ရား​သခင်​ကို ကြောက်​ရ​ကောင်း​မှန်း မသိ​ဘူး။+ ၂  ကိုယ့်​ကိုယ်​ကိုယ် အထင်​ကြီး​လွန်း​တဲ့​အတွက် ကိုယ့်​အမှား​ကို မြင်​လည်း မမြင်​ဘူး၊ မုန်း​လည်း မမုန်း​ဘူး။+ ၃  သူ့​နှုတ်​က​ထွက်​တဲ့ စကား​တွေ​ဟာ ထိ​ခိုက်​စေ​တယ်။ လှည့်​စား​တတ်​တယ်။ မှန်​ရာ​လုပ်​တဲ့​အခါ လို​အပ်​တဲ့ ထိုး​ထွင်း​ဉာဏ်​မျိုး သူ့​မှာ မရှိ​ဘူး။ ၄  အိပ်​ရာ​ပေါ် ရှိ​နေ​ချိန်​မှာတောင်​ သူတစ်ပါး​ကို အကောက်​ကြံ​နေတယ်။ မကောင်း​တဲ့​လမ်း​ပေါ် ရပ်​မြဲရပ်​နေ​တယ်။ မကောင်း​မှု​ကို မငြင်း​ပယ်​ဘူး။ ၅  ယေဟောဝါ​ဘု​ရား၊ ခိုင်​မြဲတဲ့​မေတ္တာ​တော်​ဟာ ကောင်း​ကင်​အထိ၊+သစ္စာ​တ​ရား​ဟာ မိုး​တိမ်​တွေ​အထိ မြင့်​မား​လှ​တယ်။ ၆  ကိုယ်​တော်ရဲ့ ဖြောင့်​မတ်​ခြင်း​ဟာ ခံ့​ညား​တဲ့ တောင်​တန်း​ကြီး​လို​ပါ​ပဲ။+ ကိုယ်​တော်ရဲ့ တ​ရား​စီ​ရင်​ချက်​တွေ​ဟာ နက်​ရှိုင်း​တဲ့ ရေ​ထု​ကြီး​လို​ပါ​ပဲ။+ အို ယေဟောဝါ၊ လူ​တွေရော တိ​ရစ္ဆာန်တွေ​ပါ ရှင်​သန်​နေ​တာ ကိုယ်​တော်​ကြောင့်​ပါ။+ ၇  အို ဘု​ရား​သခင်၊ ခိုင်​မြဲတဲ့​မေတ္တာ​တော်​ဟာ အဖိုး​ထိုက်​လှ​တယ်။+ အတောင်​တော် အရိပ်​အောက်​မှာလူ​သား​တွေ ခိုလှုံ​ကြ​တယ်။+ ၈  အိမ်​တော်​ထဲ​က အဆီ​အနှစ်​တွေ​ကို သူတို့ ဝ​ဝ​လင်​လင် သောက်​သုံး​ရ​တယ်။+ ကိုယ်​တော်​က သူတို့​ကို ကောင်းမြတ်​ခြင်း​မြစ်​ရေ သောက်​သုံး​စေ​တယ်။+ ၉  ကိုယ်​တော်​ဟာ အသက်​ရဲ့​ပင်ရင်းပါ။+ အလင်း​တော်​ကြောင့်​သာ အလင်း​ကို ကျွန်​တော်​တို့ မြင်​တွေ့​နိုင်​တာပါ။+ ၁၀  ကိုယ်​တော့်​ကို သိ​ကျွမ်း​သူ​တွေ​အပေါ် ခိုင်​မြဲတဲ့​မေတ္တာ ဆက်​ပြလှည့်​ပါ။+ စိတ်​ရိုး​ဖြောင့်​သူ​တွေ​အပေါ် ကိုယ်​တော်ရဲ့ ဖြောင့်​မတ်​မှု​ကို တည်​မြဲတည်​စေ​ပါ။+ ၁၁  မောက်​မာ​သူ​တွေ ကျွန်​တော့်​ကို မနင်း​ပါ​စေ​နဲ့။ လူ​ဆိုး​တွေ ကျွန်​တော့်​ကို မမောင်း​ထုတ်​ပါ​စေ​နဲ့။ ၁၂  အမှား​ကျူး​လွန်​သူ​တွေ ကျ​ဆုံး​ကုန်​ပြီ။ ပြန်​မထ​နိုင်​လောက်​အောင် အလဲ​ထိုး​ခံ​ရ​ပြီ။+

အောက်ခြေမှတ်ချက်များ