ဆာလံ ၁၀၄:၁-၃၅

  • အံ့​ဖွယ် ဖန်​ဆင်း​ခြင်း​လက်​ရာတွေ​အတွက် ဘုရား​ကို ချီး​မွမ်း

    • ကမ္ဘာ​မြေ ထာ​ဝ​စဉ်​တည် ()

    • လူ​တွေ​အတွက် စ​ပျစ်​ဝိုင်​နဲ့ အစား​အစာ (၁၅)

    • “ကိုယ်​တော့် လုပ်​ဆောင်​မှု​တွေ များ​လိုက်​တာ” (၂၄)

    • ‘အသက်​စွမ်းအား ရုပ်​သိမ်း​လိုက်​တဲ့​အခါ သေဆုံး’ (၂၉)

၁၀၄  ယေဟောဝါ​ကို ချီး​မွမ်း​ပါရစေ။+ ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော်​ဟာ အလွန်​ကြီးမြတ်လှ​တယ်။+ ဘုန်း​တန်ခိုး​နဲ့ ခမ်း​နား​မှု​ကို ဝတ်​ဆင်​ထား​တယ်။+ ၂  အလင်း​ကို ဝတ်​ရုံ​လို ခြုံ​လွှမ်း​ထား​တယ်။+ ကောင်း​ကင်​ကို ရွက်​ထည်​လို ဖြန့်​မိုး​ထား​တယ်။+  ၃  ဘု​ရား​က စံ​အိမ်​အထက်​ခန်း​တွေရဲ့ ထုပ်​တန်း​တွေ​ကို တိမ်​စိုင်​တိမ်​ခဲ​တွေ​ပေါ်​မှာ တည်​ဆောက်​တယ်။+ တိမ်​လွှာ​တွေ​ကို မြင်း​ရ​ထား​လို စီးနင်း​တယ်။+ လေ​ရဲ့​တောင်​ပံ​ကို စီး​ပြီး သွား​လာ​တယ်။+ ၄  ကောင်း​ကင်​တ​မန်​တွေ​ကို တန်ခိုး​ကြီး​တဲ့ စွမ်းအား* ဖြစ်​စေ​တယ်။ အမှု​ထမ်း​တွေ​ကို လောင်​နေ​တဲ့​မီးလျှံ ဖြစ်​စေ​တယ်။+ ၅  ကမ္ဘာ​မြေကို အုတ်​မြစ်​တွေ​ပေါ် တည်​ဆောက်​တယ်။+ သူ့​နေ​ရာ​က​နေ ဘယ်​တော့​မှ ရွှေ့လို့ရ​မှာ မဟုတ်​ဘူး။+ ၆  ကိုယ်​တော်​က ဝတ်​ရုံ​နဲ့​ဖုံး​လွှမ်း​သလို ကမ္ဘာ​မြေကို နက်​ရှိုင်း​တဲ့ ရေ​ထု​နဲ့ ဖုံး​လွှမ်း​တယ်။+ တောင်​တန်း​တွေ​ကို ရေ​ထု​နဲ့ ဖုံး​လွှမ်း​တယ်။ ၇  ကိုယ်​တော် ဆုံးမ​လိုက်​တာ​နဲ့ ရေတွေ ထွက်​ပြေး​သွား​တယ်။+ မိုး​ခြိမ်း​သံ​နဲ့​တူ​တဲ့ အသံ​တော်​ကြောင့် ရေတွေ အလန့်​တ​ကြား ထွက်​ပြေး​သွား​တယ်။ ၈  ကိုယ်​တော် သတ်​မှတ်​ပေး​တဲ့ နေ​ရာ​ဆီတောင်​တန်း​တွေ မြင့်​တက်​သွား​တယ်၊+ ချိုင့်​ဝှမ်း​တွေ နိမ့်​ဆင်း​သွား​တယ်။ ၉  ကမ္ဘာ​မြေကို နောက်​တစ်​ခါ ရေ​မလွှမ်း​မိုး​နိုင်​အောင်ရေတွေ ဖြတ်​ကျော်လို့ မရ​တဲ့ နယ်​နိ​မိတ်​ကို ကိုယ်​တော် သတ်​မှတ်​ပေး​တယ်။+ ၁၀  ချိုင့်​ဝှမ်း​တွေ​ထဲ​မှာ စမ်း​ချောင်း​တွေ စီး​ထွက်​စေ​တယ်။ တောင်​တန်း​တွေ​ကြား​မှာ စမ်း​ချောင်း​တွေ စီး​ဆင်း​နေ​တယ်။ ၁၁  စမ်း​ချောင်း​တွေ​ကြောင့် သား​ရဲတွေ သောက်​စ​ရာရေ​ကို ရ​တယ်။ မြည်း​ရိုင်း​တွေ​လည်း ရေ​ငတ်​​ပြေကြ​တယ်။ ၁၂  စမ်း​ချောင်း​ဘေး​မှာ ငှက်​တွေ အိပ်​တန်း​တက်​ပြီးအုပ်​ဆိုင်း​နေ​တဲ့ သစ်​ခက်​တွေ​ကြား​မှာ တေး​သီ​ကြ​တယ်။ ၁၃  ဘု​ရား​က စံ​အိမ်​အထက်​ခန်း​တွေ​က​နေတောင်​တန်း​တွေ​ပေါ်ရေ​သွန်း​လောင်း​ပေး​တယ်။+ ကိုယ်​တော့်​လုပ်​ဆောင်​မှု​ရဲ့ အကျိုး​ကျေး​ဇူး​ကြောင့် ကမ္ဘာ​မြေဟာ လို​အင်​ဆန္ဒ ပြည့်​ဝ​နေ​တယ်။+ ၁၄  ဘု​ရား​က တိ​ရစ္ဆာန်တွေ​အတွက် မြက်​တွေ ပေါက်​စေ​တယ်။ လူ​တွေ အသုံး​ပြု​နိုင်​ဖို့ အပင်​တွေ ပေါက်​စေ​တယ်။+ မြေကြီး​ထဲ​က​နေ သီး​ပင်​စား​ပင်​တွေ ပေါက်​စေ​တယ်။ ၁၅  လူ့​စိတ်​ကို ပျော်​ရွှင်​စေ​တဲ့ စပျစ်​ဝိုင်၊+ မျက်​နှာ​ကို ဝင်း​လက်​စေ​တဲ့​ဆီ၊သေမျိုး​ဖြစ်​တဲ့​လူ​ရဲ့ စိတ်​ကို အား​ဖြည့်​ပေး​တဲ့ အစား​အစာ​တွေ​ကို+မြေကြီး​ထဲ​က​နေ ရ​ရှိ​စေ​တယ်။ ၁၆  ယေဟောဝါ​စိုက်​ပျိုး​တဲ့ သစ်​ပင်​တွေ၊လက်​ဘ​နွန်​က သစ်​က​တိုး​ပင်​တွေ ရေ​ဝ​နေ​တယ်။ ၁၇  အဲဒီ​အပင်​တွေ​ပေါ်​မှာ ငှက်​တွေ အသိုက်​လုပ်​တယ်။ ဂျူ​နီ​ပါ​ထင်း​ရှူး​ပင်​ဟာ ငှက်​ကျား​တွေရဲ့ စံ​အိမ်​ပဲ။+ ၁၈  မြင့်​မား​တဲ့ တောင်​တန်း​တွေ​ဟာ တောင်​ဆိတ်​တွေ ကျက်​စား​တဲ့​နေ​ရာ၊+ကျောက်​ဆောင်​တွေ​ဟာ ယုန်​တွေ* နား​ခို​ရာ​ပဲ။+ ၁၉  အချိန်​ကာလ​ကို သတ်​မှတ်​ဖို့ လမင်း​ကို ဘု​ရား​ဖန်​ဆင်း​တယ်။ နေ​မင်း​က​လည်း ဝင်​ရ​မယ့်​အချိန်​ကို ကောင်း​ကောင်း​သိ​တယ်။+ ၂၀  အမှောင်​ကို ကိုယ်​တော် ခေါ်​လာ​တဲ့​အခါ ည​အချိန် ရောက်​လာ​တယ်။+ အဲဒီ​အချိန်​မှာ သား​ရဲတွေ လှည့်​လည်​ကျက်​စား​ကြ​တယ်။ ၂၁  ခြင်္သေ့​ပျို​တွေ ဟိန်း​ဟောက်​ပြီး သား​ကောင်​ရှာ​တယ်။+ ဘု​ရား​သခင်​ပေး​တဲ့ အစာ​ကို ရှာ​ကြ​တယ်။+ ၂၂  နေ​ထွက်​လာ​တဲ့​အခါဂူ​တွေ​ထဲ ပြန်​အောင်း​ကြ​တယ်။ ၂၃  လူ​တွေ အလုပ်​လုပ်​ဖို့ ထွက်​လာ​တယ်။ ည​နေ​အထိ အလုပ်​လုပ်​ကြ​တယ်။ ၂၄  ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော့်​လုပ်​ဆောင်​မှု​တွေ များ​လိုက်​တာ။+ ဒါ​တွေ​အားလုံး​ကို ဉာဏ်​ပညာ​နဲ့ ဖန်​ဆင်း​ထား​တယ်။+ ကမ္ဘာ​မြေဟာ ကိုယ်​တော့်​လက်​ရာတွေ​နဲ့ ပြည့်​နေ​တယ်။ ၂၅  အတိုင်း​မသိ​များ​တဲ့ သတ္တ​ဝါ​ကြီး​ငယ်​တို့ နေ​ထိုင်​ရာ+အပြော​ကျယ်​တဲ့ ပင်လယ်​ကြီး ရှိ​ပါ​တယ်။ ၂၆  ပင်လယ်​ထဲ​မှာ သင်္ဘော​တွေ ခ​ရီး​လှည့်​လည်​ကြ​တယ်။ ကိုယ်​တော် ဖန်​ဆင်း​ထား​တဲ့​ လဝိသန်*+ ပင်လယ်​ထဲ​မှာ ဆော့ကစား​နေ​တယ်။ ၂၇  သူတို့​အားလုံး​က အချိန်​တန်​တဲ့​အခါ အစာ​ရ​ဖို့ကိုယ်​တော့်​ကို မျှော်​နေ​ကြ​တယ်။+ ၂၈  ကိုယ်​တော် ပေး​တာ​တွေ​ကို သူတို့​စား​ကြ​တယ်။+ လက်​တော်​ကို ဖွင့်​လိုက်​တဲ့​အခါ ကောင်း​မွန်​ရာတွေ သူတို့ အဝ​စား​ရ​တယ်။+ ၂၉  ကိုယ်​တော် မျက်​နှာ​လွှဲ​တဲ့​အခါ သူတို့ ယောက်​ယက်​ခတ်​ကုန်​တယ်။ အသက်​စွမ်းအား​ကို* ရုပ်​သိမ်း​လိုက်​တဲ့​အခါ သူတို့ သေဆုံး​ပြီး မြေမှုန့်​ကို​ပဲ ပြန်​ရ​တယ်။+ ၃၀  ကိုယ်​တော်​က စွမ်းအား​တော်​ကို​လွှတ်​ပြီး သူတို့​ကို ဖန်​ဆင်း​ခဲ့​တယ်။+ မြေပြင်​ပေါ်​မှာ သက်​ရှိ​အသစ်​တွေ ပေါက်​ပွား​စေ​တယ်။ ၃၁  ယေဟောဝါ​ရဲ့ ဂုဏ်​ကျက်​သရေ​ဟာ ထာ​ဝ​စဉ် တည်​လိမ့်​မယ်။ ယေဟောဝါ​ဟာ မိမိ​ရဲ့​လုပ်​ဆောင်​မှု​တွေ​ကြောင့် ဝမ်း​မြောက်​လိမ့်​မယ်။+ ၃၂  ဘု​ရား ကြည့်​လိုက်​တဲ့​အခါ ကမ္ဘာ​မြေ တုန်​လှုပ်​သွား​တယ်။ တောင်​တန်း​တွေ​ကို ထိ​လိုက်​တဲ့​အခါ မီး​ခိုး​တွေ ထွက်​လာ​တယ်။+ ၃၃  ယေဟောဝါ​ကို အသက်​ထက်​ဆုံး ချီး​မွမ်း​သီချင်း​ဆို​မယ်။+ အသက်​ရှင်​နေ​သရွေ့ ဘု​ရား​သခင်​ကို ချီး​မွမ်း​သီချင်း​ဆို​မယ်။+ ၃၄  ငါ့​အတွေး​တွေ​ဟာ ဘု​ရား​နှစ်​သက်​စ​ရာ ဖြစ်​ပါ​စေ။* ယေဟောဝါ​ကြောင့် ငါ​ဝမ်း​မြောက်​မယ်။ ၃၅  အပြစ်​ကျူး​လွန်​သူ​တွေ ကမ္ဘာ​မြေပေါ်​က​နေ ပျောက်​ကွယ်​သွား​လိမ့်​မယ်။ လူ​ဆိုး​တွေ​လည်း ရှိ​တော့​မှာ မဟုတ်​ဘူး။+ ယေဟောဝါ​ကို ချီး​မွမ်း​ပါ​ရ​စေ။ ယေဟောဝါ​ကို ချီး​မွမ်း​ကြ။*

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ကျောက်​ဆောင်​မှာ​နေ​တဲ့ ယုန်​နဲ့​တူ​တဲ့ အကောင်​တစ်​မျိုး။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ် “စွမ်းအား” ကို​ကြည့်။
“ဘု​ရား​နဲ့​ပတ်​သက်​တဲ့ ငါ့​အတွေး​တွေ နှစ်​သက်​စ​ရာ​ဖြစ်​ပါ​စေ” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “ ‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။