ဆာလံ ၁:၁-၆

  • လမ်း​စဉ်​နှစ်​ခု နှိုင်း​ယှဉ်​ပြ

    • ဘုရား​သခင်​ရဲ့​ပညတ်​ကို ဖတ်​ပြီး ပျော်​ရွှင် ()

    • ဖြောင့်​မတ်​သူ​ဟာ အသီး​သီး​တဲ့​သစ်​ပင်​နဲ့​တူ ()

    • လူ​ဆိုး​တွေ လေ​တိုက်​ရာ လွင့်​ပါ​တဲ့ ဖွဲ​နဲ့​တူ ()

 လူ​ဆိုး​တွေရဲ့ အကြံ​ဉာဏ်​အတိုင်း မလိုက်​တဲ့​သူ၊အပြစ်​လုပ်​သူ​တွေရဲ့ လမ်း​စဉ်​မှာ မရပ်​တဲ့​သူ၊+လှောင်​ပြောင်​သူ​တွေ​နဲ့​အတူ မထိုင်တဲ့​သူ​ဟာ+ ပျော်​ရွှင်​ချမ်း​မြေ့တယ်။ ၂  သူ​ဟာ ယေဟောဝါ​ရဲ့ ပညတ်​မှာ ပျော်​မွေ့​ ပြီး+ ပညတ်​တော်​ကို နေ့​ည​မပြတ် ဖတ်​ရွတ်​ဆင်​ခြင်​တယ်။+ ၃  ရာ​သီ​အလိုက် အသီး​သီး​ပြီးမညှိုး​နွမ်း​တဲ့ သစ်​ပင်၊စမ်း​ချောင်း​နား စိုက်​ထား​တဲ့ သစ်​ပင်​နဲ့ တူ​လိမ့်​မယ်။ လုပ်​သမျှ အောင်​မြင်​လိမ့်​မယ်။+ ၄  လူ​ဆိုး​တွေ​က​တော့ အဲဒီ​လို မဟုတ်​ဘူး။ လေ​တိုက်​ရာ လွင့်​ပါ​သွား​တဲ့ ဖွဲ​နဲ့​တူ​တယ်။ ၅  ဒါ​ကြောင့် တ​ရား​စီ​ရင်​ခံ​ရ​တဲ့​အခါ လူ​ဆိုး​တွေ ရပ်​တည်​နိုင်​မှာ မဟုတ်​ဘူး။+ ဖြောင့်​မတ်​သူ​တွေ စု​ဝေး​တဲ့​နေ​ရာ​မှာ အပြစ်​လုပ်​သူ​တွေ ရပ်​တည်​နိုင်​မှာ မဟုတ်​ဘူး။+ ၆  ဖြောင့်​မတ်​သူ​တွေရဲ့ လမ်း​စဉ်​ကို ယေဟောဝါ သိ​တယ်။+ လူ​ဆိုး​တွေရဲ့ လမ်း​စဉ်​က​တော့ ပျက်​စီး​သွား​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ