မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၁၈

ဘုရားသခင်နဲ့ ဘယ်လို ရင်းနှီးနိုင်မလဲ

“ဆုတောင်းသံကို နားထောင်တဲ့အရှင်၊ ကိုယ်တော့်ဆီကို လူအမျိုးမျိုး လာကြပါလိမ့်မယ်။”

ဆာလံ ၆၅:၂

“ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။ ဘုရားက မင်းရဲ့လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။”

ပညာအလိမ္မာ ၃:၅၊ ၆

“ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖစေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။”

ယောဟန် ၁၇:၃

“တကယ်ဆိုရင် ဘုရားသခင်ဟာ ကျွန်တော်တို့တစ်ယောက်နဲ့မှ မဝေးပါဘူး။”

တမန်တော် ၁၇:၂၇

“ဘုရားသခင်ရဲ့ အလိုတော်ကို တိကျမှန်ကန်စွာ သိကျွမ်းလာပြီး ကောင်းကောင်း ပိုင်းခြားသိမြင်လာတာနဲ့အမျှ ခင်ဗျားတို့ရဲ့မေတ္တာ တိုးသည်ထက် တိုးလာဖို့ ကျွန်တော် ဆုတောင်းနေတယ်။”

ဖိလိပ္ပိ ၁:၉

“တစ်ယောက်ယောက်က ဉာဏ်ပညာလိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ။ ကဲ့ရဲ့တာမျိုးမလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော ပေးတတ်တဲ့ ဘုရားသခင်က တောင်းတဲ့သူကို ဉာဏ်ပညာပေးလိမ့်မယ်။”

ယာကုပ် ၁:၅

“ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။ အပြစ်သားတို့၊ ခင်ဗျားတို့ရဲ့လက်ကို သန့်စင်စေကြပါ။ မပြတ်သားသူတို့၊ ခင်ဗျားတို့ရဲ့ စိတ်နှလုံးကို စင်ကြယ်စေကြပါ။”

ယာကုပ် ၄:၈

“ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။ ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး။”

၁ ယောဟန် ၅:၃