ဆာလံ ၁၀:၁-၁၈

  • ခို​ကိုး​ရာ​မဲ့​သူ​တွေ​ကို ကူညီ​တဲ့​အရှင် ယေဟောဝါ

    • “ဘုရား မရှိ​ဘူး” လို့ လူ​ဆိုး​ပြော​ဆို ()

    • ခို​ကိုး​ရာ​မဲ့​သူ​တွေ ယေဟောဝါ​ဆီ အကူ​အညီ​တောင်း (၁၄)

    • ‘ယေဟောဝါ​ဟာ ထာ​ဝ​ရ​ဘုရင်​ဖြစ်’ (၁၆)

ל ၁၀  အို ယေဟောဝါ၊ ဘာ​လို့ အဝေး​မှာ ရပ်​နေ​တာ​လဲ။ ကျွန်​တော် ဒုက္ခရောက်​ချိန်​မှာ ဘာ​လို့ ပုန်း​ရှောင်​နေ​တာ​လဲ။+ ၂  လူ​ဆိုး​က မောက်​မာ​တဲ့​စိတ်​ကြောင့် ခို​ကိုး​ရာ​မဲ့​သူ​တွေ​ကို လိုက်​ဖမ်း​နေ​တယ်။+ ဒါ​ပေမဲ့ ကိုယ့်​အကြံ​နဲ့​ကိုယ် ပြန်​ခံ​ရ​လိမ့်​မယ်။+ ၃  လူ​ဆိုး​ဟာ အတ္တ​ဆန္ဒတွေ​အကြောင်း ဝါ​ကြွား​တယ်။+ လော​ဘ​ကြီး​သူ​က ကိုယ့်​ကိုယ်​ကိုယ် ချီး​မွမ်း​တယ်။* נ ယေဟောဝါ​ကို မလေး​မစား လုပ်​တယ်။ ၄  လူ​ဆိုး​ဟာ မောက်​မာ​တဲ့​အတွက် ဘာ​ကို​မှ မဆန်း​စစ်​ဘူး။ “ဘု​ရား​သခင် မရှိ​ဘူး”+ လို့​ပဲ တွေး​တယ်။ ၅  သူ​လုပ်​သမျှ အောင်​မြင်​တယ်။+ ဒါ​ပေမဲ့ ကိုယ်​တော်ရဲ့ တ​ရား​စီ​ရင်​ချက်​တွေ​ကို သူ​နား​လည်​နိုင်​စွမ်း မရှိ​ဘူး။+ ရန်​သူ​တွေ​ကို လှောင်​ပြောင်​တယ်။ ၆  “ငါ​ဘယ်​တော့​မှ တုန်​လှုပ်​ရ​မှာ မဟုတ်​ဘူး။ နောင်​လာ​နောက်​သား အဆက်​ဆက် ဘေး​ဆိုး​ကြုံ​ရ​မှာ မဟုတ်​ဘူး”+ လို့ စိတ်​ထဲ​မှာ သူ​ပြော​တတ်​တယ်။ פ ၇  သူ့​နှုတ်​မှာ ကျိန်​စာ​တွေ၊ အလိမ်​အညာ​တွေ၊ ခြိမ်း​ခြောက်​မှု​တွေ အပြည့်​ပဲ။+ သူ့​လျှာ​က ဒုက္ခရောက်​စေ​တဲ့၊ ထိ​ခိုက်​စေ​တဲ့ စကား​တွေ​ကို ပြော​တတ်​တယ်။+ ၈  သူ​က ရွာ​တွေ​နား​မှာ စောင့်​ပြီး ချောင်း​မြောင်း​နေ​တယ်။ အပြစ်​မဲ့​သူ​ကို သတ်​ဖို့ အဲဒီ​က​နေ ထွက်​လာ​တယ်။+ ע အခြေ​မလှ​သူ​ကို စောင့်​ကြည့်​နေ​တယ်။+ ၉  ဂူ​ထဲ​က ခြင်္သေ့​လို​ပဲ ကွယ်​ရာ​က​နေ စောင့်​နေ​တယ်။+ ခို​ကိုး​ရာ​မဲ့​သူ​ကို ဖမ်း​ဖို့ စောင့်​နေ​တယ်။ ခို​ကိုး​ရာ​မဲ့​သူ ကျော့​ကွင်း​မိ​တဲ့​အခါ ဖမ်း​ခေါ်​သွား​ပြီး၊+ ၁၀  နင်း​ပြား​ဘဝ ရောက်​သွား​အောင် လုပ်​လိုက်​တယ်။ အခြေ​မလှ​သူ​တွေ​ဟာ လူ​ဆိုး​ရဲ့​လက်​ခုပ်​ထဲ ရောက်​သွား​တယ်။ ၁၁  “ဘု​ရား​သခင်​က ငါ့​ရဲ့​ဆိုး​သွမ်း​မှု​တွေ​ကို မေ့​သွား​ပြီ။+ မျက်​ကွယ်​ပြု​လိုက်​ပြီ။ လုံး​ဝ သတိ​ထား​မိ​မှာ မဟုတ်​ဘူး”+ လို့ စိတ်​ထဲ​မှာ သူ​ပြော​တတ်​တယ်။ ק ၁၂  ယေဟောဝါ​ဘု​ရား၊ ထ​တော်​မူ​ပါ။+ ဘု​ရား​သခင်၊ လက်​ကို​မြှောက်​ပြီး+ သူ့​ကို တိုက်​ခိုက်​တော်​မူ​ပါ။ ခို​ကိုး​ရာ​မဲ့​သူ​တွေ​ကို မမေ့​လိုက်​ပါ​နဲ့။+ ၁၃  လူ​ဆိုး​က ဘု​ရား​သခင်​ကို ဘာ​လို့ မလေး​မစား လုပ်​ရ​တာ​လဲ။ “ငါ့ကို​ တ​ရား​စီ​ရင်​မှာ မဟုတ်​ပါ​ဘူး” လို့ စိတ်​ထဲ​မှာ ပြော​တတ်​တယ်။ ר ၁၄  ဒါ​ပေမဲ့ ကိုယ်​တော်​က ဒုက္ခ​နဲ့​သောက​တွေ​ကို တွေ့​တယ်။ အဲ​ဒါ​တွေ​ကို​ကြည့်​ပြီး အရေး​ယူ​ ဖြေရှင်း​ပေး​တယ်။+ အခြေ​မလှ​သူ​တွေ ကိုယ်​တော့်​ဆီ  အကူ​အညီ​တောင်း​ကြ​တယ်။+ ကိုယ်​တော်​ဟာ မိ​ဘ​မဲ့​က​လေး​တွေ​ကို ကူညီ​ပေး​သူ​ပဲ။+ ש ၁၅  ယုတ်​မာ​တဲ့​လူ​ဆိုး​ရဲ့ လက်​ရုံး​ကို ချိုး​ပစ်​ပါ။+ ဒါ​မှ သူ့​ရဲ့​ဆိုး​သွမ်း​မှု​ကိုကိုယ်​တော် ရှာ​တွေ့​တော့​မှာ မဟုတ်​ဘူး။ ၁၆  ယေဟောဝါ​ဟာ အစဉ်​ထာ​ဝ​ရ ဘုရင်​ဖြစ်​တယ်။+ လူမျိုး​တွေ​က မြေပေါ်​က​နေ ပျောက်​ကွယ်​သွား​လိမ့်​မယ်။+ ת ၁၇  အို ယေဟောဝါ၊ ကိုယ်​တော်​က စိတ်​နူး​ညံ့​သူ​တွေရဲ့ တောင်း​ဆို​ချက်​ကို ကြား​လိမ့်​မယ်။+ သူတို့​စိတ်​နှလုံး​ကို ခိုင်​ခံ့​စေ​ပြီး+ သူတို့​စကား​ကို အာ​ရုံ​စိုက်​ပေး​လိမ့်​မယ်။+ ၁၈  မိ​ဘ​မဲ့​က​လေး​တွေ​နဲ့ ဖိ​နှိပ်​ခံ​ရ​သူ​တွေ​အတွက် တ​ရား​မျှ​တ​စွာ စီ​ရင်​ပေး​လိမ့်​မယ်။+ ဒါ​ကြောင့် သေမျိုး​ဖြစ်​တဲ့​လူ​ဟာ သူတို့​ကို ခြောက်​လှန့်​နိုင်​တော့​မှာ မဟုတ်​ဘူး။+

အောက်ခြေမှတ်ချက်များ

“ကောင်း​ချီး​ပေး​တယ်” လည်း​ဖြစ်​နိုင်။