ယောဟန် ၆:၁-၇၁

  • လူ ၅,၀၀၀ ကို ယေရှု​ကျွေး​မွေး (၁-၁၅)

  • ယေရှု ရေ​ပေါ်​လမ်း​လျှောက် (၁၆-၂၁)

  • “အသက်​မုန့်” ယေရှု (၂၂-၅၉)

  • ယေရှု​ရဲ့​စကား​ကြောင့် အတော်​များ​များ ထွက်သွား​ကြ (၆၀-၇၁)

 အဲဒီ​နောက် ယေရှု​က တိ​ဗေ​ရိ​အိုင်​လို့​ခေါ်​တဲ့ ဂါ​လိ​လဲ​အိုင်​ရဲ့ တစ်​ဖက်​ကမ်း​ကို ကူး​သွား​တယ်။+ ၂  လူ​နာ​တွေ​ကို ကု​ပေး​တာ၊ အံ့​ဖွယ်​အမှု​တွေ လုပ်​တာ​ကို မြင်​ရ​တဲ့​အတွက်+ လူ​တွေ အုပ်​လိုက်​ကြီး တ​ကောက်​ကောက် လိုက်​ကြ​တယ်။+ ၃  ဒါ​ကြောင့် ယေရှု​က တပည့်​တွေ​နဲ့​အတူ တောင်​ပေါ်​ကို တက်​သွား​ပြီး  ထိုင်​နေ​လိုက်​တယ်။ ၄  ဂျူး​တွေရဲ့ ပသခါ​ပွဲ+ ရောက်​တော့​မယ်။ ၅  ယေရှု​က လူ​တွေ အုပ်​လိုက်​ကြီး လာ​နေ​တာ​ကို လှမ်း​မြင်​တဲ့​အခါ ဖိ​လိပ္ပု​ကို “ဒီ​လူ​တွေ​ကို​ကျွေး​ဖို့ စား​စ​ရာ ဘယ်​မှာ​သွား​ဝယ်​ရ​မလဲ”+ ဆို​ပြီး​မေး​တယ်။ ၆  ဖိ​လိပ္ပု​ကို စမ်း​သပ်​ချင်​လို့​သာ မေး​လိုက်​တာ။ တ​ကယ်​တော့ ဘာ​လုပ်​ရ​မယ်​ဆို​တာ ယေရှု သိ​ပြီး​သား​ပဲ။ ၇  ဖိ​လိပ္ပု​က “ဒေ​နာ​ရိ* နှစ်​ရာ​ဖိုး ဝယ်​ပြီး တစ်​ယောက် နည်း​နည်း​စီ​ပေး​ရင်​တောင် လောက်​မယ်​မထင်​ဘူး” လို့​ပြန်​ဖြေတယ်။ ၈  ရှိ​မုန်​ပေတရုရဲ့​ညီ၊ အန္ဒြေလို့​ခေါ်​တဲ့ တ​ပည့်​တစ်​ယောက်​က၊ ၉  “ဒီ​ကောင်​လေး​ဆီ​မှာ မု​ယော​မုန့်​ငါး​လုံး​နဲ့ ငါး​က​လေး​နှစ်​ကောင် ရှိ​ပါ​တယ်။ ဒါ​ပေမဲ့ လူ​တွေ ဒီ​လောက်​များ​တာ ဘယ်​လို​လုပ် လောက်​မှာ​လဲ” ဆို​ပြီး​ပြော​တယ်။+ ၁၀  ယေရှု​က “လူ​တွေ​ကို ထိုင်​ခိုင်း​လိုက်​ပါ” လို့​ပြော​တော့ အဲဒီ​မှာ​ရှိ​တဲ့ မြက်​ခင်း​ပြင်​ကြီး​ပေါ် လူ​တွေ​ထိုင်​ကြ​တဲ့​အခါ ယောက်ျား ၅,၀၀၀ လောက် ရှိ​နေ​တယ်။+ ၁၁  ယေရှု​က မုန့်​ကို​ယူ၊ ကျေး​ဇူး​တင် ချီး​မွမ်း​ပြီး​နောက် လူ​တွေ​ကို ဝေ​ပေး​တယ်။ ငါး​ကို​လည်း ဝေ​ပေး​လိုက်​တော့ လူ​တွေ အဝ​စား​ရ​တယ်။ ၁၂  လူတွေ​အဝ​စား​ပြီး​နောက် ယေရှု​က “အလေ​အလွင့် မဖြစ်​အောင် စား​ကြွင်း​စား​ကျန်​တွေ​ကို ကောက်​သိမ်း​ကြ” လို့​တ​ပည့်တွေ​ကို ပြော​တယ်။ ၁၃  ဒါ​နဲ့ မု​ယော​မုန့်​ငါး​လုံး​ကို စား​တဲ့​လူ​တွေရဲ့ စား​ကြွင်း​စား​ကျန်​တွေ​ကို သူတို့​လိုက်​ကောက်​တဲ့​အခါ  ၁၂  တောင်း​အပြည့် ရ​တယ်။ ၁၄  ယေရှု​လုပ်​တဲ့  အံ့​ဖွယ်​အမှု​ကို မြင်​တဲ့​အခါ လူ​တွေ​က “သူ​ဟာ လူ့​လော​က​မှာ ပေါ်​ထွန်း​လာ​မယ့် ပရော​ဖက်​ပဲ ဖြစ်​ရ​မယ်”+ ဆို​ပြီး​ပြော​ကြ​တယ်။ ၁၅  သူတို့​ရောက်​လာ​ပြီး အတင်း​အကျပ်  ဘု​ရင်​လုပ်​ခိုင်း​တော့​မယ်ဆိုတာ သိ​နေ​တဲ့​အတွက် ယေရှု​က တောင်​ပေါ်​ကို တစ်​ကိုယ်​တည်း+ ရှောင်​ထွက်​သွား​ပြန်​တယ်။+ ၁၆  ည​နေ​စောင်း​တော့ တ​ပည့်တွေ​က  အိုင်​ရှိ​ရာ​ကို  သွား​ကြ​တယ်။+ ၁၇  လှေ​စီး​ပြီး အိုင်​တစ်​ဖက်​ကမ်း​က ကပေ​ရ​နောင်​မြို့​ကို ကူး​ကြ​တယ်။ မှောင်​လာ​ပေမဲ့ ယေရှု ရောက်​မလာ​သေး​ဘူး။+ ၁၈  အဲဒီ​အချိန်​မှာ လေ​ပြင်း​တိုက်​လို့ လှိုင်း​လေ​ထန်​နေ​တယ်။+ ၁၉  သုံး​လေး​မိုင်* လောက် လှော်​ခတ်​ပြီး​တဲ့​အခါ ရေ​ပေါ်​လမ်း​လျှောက်​ပြီး လှေ​ရှိ​ရာ​ကို လာ​နေ​တဲ့ ယေရှု​ကို မြင်​လိုက်​ရ​တော့ တ​ပည့်တွေ ကြောက်​လန့်​သွား​တယ်။ ၂၀  ယေရှု​က “မကြောက်​ပါ​နဲ့။ ကျွန်​တော်​ပါ”  လို့​ပြော​လိုက်​တော့​မှ၊+ ၂၁  တ​ပည့်တွေ​လည်း ဝမ်း​သာ​အား​ရ ဖြစ်​သွား​ပြီး ယေရှု​ကို လှေ​ပေါ်​တက်​ခိုင်း​တယ်။ ဒါ​နဲ့ သူတို့​သွား​မယ့်​နေ​ရာ​ကို ခ​ဏ​လေး​အတွင်း ရောက်​သွား​တယ်။+ ၂၂  နောက်​တစ်​နေ့​ရောက်​တော့ အိုင်​တစ်​ဖက်​ကမ်း​မှာ ကျန်​ရစ်ခဲ့​တဲ့ လူ​တွေ​က ကမ်း​ကပ်​ထား​တဲ့ တစ်​စင်း​တည်း​သော​လှေ​ငယ် မရှိ​တော့​မှန်း၊ အဲဒီ​လှေ​နဲ့ တ​ပည့်တွေ ထွက်​သွား​တုန်း​က ယေရှု ပါ​မသွား​မှန်း သိ​ကြ​တယ်။ ၂၃  သခင်​ယေရှု ကျေး​ဇူး​တင်​ချီး​မွမ်း​ပြီး မုန့်​ကို​ဝေ​ပေး​ခဲ့​တဲ့ နေ​ရာ​နား​ကို တိ​ဗေ​ရိ​မြို့​က​လှေ​တွေ ဆိုက်​လာ​တယ်။ ၂၄  ဒီ​ဖက်​ကမ်း​မှာ ယေရှု​နဲ့​တ​ပည့်တွေ မရှိ​မှန်း သိ​တဲ့​အခါ လူ​တွေ​က ယေရှု​ကို​ရှာ​ဖို့ အဲဒီ​လှေ​တွေ​ကို စီး​ပြီး က​ပေရ​နောင်​မြို့​ဆီ ထွက်​လာ​ကြ​တယ်။ ၂၅  အိုင်​တစ်​ဖက်​ကမ်း​မှာ ယေရှု​ကို​တွေ့​တော့  “ဆ​ရာ၊*+ ဒီ​ကို ဘယ်​တုန်း​က ရောက်​လာ​တာ​လဲ” ဆို​ပြီး မေး​ကြ​တယ်။ ၂၆  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ ခင်​ဗျား​တို့ ကျွန်​တော့်​ကို​ရှာ​တာ အံ့​ဖွယ်​အမှု​တွေ​မြင်​ရလို့ မဟုတ်​ဘူး၊ မုန့်​အဝ​စား​ရလို့​ပဲ။+ ၂၇  ပျက်​စီး​တတ်​တဲ့​အစာ​ကို မဟုတ်​ဘဲ ထာ​ဝ​ရ​အသက်​ရ​စေ​တဲ့ အစာ​ကို ရ​ဖို့ ကြိုး​စား​ကြ​ပါ။+ လူ​သား​က ခင်​ဗျား​တို့​ကို အဲဒီ​အစာ ပေး​လိမ့်​မယ်။ သူ​ဟာ အဖဘု​ရား​သခင်​ရဲ့ မျက်​နှာ​သာ​ရ​ကြောင်း အာ​မခံ​ချက်​ရ​ထား​သူ​ပဲ”+ လို့​ပြော​တယ်။ ၂၈  ဒါ​နဲ့ “ဘု​ရား​သခင့် နှစ်​သက်မှု​​ရဖို့  ဘာ​လုပ်​ရ​မလဲ” လို့ သူတို့​မေး​တဲ့​အခါ၊ ၂၉  ယေရှု​က “ဘု​ရား​သခင် စေ​လွှတ်​တဲ့​သူ​ကို ယုံ​ကြည်​သက်​ဝင်​တာ​ဟာ ဘု​ရား​သခင်​နှစ်​သက်​တဲ့ လုပ်​ရပ်​ပဲ”+ လို့​ဖြေတယ်။ ၃၀  အဲဒီ​အခါ သူတို့​က “ကျွန်​တော်​တို့​မြင်​ပြီး ဆ​ရာ့​ကို ယုံ​ကြည်​လာ​အောင် ဘယ်​အံ့​ဖွယ်​အမှု​ကို ပြမှာ​လဲ။+ ဘာ​တွေ လုပ်​ပြမှာ​လဲ။ ၃၁  ကျွန်​တော်​တို့​ဘိုး​ဘေး​တွေ​က​ ‘သူတို့​အတွက် ကောင်း​ကင်​က​မုန့်​ကို ချ​ပေး​တယ်’+ ဆို​တဲ့ ကျမ်း​စကား​အတိုင်း တော​ထဲ​မှာ ဘု​ရား​သခင်​ကျွေး​တဲ့ မန္န​မုန့်​ကို စား​ခဲ့ရ​ပါ​တယ်”+ လို့​ပြော​ကြ​တယ်။ ၃၂  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ မော​ရှေ​က ခင်​ဗျား​တို့​အတွက် ကောင်း​ကင်​က စစ်​မှန်​တဲ့​မုန့်​ကို မပေး​ခဲ့​ဘူး။ အဖဘု​ရား​က​တော့ ကောင်း​ကင်​က စစ်​မှန်​တဲ့​မုန့်​ကို ပေး​တယ်။ ၃၃  ဘု​ရား​သခင်​ပေး​တဲ့ အဲဒီ​မုန့်​ဟာ ကောင်း​ကင်​က​နေ ဆင်း​လာ​ပြီး လူ့​လော​က​ကို အသက်​ရ​စေ​မယ့်​သူ​ပဲ” လို့​ပြော​တယ်။ ၃၄  ဒါ​နဲ့ သူတို့​က “သခင်၊ ကျွန်​တော်​တို့​ကို အဲဒီ​မုန့် အမြဲပေး​ပါ​လား” လို့​ပြော​တယ်။ ၃၅  ယေရှု​က  “ကျွန်​တော်​ဟာ​အသက်​မုန့်​ပဲ။ ကျွန်​တော့်​ဆီ လာ​တဲ့​သူ​ဟာ ဘယ်​တော့​မှ ဆာ​လောင်​မှာ မဟုတ်​ဘူး။ ကျွန်​တော့်​ကို ယုံ​ကြည်​သက်​ဝင်​တဲ့​သူ​က​လည်း ဘယ်​တော့​မှ ရေ​ငတ်​မှာ မဟုတ်​ဘူး။+ ၃၆  ကျွန်​တော် ပြော​သား​ပဲ၊ ကျွန်​တော့်​ကို မြင်​တာ​တောင် ခင်​ဗျား​တို့ မယုံ​ကြ​ဘူး။+ ၃၇  ကျွန်​တော့်​ကို အဖဘု​ရား​ပေး​တဲ့​သူ​တွေ​ပဲ ကျွန်​တော့်​ဆီ လာ​လိမ့်​မယ်။ လာ​တဲ့​သူ​ကို​လည်း ကျွန်​တော် ဘယ်​တော့​မှ​မ​မောင်းထုတ်​ဘူး။+ ၃၈  ကောင်း​ကင်​က​နေ  ကျွန်​တော်​ဆင်း​လာ​တာ​ဟာ+ ကိုယ့်​ဆန္ဒ​အတိုင်း လုပ်​ဖို့ မဟုတ်​ဘူး။ ကျွန်​တော့်​ကို​စေ​လွှတ်​တဲ့​အရှင်​ရဲ့ ဆန္ဒ​အတိုင်း လုပ်​ဖို့​ပါ။+ ၃၉  အဲဒီ​အရှင်​ရဲ့ ဆန္ဒ​က​တော့ ကျွန်​တော့်​ကို ပေး​ထား​တဲ့​သူ တစ်​ယောက်​မှ မဆုံး​ရှုံး​ဖို့၊ နောက်​ဆုံး​သော​နေ့​မှာ သူတို့​ကို ရှင်​ပြန်​ထ​မြောက်​လာ​အောင် ကျွန်​တော်​လုပ်​ပေး​ဖို့​ပဲ။+ ၄၀  သား​တော်​ကို အသိ​အမှတ်​ပြု​ပြီး ယုံ​ကြည်​သက်​ဝင်​သူ​တွေ ထာ​ဝ​ရ​အသက်​ရ​ဖို့ အဖဘု​ရား ဆန္ဒ​ရှိ​တယ်။+ သူတို့​ကို နောက်​ဆုံး​သော​နေ့​မှာ ရှင်​ပြန်​ထ​မြောက်​လာ​အောင် ကျွန်​တော်​လုပ်​ပေး​မယ်”+ လို့​ပြော​တယ်။ ၄၁  “ကျွန်​တော်​ဟာ ကောင်း​ကင်​က​လာ​တဲ့  မုန့်​ပဲ”  လို့​ယေရှု​ပြော​တဲ့​အတွက် ဂျူး​တွေ​က သူ့​ကို ကဲ့​ရဲ့​ပြစ်​တင်​ပြီး၊+ ၄၂  “သူ​ဟာ ယော​သပ်​ရဲ့​သား ယေရှု မဟုတ်​လား။ သူ့​မိ​ဘ​တွေ​ကို ငါ​တို့​သိ​သား​ပဲ။+ ဒါ​နဲ့​များ သူ့​ကိုယ်​သူ ‘ကောင်း​ကင်​က​လာ​တယ်’ ဆို​ပဲ” လို့​ပြော​ကြ​တယ်။ ၄၃  ဒါ​နဲ့ သူတို့​ကို ယေရှု ပြန်​ပြော​တာ​က “ခင်​ဗျား​တို့ ကဲ့​ရဲ့​ပြစ်​တင်​မနေ​နဲ့​တော့။ ၄၄  ကျွန်​တော့်​ကို စေလွှတ်​တဲ့​အရှင်​သာ မဆွဲ​ဆောင်​ရင် ဘယ်​သူ​မှ ကျွန်​တော့်​ဆီ မလာ​နိုင်​ဘူး။+ လာ​တဲ့​သူ​ကို နောက်​ဆုံး​သော​နေ့​မှာ ရှင်​ပြန်​ထ​မြောက်​လာ​အောင် ကျွန်​တော်​လုပ်​ပေး​မယ်။+ ၄၅  ပရော​ဖက်​ကျမ်း​တွေ​မှာ ‘သူတို့​အားလုံး ယေဟောဝါ* သွန်သင်​ပေး​တာ​ကို ခံ​ရ​လိမ့်​မယ်’+ လို့ရေး​ထား​တယ်။ အဖဘု​ရားရဲ့ စကား​ကို ကြား​နာ​ပြီး သင်​ယူ​တဲ့​သူ​တွေ ကျွန်​တော့်​ဆီ လာ​ကြ​တယ်။ ၄၆  ဘု​ရား​သခင်​ဆီ​က​လာ​တဲ့ ကျွန်​တော်​က​လွဲ​လို့ လူ​တစ်​ယောက်​မှ အဖဘု​ရား​ကို မမြင်​ဖူး​ဘူး။+ ကျွန်​တော်​တစ်​ယောက်​ပဲ မြင်​ဖူး​တာ။+ ၄၇  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ ယုံ​တဲ့​သူ ထာ​ဝ​ရ​အသက် ရ​လိမ့်​မယ်။+ ၄၈  “ကျွန်​တော်​ဟာ အသက်​မုန့်​ပဲ။+ ၄၉  ခင်​ဗျား​တို့​ရဲ့ ဘိုး​ဘေး​တွေ​က တော​ထဲ​မှာ မန္န​မုန့်​ကို စား​ရ​ပေမဲ့ သေခဲ့​ကြ​တယ်။+ ၅၀  ကောင်း​ကင်​က​လာ​တဲ့ ဒီ​မုန့်​ကို စား​တဲ့​သူ​က​တော့ သေရ​မှာ မဟုတ်​ဘူး။ ၅၁  ကျွန်​တော်​ဟာ ကောင်း​ကင်​က​လာ​တဲ့ သက်​ရှိ​မုန့်​ပဲ။ ဒီ​မုန့်​ကို​စား​တဲ့​သူ​တိုင်း ထာ​ဝ​စဉ် အသက်​ရှင်​လိမ့်​မယ်။ ဒီ​လော​က​မှာ​ရှိ​တဲ့​လူ​တွေ အသက်​ရ​နိုင်​ဖို့ ကျွန်​တော်​ပေး​မယ့် မုန့်​ဟာ ကျွန်​တော့်​အသား​ပဲ။”+ ၅၂  ဂျူး​တွေ​က “သူ့​အသား​ကို​စား​ဖို့ ငါ​တို့​ကို ဘယ်​လို​လုပ်​ပေး​လို့ရ​မှာ​လဲ” ဆို​ပြီး​ငြင်း​ခုံ​ကြ​တယ်။ ၅၃  အဲဒီ​အခါ ယေရှု​က “ကျွန်​တော် မှန်​တာ​ကို ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ လူ​သား​ရဲ့​အသား​ကို မစား​ဘူး၊ လူ​သား​ရဲ့​သွေး​ကို မသောက်​ဘူး​ဆို​ရင် ခင်​ဗျား​တို့ အသက်​ရ​မှာ မဟုတ်​ဘူး။*+ ၅၄  ကျွန်​တော့်​အသား​ကို စား​ပြီး ကျွန်​တော့်​သွေး​ကို သောက်​တဲ့​သူ​ဟာ ထာ​ဝ​ရ​အသက်​ရ​လိမ့်​မယ်။ သူ့​ကို နောက်​ဆုံး​သော​နေ့​မှာ ရှင်​ပြန်​ထ​မြောက်​လာ​အောင် ကျွန်​တော်​လုပ်​ပေး​မယ်။+ ၅၅  ကျွန်​တော့်​အသား​ဟာ စစ်​မှန်​တဲ့ စား​စ​ရာ​ပဲ။ ကျွန်​တော့်​သွေး​ဟာ စစ်​မှန်​တဲ့ သောက်​စ​ရာ​ပဲ။ ၅၆  ကျွန်​တော့်​အသား​ကို စား​ပြီး ကျွန်​တော့်​သွေး​ကို သောက်​တဲ့​သူ​ဟာ ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ပဲ။ ကျွန်​တော်​လည်း သူ​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ပဲ။+ ၅၇  အသက်​ရှင်​တဲ့ အဖဘုရား​က ကျွန်​တော့်​ကို စေ​လွှတ်​တယ်၊ အဖဘု​ရား​ကြောင့် ကျွန်​တော်​အသက်​ရှင်​နေ​တယ်။  အလား​တူ​ပဲ၊ ကျွန်​တော့်​အသား​ကို  စား​တဲ့​သူ​က​လည်း  ကျွန်​တော့်​ကြောင့် အသက်​ရှင်​လိမ့်​မယ်။+ ၅၈  ကောင်း​ကင်​က​လာ​တဲ့ မုန့်​ဟာ အဲဒီ​လို​ဖြစ်​ရ​မှာ။ ခင်​ဗျား​တို့​ရဲ့ ဘိုး​ဘေး​တွေ စား​ခဲ့​တဲ့​မုန့်​မျိုး မဟုတ်​ဘူး။ အဲဒီ​မုန့်​ကို စား​ပေမဲ့ သူတို့​သေခဲ့ရ​တယ်။ ဒီ​မုန့်​ကို  စား​တဲ့​သူ​က​တော့  ထာ​ဝ​စဉ်​အ​သက်​ရှင်​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၅၉  ဒီ​အကြောင်း​တွေ​ကို က​ပေရ​နောင်​မြို့​က တ​ရား​ဇ​ရပ်​မှာ ယေရှု သွန်သင်​ပေး​ခဲ့​တယ်။ ၆၀  တ​ပည့်​အများ​စု​က ဒါ​ကို​ကြား​တဲ့​အခါ  “သူ​ပြော​နေ​တာ​တွေ​က လန့်စရာ​ကြီး​ပါ​လား။  ဘယ်​သူ​နား​ခံ​နိုင်မှာလဲ”  လို့​ညည်း​ကြ​တယ်။ ၆၁  တပည့်​တွေ အဲဒီ​လို​ညည်း​ညူ​နေ​တာ​ကို  သိ​တော့ ယေရှု​က “ဒီ​စကား​တွေ​ကြား​လို့  ခင်​ဗျား​တို့  လန့်​သွား​သလား။ ၆၂  အရင်​နေ​ခဲ့​တဲ့​နေ​ရာ​ဆီ လူ​သား ပြန်​တက်​သွား​တာ​ကို​သာ မြင်​ရရင် ခင်​ဗျား​တို့ ဘယ်​လို​လုပ်​မလဲ။+ ၆၃  စွမ်းအား​တော်​က  အသက်​ပေး​တယ်။+ လူ​တွေ​က​တော့ အဲဒီ​လို လုံး​ဝ​မလုပ်​နိုင်​ဘူး။ ခင်​ဗျား​တို့​ကို ကျွန်​တော်​ပြော​တဲ့ စကား​တွေ​ဟာ စွမ်းအား​တော်​ကို အရင်း​ခံ​တဲ့​အတွက် အသက်​ရ​စေ​တယ်။+ ၆၄  ဒါ​ပေမဲ့ ခင်​ဗျား​တို့​ထဲ​မှာ မယုံ​ကြည်​တဲ့​သူ တ​ချို့​ရှိ​တယ်” လို့​ပြော​တယ်။ ဘယ်​သူ​တွေ​ဟာ မယုံ​ကြည်​တဲ့​သူ​တွေ ဖြစ်​မယ်၊ ဘယ်​သူ သစ္စာ​ဖောက်​မယ်​ဆို​တာ အစ​က​တည်း​က ယေရှု​သိ​နေ​တယ်။+ ၆၅  ဒါ​ကြောင့် “အဖဘု​ရား​သာ အခွင့်​မပေး​ရင် ကျွန်​တော့်​ဆီ ဘယ်​သူ​မှ မလာ​နိုင်​ဘူး​လို့ ကျွန်​တော်​ပြော​ခဲ့​ပြီပဲ”+ လို့​ပြော​တယ်။ ၆၆  ဒီ​စကား​တွေ​ကြောင့်  တ​ပည့်​အတော်​များ​များ​က  ယေရှု​နောက်​လိုက် မလုပ်​တော့​ဘဲ စွန့်​လွှတ်​ခဲ့ရာတွေ​ဆီ ပြန်​လှည့်​သွား​ကြ​တယ်။+ ၆၇  ဒါ​နဲ့ ယေရှု​က တမန်​တော် ၁၂ ယောက်​ကို “ခင်​ဗျား​တို့​ကော  ထွက်​သွား​ချင်​သ​လား”​  လို့​မေး​တဲ့​အခါ၊ ၆၈  ရှိ​မုန်​ပေတရု​က  “သခင်၊ ဘယ်​သူ့​ဆီ သွား​ရ​မှာ​လဲ။+ ထာ​ဝ​ရ​အသက်​ရ​စေ​တဲ့ စကား​တွေဟာ  သခင့်​ဆီ​မှာ​ပဲ  ရှိ​တာ​ပါ။+ ၆၉  သခင်​ဟာ ဘု​ရား​သခင်​ဆီ​က​လာ​တဲ့ သန့်​ရှင်း​သူ​ဖြစ်​မှန်း ကျွန်​တော်​တို့  သိ​ပါ​တယ်။ ယုံ​လည်း​ယုံ​ပါ​တယ်”+ လို့​ဖြေတယ်။ ၇၀  ယေရှု​က “ခင်​ဗျား​တို့ ၁၂ ယောက်​ကို  ကျွန်​တော်ရွေး​ခဲ့​တယ် မဟုတ်​လား။+ ဒါ​ပေမဲ့ ခင်​ဗျား​တို့​ထဲ​မှာ အသရေ​ဖျက်​သူ​တစ်​ယောက် ရှိ​နေ​တယ်”+ လို့​ပြော​တယ်။ ၇၁  ရှိမုန်​ရှကာ​ရုတ်​ရဲ့​သား  ယုဒ​အကြောင်း ယေရှု​ပြော​နေ​တာ။  သူ​ဟာ  တမန်​တော် ၁၂ ယောက်​အဝင်​ဆို​ပေမဲ့ ယေရှု​ကို သစ္စာ​ဖောက်​အပ်​နှံ​မယ့်​သူ ဖြစ်​နေ​လို့​ပဲ။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “၂၅-၃၀ စ​တာ​ဒီ​ယမ်​ခန့်။” ၅-၆ ကီ​လို​မီ​တာ​ခန့်။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
မူ​ရင်း၊ “ရဗ္ဗိ။”
မူ​ရင်း၊ “ခင်​ဗျား​တို့​မှာ အသက်​ရှိ​မှာ မဟုတ်​ဘူး။”