ယောဟန် ၁၇:၁-၂၆

  • တမန်​တော်တွေ​နဲ့​အတူ ယေရှု​ရဲ့ နောက်​ဆုံး​ဆုတောင်း​ချက် (၁-၂၆)

    • ထာ​ဝ​ရ​အသက်​ရ​နိုင်​ဖို့ ဘု​ရား​သခင်​ကို သိ​ကျွမ်း​ရ​မယ် ()

    • ခ​ရစ်​ယာန်တွေ ဒီ​လော​က​နဲ့ မပတ်သက် (၁၄-၁၆)

    • “အဖရဲ့ တ​ရား​စကား​ဟာ အမှန်​တ​ရား” (၁၇)

    • “အဖရဲ့​နာ​မည်​ကို သိ​အောင် သူတို့​ကို ကျွန်တော်​ပြော​ပြပါ​ပြီ” (၂၆)

၁၇  အဲဒီ​လို  ပြော​ပြီး​တဲ့​နောက် ယေရှု​က ကောင်း​ကင်​ကို မော့​ကြည့်​ပြီး အခု​လို ဆုတောင်း​တယ်– “အို အဖ၊ အချိန်​ရောက်​လာ​ပါ​ပြီ။ သား​က အဖကို ဘုန်း​ထင်​ရှား​စေ​ဖို့ သား​ရဲ့​ဘုန်း​ကို​လည်း  ထင်​ရှား​စေ​ပါ။+ ၂  လူ​သား​အားလုံး​ကို အုပ်​ချုပ်​ရ​မယ့် အခွင့်​အာ​ဏာ​ကို သား​ဆီ အဖ အပ်​နှင်း​ထား​ပါ​ပြီ။+ သား​ကို ဒီ​လို​အပ်​နှင်း​တာ​က အဖပေး​အပ်​ထား​သူ​တွေ​ကို+ ထာ​ဝ​ရ​အသက်+ ပေး​နိုင်​ဖို့​ပါ။ ၃  ထာ​ဝ​ရ​အသက်  ရ​နိုင်​ဖို့​ဆို​ရင်+  တစ်​ဆူ​တည်း​သော စစ်​မှန်​တဲ့​ဘု​ရား​သခင် အဖကို​ရော+ အဖ စေ​လွှတ်​လိုက်​တဲ့ ယေရှု​ခရစ်​ကို​ပါ သိ​ကျွမ်း​ကြ​ရ​မယ်။*+ ၄  ကမ္ဘာ​ပေါ်​မှာ အဖရဲ့​ဘုန်း​ကို ကျွန်​တော် ထင်​ရှား​စေ​ခဲ့​ပါ​ပြီ။+ အဖခိုင်း​ထား​တဲ့ အလုပ်​ကို လုပ်​ပြီး​ပါ​ပြီ။+ ၅  အဖ၊ ဒီ​လော​က မတည်​ရှိ​ခင် အဖရဲ့​ဘေး​နား​မှာ ကျွန်​တော်​ခံစား​ခဲ့ရ​တဲ့ ဘုန်း​အသရေ​မျိုး​ကို အခု​လည်း အဖရဲ့​ဘေး​နား​မှာ ပြန်​ခံစား​ခွင့်​ပေး​ပါ။+ ၆  “ဒီ​လော​က​ထဲ​က အဖ ပေး​အပ်​ထား​သူ​တွေ​ကို အဖရဲ့​နာ​မည် သိ​အောင် ကျွန်​တော် ဖော်​ပြပါ​ပြီ။+ သူတို့​ကို အဖပိုင်​ဆိုင်​လို့ ကျွန်​တော့်​ဆီ ပေး​အပ်​ခဲ့​တာ​ပါ။  အဖရဲ့​တ​ရား​စကား​ကို သူတို့ လိုက်​နာ​ပါ​တယ်။ ၇  ကျွန်​တော် ရ​ရှိ​ထား​သမျှ​ဟာ  အဖဆီ​က​ဖြစ်​မှန်း အခု သူတို့​သိ​သွား​ပါ​ပြီ။ ၈  ဘာ​လို့​လဲ​ဆို​တော့ ကျွန်​တော့်​ကို အဖပြော​သမျှ သူတို့​ကို ပြန်​ပြော​ပြခဲ့လို့​ပါ။+ သူတို့​က အဲဒီ​စကား​တွေ​ကို လက်ခံ​တယ်။ အဖရဲ့​ကိုယ်​စား​လှယ်​အဖြစ် ကျွန်​တော်ရောက်​လာ​မှန်းကောင်း​ကောင်း​သိ​တယ်။+ အဖစေ​လွှတ်​လိုက်​တဲ့​သူ  ဖြစ်​မှန်း​လည်း ယုံ​တယ်။+ ၉  သူတို့​အတွက် ကျွန်​တော် ဆုတောင်း​ပေး​ပါ​တယ်။ ဒီ​လော​က​အတွက်​မဟုတ်​ဘဲ အဖပေး​အပ်​ထား​သူ​တွေ​အတွက် ဆုတောင်း​နေ​တာ​ပါ။ သူတို့​ဟာ အဖရဲ့​လူ​တွေ​ဖြစ်​လို့​ပါ။ ၁၀  ကျွန်​တော်​ပိုင်​ဆိုင်​သမျှ အဖပိုင်​တယ်။ အဖပိုင်​ဆိုင်​သမျှ ကျွန်​တော်​ပိုင်​တယ်။+ သူတို့​ကြောင့် ကျွန်​တော် ဘုန်း​ထင်​ရှား​ပါ​ပြီ။ ၁၁  “ကျွန်​တော်​က အဖဆီ ပြန်​လာ​တော့​မှာ​မို့လို့ ဒီ​လော​က​မှာ ရှိ​တော့​မှာ မဟုတ်​ဘူး။ သူတို့​က​တော့ ဒီ​လော​က​မှာ ကျန်​ရစ်ခဲ့​မှာ​ပါ။+ သန့်​ရှင်း​မြင့်မြတ်​တဲ့ အဖ၊ ကျွန်​တော့်​ကို ခံ​ယူ​ခွင့်​ပေး​ထား​တဲ့ နာ​မတော်​ကို ထောက်​ပြီး သူတို့​ကို ကာ​ကွယ်​စောင့်​ရှောက်​ပေး​ပါ။+ ဒါ​ဆို​ရင် အဖနဲ့​ကျွန်​တော် တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​သလို သူတို့​လည်း တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​နေ​မှာ​ပါ။+ ၁၂  ကျွန်​တော်​ဟာ  ခံ​ယူ​ခွင့်​ရ​ထား​တဲ့ အဖရဲ့​နာ​မည်​ကို ထောက်​ပြီး သူတို့​နဲ့​အတူ​ရှိ​နေ​တုန်း​မှာ သူတို့​ကို စောင့်​ရှောက်​ခဲ့​တယ်၊+ ကာ​ကွယ်​ခဲ့​တယ်။ ပျက်​စီး​ခြင်း​ရဲ့​သား​က​လွဲ​လို့+  တစ်ယောက်​မှ  မဆုံး​ရှုံး​ပါ​ဘူး။+ ဒါ​ဟာ ကျမ်း​စကား​ပြည့်​စုံ​တာ​ပါ​ပဲ။+ ၁၃  အခု အဖဆီ ကျွန်​တော်​လာ​တော့​မယ်။ ကျွန်​တော်​ခံစား​ရ​တဲ့ ပျော်​ရွှင်​မှု​မျိုး သူတို့​လည်း အပြည့်​အဝ ခံစား​နိုင်​အောင် ဒီ​လော​က​မှာ ကျွန်​တော်​ရှိ​နေ​တုန်း ဒီ​စကား​တွေ​ကို ပြော​ရ​တာ​ပါ။+ ၁၄  အဖရဲ့​တ​ရား​စကား​ကို သူတို့​ကို ကျွန်​တော်​ပြော​ပြပါ​ပြီ။  ဒီ​လော​က​နဲ့ ကျွန်​တော် မပတ်​သက်​ခဲ့​သလို သူတို့​လည်း မပတ်​သက်​တဲ့​အတွက် လော​က​က သူတို့​ကို မုန်း​ပါ​တယ်။+ ၁၅  “သူတို့​ကို ဒီ​လော​က​က​နေ ခေါ်​ထုတ်​ပေး​ဖို့ ကျွန်​တော် ဆုတောင်း​နေ​တာ မဟုတ်​ပါ​ဘူး။ ဆိုး​ညစ်​သူ​ရဲ့ရန်​က​နေ  ကာ​ကွယ်​စောင့်​ရှောက်​ပေး​ဖို့ ဆုတောင်း​နေ​တာ​ပါ။+ ၁၆  ကျွန်​တော်​က ဒီ​လော​က​နဲ့ မပတ်​သက်​သလို+ သူတို့​လည်း လော​က​နဲ့ မပတ်​သက်​ကြ​ပါ​ဘူး။+ ၁၇  အဖရဲ့ တ​ရား​စကား​ဟာ အမှန်​တ​ရား​ဖြစ်​ပါ​တယ်။+ အဲဒီ​အမှန်​တ​ရား​အား​ဖြင့် သူတို့​ကို သန့်​စင်​စေ​ပါ။*+ ၁၈  အဖက ကျွန်​တော့်​ကို ဒီ​လော​က​ထဲ​စေ​လွှတ်​သလို ကျွန်​တော်​လည်း သူတို့​ကို ဒီ​လော​က​ထဲ စေ​လွှတ်​ပါ​တယ်။+ ၁၉  ကျွန်​တော်​က သူတို့​အကျိုး​အတွက် ကိုယ့်​ကိုယ်​ကိုယ် သန့်​စင်​ထား​တယ်။ ဒါ​မှ သူတို့​လည်း အမှန်​တ​ရား​အား​ဖြင့် သန့်​စင်​လာ​ကြ​မှာ​ပါ။ ၂၀  “သူတို့​အတွက်​ပဲ ကျွန်​တော် ဆုတောင်း​နေ​တာ မဟုတ်​ပါ​ဘူး။ သူတို့​စကား​ကြောင့် ကျွန်​တော့်​ကို ယုံ​ကြည်​လာ​မယ့် သူ​တွေ​အတွက်​ပါ ဆုတောင်း​ပါ​တယ်။ ၂၁  သူတို့​အားလုံး တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​လာ​အောင်​လို့​ပါ။+ အဖက ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ပြီး ကျွန်​တော်​က အဖနဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​သလို​မျိုး​ပေါ့။+ ဒါ​ဆို​ရင် သူတို့​အားလုံး ကျွန်​တော်​တို့​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​လာ​လိမ့်​မယ်။ ဒီ​လော​ကက​လည်း ကျွန်​တော့်​ကို အဖစေ​လွှတ်​လိုက်​မှန်း ယုံ​ပါ​လိမ့်​မယ်။ ၂၂  ကျွန်​တော်​တို့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​သလို သူတို့​ကို တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​စေ​ဖို့ အဖပေး​အပ်​ထား​တဲ့ ဘုန်း​အသရေ​ကို သူတို့​ကို ပေး​အပ်​လိုက်​ပါ​ပြီ။+ ၂၃  ကျွန်​တော်​က သူတို့​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ပြီး အဖက ကျွန်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​တဲ့​အတွက် သူတို့​လည်း အပြည့်​အဝ စည်း​လုံး​လာ​ကြ​မှာ။ အဲဒီ​အခါ ကျွန်​တော့်​ကို အဖစေ​လွှတ်​လိုက်​မှန်း၊ အဖက ကျွန်​တော့်​ကို ချစ်​သလို သူတို့​ကို​လည်း ချစ်​မှန်း  ဒီ​လော​က  သိ​လာ​မှာ​ပါ။ ၂၄  အဖ၊ အဖပေး​အပ်​ထား​သူ​တွေ​ကို ကျွန်​တော်​ရှိ​တဲ့​နေ​ရာ​မှာ ရှိ​စေ​ချင်​လိုက်​တာ။+ ဒါ​မှ လူ့​လော​က​အစ​ပြု​ချိန်* မတိုင်​ခင်​က​တည်း​က ကျွန်​တော့်​ကို​ချစ်​လို့ အဖပေး​ထား​တဲ့ ဘုန်း​အသရေ​ကို သူတို့​မြင်​နိုင်​မှာ​ပါ။+ ၂၅  ဖြောင့်​မတ်​မှန်​ကန်​တဲ့ အဖ၊ ဒီ​လော​က​ဟာ အဖကို​မသိ​ပေမဲ့+ ကျွန်​တော်​က​တော့ သိ​ပါ​တယ်။+ ကျွန်​တော့်​ကို အဖစေ​လွှတ်​လိုက်​မှန်း သူတို့​သိ​ပါ​တယ်။ ၂၆  အဖရဲ့ နာ​မည်​ကို​သိ​အောင် သူတို့​ကို ကျွန်​တော်​ပြော​ပြပါ​ပြီ။ နောင်​လည်း ပြော​ပြဦး​မှာ​ပါ။+ ဒါ​မှ ကျွန်​တော့်​ကို​ချစ်​တဲ့ အဖရဲ့​မေတ္တာ​မျိုး​နဲ့ သူ​တစ်ပါး​ကို သူတို့​ချစ်​နိုင်​လိမ့်​မယ်။ သူတို့​နဲ့ ကျွန်​တော် တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​လာ​လိမ့်​မယ်။”+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ကောင်း​ကောင်း​သိ​အောင် လေ့​လာ​ဆည်း​ပူး​နေ​ရ​မယ်။”
ဒါ​မှ​မဟုတ်၊ “သီး​သန့်​ဖယ်​ထား​ပါ။”
အာ​ဒံ​နဲ့​ဧ​ဝ သား​သမီး​ရ​တဲ့​အချိန်။