ယောဟန် ၃:၁-၃၆

  • ယေရှု​နဲ့ နိကောဒင် (၁-၂၁)

    • တစ်​ဖန်​မွေး​ဖွား​ခြင်း (၃-၈)

    • လူ့​လော​က​ကို ဘု​ရား​သခင်​ချစ် (၁၆)

  • ယေရှု​အကြောင်း ယောဟန် နောက်​ဆုံး​အကြိမ် သက်သေခံ (၂၂-၃၀)

  • အထက်​အရပ်​က လာ​တဲ့​သူ (၃၁-၃၆)

 ဂျူး​တွေရဲ့ ခေါင်း​ဆောင်​လည်း​ဖြစ်၊ ဖာ​ရိ​ရှဲ​လည်း​ဖြစ်​တဲ့  နိကောဒင်​ဆိုတဲ့+  လူ​တစ်​ယောက်​ရှိ​တယ်။ ၂  သူ​က ည​အချိန်​မှာ ယေရှု​ဆီ​လာ​ပြီး+ “ဆရာ၊*+ ဆ​ရာ​ဟာ ဘု​ရား​သခင် စေ​လွှတ်​တဲ့​သူ​ဖြစ်​မှန်း ကျွန်​တော်​တို့ သိပါ​တယ်။ ဘု​ရား​သခင် အတူ​မရှိ​ရင် ဒီ​လို​အံ့​ဖွယ်​အမှု​တွေ​ကို+ ဘယ်​သူ​မှ မလုပ်​ပြနိုင်​ဘူး” လို့​ပြော​တော့၊+ ၃  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ တစ်​ဖန်​မွေး​ဖွား​ခြင်း မခံ​ရ​တဲ့​သူ​ဟာ+ ဘု​ရား​သခင့်​နိုင်​ငံ​တော်​ကို မြင်​ရ​မှာ မဟုတ်​ဘူး” လို့​ဖြေတယ်။+ ၄  အဲဒီ​အခါ နိကောဒင်​က “လူ​တစ်​ယောက် အရွယ်​ရောက်​ပြီး​ခါ​မှ ဘယ်​လို​လုပ် မွေး​ဖွား​ခံ​ရဦး​မှာ​လဲ။ မိ​ခင်​ဝမ်း​ထဲ ပြန်​ဝင်​ပြီး ဒုတိ​ယ​အကြိမ် မွေး​ဖွား​ခံ​လို့​မှ မရ​တာ” လို့​ပြော​တယ်။ ၅  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ ရေ​နဲ့​ရော+ စွမ်းအား​တော်​နဲ့​ပါ+ မွေး​ဖွား​ခြင်း​မခံ​ရင် ဘယ်​သူ​မှ ဘု​ရား​သခင့်​နိုင်​ငံ​တော်​ကို ဝင်​လို့​မရ​ဘူး။ ၆  လူ​က မွေး​ဖွား​ရင် လူ​ပဲ​ဖြစ်​မယ်။ ဘု​ရား​သခင့် စွမ်းအား​တော်​နဲ့ မွေး​ဖွား​ခြင်း​ခံ​ရရင်​တော့ ဘု​ရား​သခင်​ရဲ့ သား​သမီး​တွေ ဖြစ်​မယ်။ ၇  ခင်​ဗျား​တို့ တစ်​ဖန်​မွေး​ဖွား​ခြင်း​ခံ​ရ​မယ်​ဆို​ပြီး ကျွန်​တော်​ပြော​လိုက်​လို့ မအံ့​သြပါ​နဲ့။ ၈  လေ​က တိုက်​ချင်​တဲ့​ဘက်​ကို တိုက်​တတ်​တယ်။ လေ​တိုက်​သံ ကြား​ပေမဲ့ ဘယ်​က​လာလို့ ဘယ်​ကို​တိုက်​မှန်း မသိ​နိုင်​ဘူး။ စွမ်းအား​တော်​နဲ့ မွေး​ဖွား​ခြင်း​ခံ​ရ​သူ​တွေ​လည်း အဲဒီ​အတိုင်း​ပဲ”+ လို့​ပြန်​ဖြေတယ်။ ၉  နိကောဒင်​က “ဒါ​တွေ ဘယ်​လို​လုပ်  ဖြစ်​နိုင်​မှာ​လဲ”  လို့​မေး​တော့၊ ၁၀  ယေရှု​က “ခင်​ဗျား​ဟာ အစ္စရေးတွေရဲ့ ဆ​ရာ​ဖြစ်​လျက်​နဲ့ ဒါ​တွေ​ကို မသိ​သေး​ဘဲ​ကိုး။ ၁၁  ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်၊ အမှန်​အတိုင်း ပြော​မယ်။ ကျွန်​တော်​တို့​က ကိုယ်​သိ​တာ​ကို ပြော​တယ်။ ကိုယ်​မြင်​တာ​ကို သက်သေခံ​တယ်။  ဒါ​ပေမဲ့ ကျွန်​တော်​တို့ သက်သေ​ခံတာ​ကို  ခင်​ဗျား​တို့​လက်မခံ​​ဘူး။ ၁၂  ကျွန်​တော်​ပြော​နေ​တဲ့ မြေကြီး​နဲ့​ဆိုင်​တဲ့ အရာတွေ​ကို​တောင် ခင်​ဗျား​တို့​မယုံ​ရင် ကောင်း​ကင်​နဲ့​ဆိုင်​တဲ့ အရာတွေဆို   ဘယ်​လို​လုပ်​  ယုံ​မှာ​လဲ။ ၁၃  ကောင်း​ကင်​က​နေ ဆင်း​သက်​လာ​တဲ့ လူ​သား​က​လွဲ​လို့+ ဘယ်​သူ​မှ ကောင်း​ကင်​ကို မတက်​ဖူး​ဘူး။+ ၁၄  မော​ရှေ​က တော​မှာ မြွေကို မြှောက်​ထား​သလို+ လူ​သား​လည်း မြှောက်​ထား​ခံ​ရ​လိမ့်​မယ်။+ ၁၅  ဒါ​မှ လူ​သား​ကို ယုံ​ကြည်​သူ​အားလုံး ထာ​ဝ​ရ​အသက် ရ​နိုင်​ကြ​မယ်။+ ၁၆  “ဘု​ရား​သခင်​က လူ့​လော​က​ကို အလွန်​ချစ်​တယ်။ ဒါ​ကြောင့် မိမိ​ရဲ့​သား​ကို ယုံ​ကြည်​သက်​ဝင်​သူ​တိုင်း ဖျက်​ဆီး​မခံ​ရ​ဘဲ ထာ​ဝ​ရ​အသက်​ရ​နိုင်​ဖို့+ အဲဒီ​တစ်ဦး​တည်း​သော သား​ကို​တောင် ပေး​အပ်​ခဲ့​တယ်။+ ၁၇  အဲဒီ​သား​ကို စေ​လွှတ်​ရ​တဲ့  အကြောင်း​ရင်း​က လူ့​လော​က​ကို ပြစ်​ဒဏ်​စီ​ရင်​ဖို့ မဟုတ်​ဘူး။ သူ့​ကို​သုံး​ပြီး လူ့​လော​က​ကို ကယ်​တင်​ဖို့​ပဲ။+ ၁၈  သူ့​ကို ယုံ​ကြည်​သက်​ဝင်​သူ​တွေ ပြစ်​ဒဏ်​စီ​ရင်​ခံ​ရ​မှာ မဟုတ်​ဘူး။+ မယုံ​ကြည်​တဲ့​သူ​က​တော့ အခု​က​တည်း​က ပြစ်​ဒဏ်​စီ​ရင်​ခံ​နေ​ရ​ပြီ။ ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​ရဲ့ တစ်​ဦး​တည်း​သော​သား​နာ​မည်​ကို သူတို့ မယုံ​ကြည်​ကြ​လို့​ပဲ။+ ၁၉  အလင်း​က လူ့​လော​က​ကို ရောက်​လာ​ပြီ။+ ဒါ​ပေမဲ့ လူ​တွေ​က သူတို့​ရဲ့​မကောင်း​တဲ့  အကျင့်​တွေ​ကြောင့်​ အလင်း​ထက် အမှောင်​ကို ပို​နှစ်​သက်​ကြ​တယ်။ ဒါ​ကြောင့် သူတို့ ပြစ်​ဒဏ်​စီ​ရင် ခံ​ရ​လိမ့်​မယ်။ ၂၀  ဆိုး​ညစ်​တဲ့​အကျင့်​ရှိ​သူ​ဟာ အလင်း​ကို မုန်း​တယ်။ သူ့​အကျင့်​တွေ ပေါ်​သွား​မှာ​စိုး​လို့ အလင်း​ဆီ မလာ​ဘူး။ ၂၁  ဖြောင့်​မတ်​တဲ့​အကျင့်​ရှိ​သူ​က​တော့ သူ့​အကျင့်​တွေ ဘု​ရား​သခင့်​အလို​တော်​နဲ့ ကိုက်​ညီ​မှန်း ဖော်​ပြဖို့ အလင်း​ဆီ လာ​တတ်​တယ်”+ လို့​ပြော​တယ်။ ၂၂  အဲဒီ​နောက် ယေရှု​က တပည့်​တွေ​နဲ့​အတူ ယုဒ​တော​ရွာ​တွေ​ဆီ သွား​တယ်။ အဲဒီ​မှာ တ​ပည့်တွေ​နဲ့​အတူ​နေ​ပြီး လူ​တွေ​ကို နှစ်ခြင်း​ပေး​တယ်။+ ၂၃  ယောဟန်​လည်း ရှာ​လိမ်​မြို့​အနီး အဲ​နုန်​အရပ်​မှာ​ရှိ​တဲ့ ရေ​အိုင်​ကြီး​တစ်​အိုင်​မှာ နှစ်ခြင်း​ပေး​နေ​တော့+ လူ​တွေ သူ့​ဆီလာ​ပြီး  နှစ်ခြင်း​ခံ​ကြ​တယ်။+ ၂၄  အဲဒီ​တုန်း​က ယောဟန် ထောင်​မကျ​သေး​ဘူး။+ ၂၅  ယောဟန်​ရဲ့​တ​ပည့်တွေ​က သန့်​စင်​ခြင်း​ထုံး​စံ​နဲ့​ပတ်​သက်​ပြီး  ဂျူး​တစ်​ယောက်​နဲ့  အငြင်း​အခုံ​ဖြစ်​တယ်။ ၂၆  တ​ပည့်တွေ​က ယောဟန်​ဆီ​လာ​ပြီး “ဆ​ရာ၊ မှတ်​မိ​လား။ ဂျော်​ဒန်​မြစ် တစ်​ဖက်​ကမ်း​မှာ​တုန်း​က ဆ​ရာ့​ဆီ​လာ​တဲ့​လူ​လေ။ သူ့​အကြောင်း ဆ​ရာ​ သက်သေ​ခံ​ဖူး​ပါ​တယ်။+ အခု အဲဒီ​လူ​က နှစ်ခြင်း​ပေး​နေ​တော့ လူ​အများ​ကြီး သူ့​ဆီ​သွား​နေ​ကြ​ပြီ” လို့​ပြော​တော့၊ ၂၇  ယောဟန်​က “ဘု​ရား​သခင် မပေး​ဘဲ လူ​တွေရ​တာ​ဆို​လို့ ဘာ​တစ်​ခု​မှ မရှိ​ဘူး။ ၂၈  ‘ကျွန်​တော်​က​ ခ​ရစ်​တော် မဟုတ်​ဘူး၊+ ခ​ရစ်​တော်​ထက်​အရင် စေ​လွှတ်​ခံ​ရ​သူ​ဖြစ်​တယ်’+ လို့ ကျွန်​တော်​ပြော​တာ​ကို ခင်​ဗျား​တို့​ကိုယ်​တိုင် ကြား​ခဲ့​သား​ပဲ။ ၂၉  သတို့​သမီး​ကို​ရ​တဲ့​သူ​ဟာ သတို့​သား​ပါ။+ ဒါ​ပေမဲ့ အနား​မှာ​ရပ်​နေ​တဲ့ မိတ်ဆွေ​က​လည်း သတို့​သား​ရဲ့​အသံ​ကို ကြား​ပြီး ဝမ်း​သာ​ကြည်​နူး​နေ​တတ်​တယ်။ အဲဒီ​လို​ပဲ ကျွန်​တော်​လည်း ဝမ်း​သာ​ကြည်​နူး​နေ​တယ်။ ၃၀  ခ​ရစ်​တော်​ဟာ တိုး​တက်​နေ​ရ​မယ်၊ ကျွန်​တော်​က​တော့ ဆုတ်​ယုတ်​သွား​ရ​မှာ​ပဲ” လို့​ပြော​တယ်။ ၃၁  အထက်​အရပ်​က​နေ လာ​တဲ့​သူ​ဟာ+  အားလုံး​ထက်  ပို​ကြီးမြတ်​တယ်။ မြေကြီး​က​နေ လာ​တဲ့​သူ​က​တော့ မြေကြီး​နဲ့ စပ်​ဆိုင်​တယ်။ မြေကြီး​နဲ့​ဆိုင်​တာ​တွေ​ကို​ပဲ ပြော​တတ်​တယ်။ ကောင်း​ကင်​က​နေ  လာ​တဲ့​သူ​ဟာ  အားလုံး​ထက် ပို​ကြီးမြတ်​တယ်။+ ၃၂  သူ​က မြင်​ခဲ့၊ ကြား​ခဲ့​တာ​တွေ​ကို သက်သေခံ​ပေ​မဲ့+​ သူ​ပြော​တာ​ကို ဘယ်​သူ​မှ​ လက်​မခံ​​ကြ​ဘူး။+ ၃၃  သူ​ပြော​တာ​ကို​လက်​ခံ​တဲ့​သူ​က​တော့ ဘု​ရား​သခင်​ဟာ အမှန်​တရား​ကို  ပြော​တယ်​ဆို​တဲ့​အချက်​ကို​အတည်​ပြု​တဲ့​သူ​ပဲ။*+ ၃၄  ဘု​ရား​သ​ခင်​က စွမ်းအား​တော်​ကို မတွန့်​တို​ဘဲ ပေး​သနား​တဲ့​အတွက် ဘုရား​စေ​လွှတ်​လိုက်​တဲ့​သူ​က ဘု​ရား​သခင်​ရဲ့ တ​ရား​စကား​တွေ​ကို  ပြော​တယ်။+ ၃၅  အဖဘုရား​က သား​ကို​ချစ်​တဲ့​အတွက်+ သူ့​လက်​ထဲ အရာ​ခပ်​သိမ်း  အပ်​နှင်း​လိုက်​ပြီ။+ ၃၆  ဘု​ရားရဲ့​သား​ကို ယုံ​ကြည်​သက်​ဝင်​သူ​ဟာ ထာ​ဝ​ရ​အသက် ရ​လိမ့်​မယ်။+ သူ့​စကား​ကို နား​မထောင်​တဲ့​သူ​က​တော့​ အ​သက်​ရ​မှာ မဟုတ်​ဘူး။+ ဘုရား​သခင့်​အမျက်​တော် ခံ​ရ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ရဗ္ဗိ။”
မူ​ရင်း၊ “တံ​ဆိပ်​ခတ်​တဲ့​သူ​ပဲ။”