ယောဟန် ၂၀:၁-၃၁

  • သင်္ချိုင်း​ဂူ ဟောင်း​လောင်း​ဖြစ်​နေ (၁-၁၀)

  • မာ​ဂဒ​လ​မာ​ရိ​ရှေ့ ယေရှု​ပေါ်​လာ (၁၁-၁၈)

  • တ​ပည့်တွေ​ရှေ့ ယေရှု ပေါ်​လာ (၁၉-၂၃)

  • သော​မ သံ​သယ​ဝင်၊ နောက်​မှ ယုံ (၂၄-၂၉)

  • ဒီ​ကျမ်း​လိပ်​ရေးရ​တဲ့ အကြောင်း​ရင်း (၃၀၊ ၃၁)

၂၀  သီတင်း​ပတ်​ရဲ့​ပထ​မနေ့  မိုး​လင်း​ခါ​စ​မှာ  မာ​ဂဒ​လ​မာ​ရိ​ဟာ သင်္ချိုင်း​ဂူ​ကို ရောက်​လာ​တဲ့​အ​ခါ+ ဂူ​ဝ​မှာ​ပိတ်​ထား​တဲ့ ကျောက်​တုံး​ကို လှိမ့်​ဖယ်​ထား​မှန်း  တွေ့​လိုက်​ရ​တယ်။+ ၂  ဒါ​ကြောင့် ရှိ​မုန်​ပေတရု​နဲ့ ယေရှု​ချစ်​တဲ့ တပည့်​ဆီ+ ပြေး​သွား​ပြီး “သခင့်​ကို သင်္ချိုင်း​ဂူ​ထဲ​က​နေ  ယူ​သွား​ကြ​ပြီ။+ ဘယ်​မှာ​ထား​လိုက်​မှန်း မသိ​ဘူး” လို့​ပြော​တယ်။ ၃  ပေတရု​နဲ့  အဲဒီ​တ​ပည့်​လည်း သင်္ချိုင်း​ဂူ​ရှိ​ရာ​ကို သွား​တယ်။ ၄  နှစ်​ယောက်​သား အတူ​ပြေး​သွား​ပေမဲ့ အဲဒီ​တ​ပည့်​က ပို​အပြေး​မြန်​လို့ သင်္ချိုင်း​ဂူ​ကို ပေတရု​ထက် အရင်ရောက်​သွား​တယ်။ ၅  ဂူ​ထဲ​ကို ကိုယ်​ကို​ကိုင်း​ပြီး ကြည့်​လိုက်​တဲ့​အခါ ပိတ်​ထည်​တွေ​ကို​ပဲ တွေ့​တယ်။+  အထဲ​ကို​တော့  မဝင်​ဘူး။ ၆  အဲဒီ​နောက် ရှိ​မုန်​ပေတရု ရောက်​လာ​ပြီး သင်္ချိုင်း​ဂူ​ထဲ ဝင်​ကြည့်​တဲ့​အခါ ပိတ်​ထည်​တွေ​ကို တွေ့​တယ်။ ၇  ယေရှု​ရဲ့​ခေါင်း​ကို​ပတ်​တဲ့ ပိတ်​စ​နဲ့ ကိုယ်​ကို​ပတ်​တဲ့ ပိတ်​ထည်​တွေ​က တစ်​နေ​ရာ​စီ​မှာ အလိပ်​လိုက်​ရှိ​နေ​တယ်။ ၈  အရင်ရောက်​တဲ့ တ​ပည့်​လည်း ဂူ​ထဲ​ကို ဝင်​ကြည့်​လိုက်​တော့​မှ  ယုံ​သွား​တယ်။ ၉  ဒါ​ပေမဲ့ ယေရှု​ဟာ သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​မယ်​ဆို​တဲ့ ကျမ်း​စကား​ကို သူတို့ နား​မလည်​သေး​ဘူး။+ ၁၀  ဒါ​ကြောင့် အိမ်​ကို ပြန်​သွား​ကြ​တယ်။ ၁၁  မာ​ရိ​က​တော့ ဂူ​အပြင်​မှာ ငိုပြီး​ကျန်​ရစ်ခဲ့​တယ်။ ငို​နေ​ရင်း​နဲ့ ဂူ​ထဲ​ကို ကိုယ်​ကို​ကိုင်း​ပြီး ကြည့်​လိုက်​တဲ့​အခါ၊ ၁၂  ဝတ်​လုံ​ဖြူ  ဝတ်​ဆင်​ထား​တဲ့ ကောင်း​ကင်​တ​မန်​နှစ်​ပါး​က+ အလောင်း​ထား​တဲ့​နေ​ရာ​မှာ  ခေါင်း​ရင်း  တစ်​ယောက်၊  ခြေ​ရင်း  တစ်​ယောက် ထိုင်​နေ​တာ​ကို တွေ့​ရ​တယ်။ ၁၃  သူတို့​က  “ဘာ​လို့  ငို​နေ​တာ​လဲ” ဆို​ပြီး​မေး​တော့  မာ​ရိ​က  “ကျွန်​မရဲ့​သခင်​ကို​ တစ်​ယောက်​ယောက် ယူ​သွား​လိုက်​ပြီ။  ဘယ်​မှာ​ထား​မှန်း  မသိ​ဘူး”  လို့​ဖြေ​တယ်။ ၁၄  အဲဒီ​လို​ဖြေပြီး နောက်​လှည့်​ကြည့်​တဲ့​အခါ ယေရှု​ရပ်​နေ​တာ​ကို မြင်​တယ်။ ဒါ​ပေမဲ့ ယေရှု​မှန်း မသိ​ဘူး။+ ၁၅  ယေရှု​က “ဘာ​လို့ ငို​နေ​တာ​လဲ။ ဘယ်​သူ့​ကို ရှာ​နေ​တာ​လဲ” လို့​မေး​တော့ မာ​ရိ​က သူ့​ကို ဥယျာဉ်​စောင့်​အထင်​နဲ့ “ဆ​ရာ၊ အလောင်း​ကို ယူ​သွား​တယ်​ဆို​ရင် ဘယ်​မှာ​ထား​သလဲ ပြော​ပြပါ။ ကျွန်​မ ယူ​သွား​မယ်” လို့​ပြော​တယ်။ ၁၆  ယေရှု​က “မာ​ရိ” လို့​လည်း ခေါ်​လိုက်​ရော မာ​ရိ လှည့်​ကြည့်​ပြီး ဟီ​ဘ​ရူး​စကား​နဲ့ “ရဗ္ဗု​နိ” လို့​ထူး​လိုက်​တယ်။ (ရဗ္ဗု​နိ​ဆို​တာ “ဆ​ရာ” လို့ အဓိပ္ပာယ်ရ​တယ်။) ၁၇  ယေရှု​က “ကျွန်​တော့်​ကို မဆွဲ​ထား​နဲ့။ အဖဘု​ရား​ဆီ ကျွန်​တော် မသွား​သေး​ဘူး။ အခု၊ ညီ​အစ်​ကို​တွေ​ဆီ သွား​ပြီး+ ‘ကျွန်​တော့်​အဖဖြစ်​တဲ့+ ခင်​ဗျား​တို့​ရဲ့​အဖ၊ ကျွန်​တော့်​ဘု​ရား​သခင်​ဖြစ်​တဲ့+ ခင်​ဗျား​တို့​ရဲ့ ဘု​ရား​သခင်​ဆီ ကျွန်​တော် သွား​ရ​တော့​မယ်’ လို့​ပြော​ပေး​ပါ’ ဆို​ပြီး မှာ​တယ်။ ၁၈  မာ​ဂဒ​လ​မာ​ရိ​က တ​ပည့်တွေ​ဆီ သွား​ပြီး “သခင့်​ကို ကျွန်​မ တွေ့​လိုက်​တယ်” လို့​ပြော​တယ်။ ယေရှု မှာ​သမျှ​ကို​လည်း ပြန်​ပြော​ပြတယ်။+ ၁၉  အဲဒီ​နေ့​က သီ​တင်း​ပတ်​ရဲ့ ပထ​မနေ့​ပဲ။ ည​မှောင်​လာ​တော့ တ​ပည့်တွေ​က ဂျူး​တွေ​ကို ကြောက်​တဲ့​အ​တွက် အိမ်​တံခါး​ပိတ်​ပြီး စု​ဝေး​နေ​ကြ​တယ်။ အဲဒီ​အခါ သူတို့​အလယ်​မှာ ယေရှု ပေါ်​လာ​ပြီး “ငြိမ်သက်​ခြင်း ရှိ​ပါ​စေ” လို့​ပြော​တယ်။+ ၂၀  အဲဒီ​လို​ပြော​ပြီး​နောက် သူ့​လက်​တွေ​ကို​ရော နံ​ဘေး​ကို​ပါ ပြတယ်။+ တပည့်​တွေ​လည်း သူတို့​ရဲ့​သခင်​ကို မြင်​ရ​တော့ ပျော်​သွား​တယ်။+ ၂၁  ယေရှု​က “ငြိမ်သက်​ခြင်း ရှိ​ပါ​စေ။+ အဖဘု​ရား​က ကျွန်​တော့်​ကို ဒီ​လော​က​ထဲ စေ​လွှတ်​သလို+ ကျွန်​တော်​လည်း ခင်​ဗျား​တို့​ကို ဒီ​လော​က​ထဲ စေ​လွှတ်​တယ်”+ လို့​ထပ်​ပြော​တယ်။ ၂၂  အဲဒီ​နောက် သူတို့​အပေါ် လေ​ကို​မှုတ်​ပြီး “သန့်​ရှင်း​သော စွမ်းအား​တော်​ကို ခံ​ယူ​ကြ​ပါ။+ ၂၃  အပြစ်​ကျူး​လွန်​သူ တစ်​ယောက်​ကို ခင်​ဗျား​တို့ ခွင့်​လွှတ်​မယ်​ဆို​ရင် ဘု​ရား​သခင်​လည်း ခွင့်​လွှတ်​လိမ့်​မယ်။ ခင်ဗျား​တို့ ခွင့်​မလွှတ်​ဘူး​ဆို​ရင်​တော့ ဘု​ရား​သခင်​လည်း ခွင့်​လွှတ်​မှာ မဟုတ်​ဘူး” လို့​ပြော​တယ်။ ၂၄  ယေရှု  ပေါ်​လာ​တဲ့​အချိန်​မှာ တမန်​တော် ၁၂ ယောက်​ထဲ​က အမြွှာ​လို့ခေါ်​တဲ့ သော​မ+ မရှိ​ဘူး။ ၂၅  ဒါ​ကြောင့် ကျန်​တ​ပည့်တွေ​က “ငါ​တို့ သခင့်​ကို မြင်​လိုက်​ရ​တယ်” လို့​ပြော​တဲ့​အခါ သော​မက “ကျွန်​တော်​က​တော့ သခင့်​လက်​မှာ​ရှိ​တဲ့ သံ​ရိုက်​ရာ​ကို မမြင်​မစမ်း​ရရင်၊ နံ​ဘေး​ကို လက်​နဲ့ မစမ်း​ရရင်+ လုံး​ဝ​မယုံ​ဘူး” လို့​ပြန်​ပြော​တယ်။ ၂၆  ရှစ်​ရက်​ကြာ​ပြီး​နောက်  အိမ်​တစ်​အိမ်​မှာ တ​ပည့်တွေ စု​ဝေး​တဲ့​အခါ သော​မလည်း ရှိ​နေ​တယ်။ တံခါး​ပိတ်​ထား​ပေမဲ့ သူတို့​အလယ်​မှာ ယေရှု​ပေါ်​လာ​ပြီး “ငြိမ်သက်​ခြင်း ရှိ​ပါ​စေ” လို့​ပြော​တယ်။+ ၂၇  အဲဒီ​နောက် သောမ​ကို “ကျွန်​တော့်​လက်​က ဟော​ဒီ​သံ​ရိုက်​ရာ​ကို စမ်း​ကြည့်။ ကျွန်​တော့်​နံ​ဘေး​ကို​လည်း လက်​နဲ့​စမ်း​ကြည့်​ပါ။ မယုံ​မရှိ​နဲ့။ ယုံ​လိုက်​စမ်း​ပါ” ဆို​တော့၊ ၂၈  သောမ​က​ “ကျွန်​တော့်​သခင်၊ ကျွန်​တော့်​ဘုရား​ပါ​လား”  လို့​ပြော​တယ်။ ၂၉  ယေရှု​က “ခင်​ဗျား ကျွန်​တော့်​ကို​မြင်​ရလို့ ယုံ​တာ​လား။ ကျွန်​တော့်​ကို မမြင်​ဘဲ​နဲ့ ယုံ​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့ရ​လိမ့်​မယ်” လို့​ပြန်​ပြော​တယ်။ ၃၀  တ​ကယ်​တော့ ဒီ​ကျမ်း​လိပ်​မှာ မရေး​ထား​တဲ့ တ​ခြား​အံ့​ဖွယ်​အမှု အများ​ကြီး​ကို​လည်း တ​ပည့်တွေ​ရှေ့​မှာ ယေရှု​လုပ်​ပြခဲ့​တယ်။+ ၃၁  ဒါ​ပေမဲ့ ဒီ​အ​ကြောင်း​တွေ​ကို ရေး​ထား​တာ​က ယေရှု​ဟာ ဘု​ရား​သခင်​ရဲ့​သား​ဖြစ်​မှန်း၊ ခ​ရစ်​တော်​ဖြစ်​မှန်း ခင်​ဗျား​တို့ ယုံ​ကြည်​လာ​စေ​ဖို့၊ အဲဒီ​လို​ယုံ​ကြည်​ပြီး ယေရှု​ရဲ့ နာမည်​အား​ဖြင့် အသက်​ရ​စေ​ဖို့​ပဲ။+

အောက်ခြေမှတ်ချက်များ