ဗျာဒိတ် ၃:၁-၂၂

  • သာ​ဒိ​အသင်း​တော်​အတွက် သတင်း​စ​ကား (၁-၆)၊ ဖိလဒေ​လ​ဖိ အသင်း​တော်​အတွက် (၇-၁၃)၊ လော​ဒိ​ကိ အသင်း​တော်​အတွက် (၁၄-၂၂)

 “သာ​ဒိ​အသင်း​တော်ရဲ့ စေ​တ​မန်​ဆီ အခု​လို​ရေး​လိုက်​ပါ– ဘု​ရား​သခင်​ရဲ့ စွမ်း​အား​တော်​ခု​နစ်​ခု​နဲ့+ ကြယ်​ခု​နစ်​လုံး​ရှိ​တဲ့​သူ+ ပြော​တာ​က ‘မင်း​ရဲ့​အကျင့်​ကို ငါ​သိ​တယ်။ မင်း​ဟာ အသက်​ရှင်​နေ​တယ်​လို့ နာ​မည်​ရ​ထား​ပေမဲ့ သေနေ​တယ်။+ ၂  သတိ​ရှိ​နေ​ပါ။+ သေလု​ဆဲ​ဆဲ ဖြစ်​နေ​သူ​တွေ​ကို ခွန်​အား​ရှိ​စေ​ပါ။ ဘု​ရား​သခင် လုပ်​စေ​ချင်​တာ​တွေ​ကို ပြီး​စီး​အောင် မင်း မလုပ်​မှန်း ငါ​သိ​တယ်။ ၃  ဒါ​ကြောင့် အရင်​တုန်း​က မင်း ရ​ရှိ​ခဲ့​တာ​တွေ၊ ကြား​နာ​ခဲ့​တာ​တွေ​ကို ပြန်​သတိ​ရ​ပြီး အဲ​ဒါ​တွေ​ကို အမြဲစောင့်​ထိန်း​နေ​ပါ။ နောင်​တ​ရ​ပါ။+ မင်း မနိုး​ထ​ဘူး​ဆိုရင် သူ​ခိုး​လို ငါ​လာ​မယ်။+ ငါ​ဘယ်​အချိန်​လာ​မယ်​ဆို​တာ မင်း လုံး​ဝ​သိ​မှာ​မဟုတ်ဘူး။+ ၄  “‘ဒါ​ပေမဲ့ ကိုယ့်​ဝတ်​ရုံ​ကို ညစ်​ညူး​အောင်​မလုပ်​ခဲ့​တဲ့+ လူ​တ​ချို့ သာ​ဒိ​မြို့​မှာ ရှိ​တယ်။ သူ​တို့​ဟာ ထိုက်​တန်​သူ​တွေ​ဖြစ်​လို့ ဝတ်​ရုံ​ဖြူ​ ဝတ်​ပြီး+ ငါ​နဲ့​အတူ သွား​လာရ​လိမ့်​မယ်။ ၅  အောင်​မြင်​သူ​ဟာ+ ဝတ်​ရုံ​ဖြူ ဝတ်​ဆင်​ရ​လိမ့်​မယ်။+ ငါ​က သူ့​နာ​မည်​ကို အသက်​စာ​စောင်​က​နေ လုံး​ဝ ပယ်​ဖျက်​မှာ​ မဟုတ်​ဘူး။+ အဖဘုရား​ရှေ့​မှာ၊ ကောင်း​ကင်​တ​မန်​တွေ​ရှေ့​မှာ သူ့​နာ​မည်​ကို ငါ​အသိ​အမှတ်​ပြု​မယ်။+ ၆  အသင်း​တော်တွေ​ဆီ စွမ်း​အား​တော်​ ဆင့်​ဆို​တဲ့ စ​ကား​ကို နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။’ ၇  “ဖိ​လ​ဒေ​လ​ဖိ​ အသင်း​တော်ရဲ့ စေ​တ​မန်​ဆီ အခု​လို​ရေး​လိုက်​ပါ– သန့်​ရှင်း​သူ၊+ စစ်​မှန်​သူ၊+ ဒါ​ဝိဒ်ရဲ့​ သော့​ကို ပိုင်ဆိုင်​သူ၊+ တံ​ခါး​ကို ဘယ်​သူ​မှ ပိတ်​လို့​မရ​အောင် ဖွင့်​နိုင်​သူ၊ ဘယ်​သူ​မှ ဖွင့်​လို့​မရ​အောင် ပိတ်​နိုင်​သူ ပြော​တာ​က– ၈  ‘မင်း​ရဲ့​အကျင့်​ကို ငါ​သိ​တယ်။ ဘယ်​သူ​မှ ပိတ်​လို့​မရ​အောင် ပွင့်​နေ​တဲ့ တံ​ခါး​ကို မင်း​ရှေ့​မှာ ငါ​ဖွင့်​ထား​တယ်။+ မင်း​မှာ ခွန်​အား​နည်း​နည်း​ပဲ​ ရှိ​ပေမဲ့ ငါ့​စ​ကား​ကို လိုက်​နာ​ခဲ့​တာ၊ ငါ့​နာ​မည်​ကို မငြင်း​ပယ်​ခဲ့​တာ ငါ​သိ​တယ်။ ၉  ဂျူး​လူ​မျိုး​ မဟုတ်​ဘဲ+ ဟုတ်​တယ်​လို့ လိမ်​ညာ​ပြော​နေ​တဲ့ စာ​တန်​ရဲ့​အဖွဲ့​ဝင်​ထဲ​က လူ​တ​ချို့​ကို မင်း​ခြေ​ရင်း​မှာ လာရောက်ဦး​ညွှတ်​စေ​မယ်။ မင်း​ကို ငါ​ချစ်မြတ်​နိုး​မှန်း သူ​တို့​ကို​ သိ​စေ​မယ်။ ၁၀  မင်း​ဟာ ငါ့​စံ​န​မူ​နာ​အတိုင်း ခံ​နိုင်​ရည်​ရှိ​ခဲ့​တဲ့​အတွက်+ ကမ္ဘာ​မြေပေါ် နေ​ထိုင်​သူ​တွေ​ကို စမ်း​သပ်​ဖို့ မြေတစ်​ပြင်​လုံး​ပေါ် ကျ​ရောက်​တော့​မယ့် စမ်း​သပ်​ရာ​ကာ​လ​မှာ ငါ​လည်း မင်း​ကို ကာ​ကွယ်​မယ်။+ ၁၁  ငါ​အမြန်​လာ​မယ်။+ မင်း​ရဲ့​သရ​ဖူ​ကို ဘယ်​သူ​မှ မယူ​သွား​အောင် မင်း​လျှောက်​နေ​တဲ့ လမ်း​မှန်​မှာ ဆက်​လျှောက်​နေပါ။+ ၁၂  “‘ငါ​က အောင်​မြင်​သူ​ကို ဘု​ရား​သခင့်​ ဗိ​မာန်​တော်​မှာ တိုင်​ဖြစ်​စေ​မယ်။ ဗိမာန်​တော်​အပြင်​ဘက်​ကို သူ ထွက်​သွား​ရ​တော့​မှာ မဟုတ်​ဘူး။ သူ့​အပေါ်​မှာ ဘု​ရား​သခင့်​နာ​မည်​နဲ့+ ဂျေရု​ဆ​လင်​မြို့​သစ်​ရဲ့+ နာ​မည်​ကို ငါ​ရေး​မယ်။ အဲ​ဒီ​မြို့​ဟာ ဘု​ရား​သခင်​ရှိ​ရာ ကောင်း​ကင်​က​နေ ဆင်း​သက်​လာ​တဲ့ ဘု​ရား​သခင့်​မြို့​တော်​ပဲ။ ငါ့​နာ​မည်​အသစ်​ကို​လည်း သူ့​အပေါ်​မှာ ငါ​ရေး​မယ်။+ ၁၃  အသင်း​တော်တွေ​ဆီ စွမ်း​အား​တော်​ဆင့်​ဆို​တဲ့ စကား​ကို နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။’ ၁၄  “လော​ဒိ​ကိ​ အသင်း​တော်ရဲ့+ စေ​တ​မန်​ဆီ အခု​လို​ရေး​လိုက်​ပါ– သစ္စာ​ရှိ​ပြီး​ စစ်​မှန်​တဲ့+ သက်​သေ၊+ ဘုရားသခင့်​ ဖန်ဆင်း​ခြင်း​ရဲ့ အစ​ဖြစ်​တဲ့+ အာမင်*+​ ပြော​တာ​က၊ ၁၅  ‘မင်း​ရဲ့​အကျင့်​ကို ငါ​သိ​တယ်။ မင်း​ဟာ မပူ​မအေး ဖြစ်​နေ​တယ်။ အေး​ရင်​လည်း အေး​ဖို့၊ ပူ​ရင်​လည်း ပူ​ဖို့ ငါ​အလို​ရှိ​တယ်။ ၁၆  မပူ+ မအေး+ နွေး​ရုံ​သာ​ ဖြစ်​နေ​လို့ မင်း​ကို ငါ​ထွေး​ထုတ်​ပစ်​တော့​မယ်။ ၁၇  မင်း​က “ငါ ကြွယ်ဝ​သား​ပဲ။+ ပစ္စည်း​ဥစ္စာတွေ​လည်း စု​ဆောင်း​ထား​တယ်။ ဘာ​မှ​ မလို​တော့​ဘူး” လို့​ပြော​နေ​ပေမဲ့ စိတ်​မချမ်း​မြေ့​စရာ ဖြစ်​နေ​တာ၊ သနား​စ​ရာ​ကောင်း​နေ​တာ၊ ဆင်း​ရဲ​မွဲ​တေ​ပြီး မျက်​စိ​ကန်း​နေ​တာ၊ အဝတ်​ဗ​လာ​ဖြစ်​နေ​တာ မင်း​မသိ​ဘူး။ ၁၈  မင်း ကြွယ်​ဝ​လာ​ဖို့ မီး​နဲ့​ သန့်​စင်​ထား​တဲ့ ရွှေ​ကို ငါ့​ဆီ​က​နေ ဝယ်​ပါ​လို့ အကြံ​ပေး​ချင်​တယ်။ အဝတ်​ဗ​လာ​ကြောင့် အရှက်​မကွဲ​စေ​ဖို့+ ဝတ်​ဆင်​စ​ရာ ဝတ်​ရုံ​ဖြူ​ကို ဝယ်​ပါ။ မျက်​စိ​ပြန်​မြင်​စေ​ဖို့+ မျက်​စဉ်း​ကို​လည်း+ ငါ့​ဆီ​က​နေ ဝယ်​ပါ။ ၁၉  “‘ငါ​က ချစ်​ခင်မြတ်​နိုး​သူ အား​လုံး​ကို ဆုံး​မပဲ့​ပြင်​တတ်​တယ်။+ ဒါ​ကြောင့် စိတ်​အား​ထက်​သန်​ပါ။ နောင်​တ​ရ​ပါ။+ ၂၀  ငါ​က တံ​ခါး​ဝ​မှာ ရပ်​ပြီး တံ​ခါး​ခေါက်​နေ​တယ်။ ငါ့​အသံ​ကို​ကြား​လို့ တံ​ခါး​ဖွင့်​တဲ့​သူ​ရဲ့​အိမ်​ထဲ ဝင်​ပြီး သူ​နဲ့​အတူ ည​စာ​သုံး​ဆောင်​မယ်။ ၂၁  ငါ​က အောင်​မြင်​ပြီး အဖဘု​ရား​နဲ့​အတူ ရာ​ဇ​ပလ္လင်​ပေါ်​မှာ ထိုင်​ရ​သလို+ အောင်​မြင်​သူ​ကို​လည်း+ ငါ့​ရဲ့ရာ​ဇ​ပလ္လင်​ပေါ်​မှာ ငါ​နဲ့​အတူ​ထိုင်​ရ​တဲ့ အခွင့်​ကို ပေး​မယ်။+ ၂၂  အသင်း​တော်တွေ​ဆီ စွမ်း​အား​တော် ဆင့်​ဆို​တဲ့​စ​ကား​ကို နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။’”

အောက်ခြေမှတ်ချက်များ

ယေရှု​ရဲ့ ဘွဲ့​နာ​မည်​တစ်​ခု။