ဗျာဒိတ် ၂၁:၁-၂၇

  • ကောင်း​ကင်​သစ်​နဲ့ မြေကြီး​သစ် (၁-၈)

    • သေဆုံး​ရ​တော့​မှာ မဟုတ် ()

    • အရာ​ခပ်​သိမ်း​ကို အသစ်​ဖန်​ဆင်း ()

  • ဂျေရု​ဆ​လင်​မြို့​သစ်​အကြောင်း (၉-၂၇)

၂၁  အဲဒီ​နောက် ကောင်း​ကင်​သစ်​နဲ့ မြေကြီး​သစ်​ကို+ ကျွန်​တော်​ မြင်​တယ်။ အရင်​ကောင်း​ကင်​နဲ့ အရင်​မြေကြီး​ဟာ ကွယ်​ပျောက်​ပြီး+ ပင်​လယ်​လည်း+ မရှိ​တော့​ဘူး။ ၂  သန့်​ရှင်း​တဲ့​မြို့​တော်​ဖြစ်​တဲ့ ဂျေရု​ဆ​လင်​မြို့​သစ်​ဟာ ခင်​ပွန်း​အတွက် ဆင်​မြန်း​ထား​တဲ့ သတို့​သမီး​လို ပြင်​ဆင်​ပြီး+ ဘု​ရား​သခင်​ဆီ​က​နေ၊ ကောင်း​ကင်​က​နေ ဆင်း​လာ​တာ​ကို​လည်း+ ကျွန်​တော်​ မြင်​တယ်။ ၃  အဲ​ဒီ​အခါ ရာ​ဇ​ပလ္လင်​က​နေ ကျယ်​လောင်​တဲ့​အသံ ထွက်​ပေါ်​လာ​တာ ကျွန်​တော်​ ကြား​တယ်– “ဘု​ရား​သခင်​ရဲ့ တဲ​တော်​ဟာ လူ​တွေ​နဲ့​အတူ​ ရှိ​ပြီး ဘု​ရား​က သူ​တို့​ဆီ​မှာ စံ​မြန်း​မယ်။ သူ​တို့​လည်း ဘုရား​ရဲ့လူမျိုး ဖြစ်​လိမ့်​မယ်။ ဘု​ရား​သခင်​ကိုယ်တိုင် သူ​တို့​နဲ့​အတူ ရှိ​နေ​မယ်။+ ၄  ဘုရား​သခင်​က သူ​တို့​ရဲ့ မျက်​ရည်​ရှိ​သမျှ​ကို သုတ်​ပေး​လိမ့်​မယ်။+ သေခြင်း​ရှိတော့​မှာ မဟုတ်​ဘူး။+ ငို​ကြွေး​မြည်​တမ်း​ခြင်း၊ အော်​ဟစ်​ခြင်း၊ နာ​ကျင်​ခြင်းလည်း ရှိ​တော့​မှာ မဟုတ်​ဘူး။+ အရင်​က​ဖြစ်​ဖူး​တာ​တွေ ကွယ်​ပျောက်​သွား​ပြီ။” ၅  ရာ​ဇ​ပလ္လင်​ပေါ်​ထိုင်​နေ​တဲ့ ဘု​ရား​သခင်​က+ “အရာ​ခပ်​သိမ်း​ကို ငါ အသစ်​ဖန်​ဆင်း​နေ​တယ်”+ လို့​ပြော​တယ်။ ပြီး​တော့ “ဒါ​ဟာ သစ္စာ​စ​ကား၊ ဟုတ်​မှန်​တဲ့​စ​ကား​ဖြစ်​တဲ့​အတွက် ရေး​မှတ်​ထား​ပါ” လို့​လည်း ပြော​တယ်။ ၆  အဲ​ဒီ​နောက် ဘု​ရား​သခင်​က ကျွန်​တော့်​ကို ပြော​တယ်– “အဲ​ဒီ​စ​ကား​အတိုင်း ဖြစ်​နေ​ပြီ။ ငါ​ဟာ အာ​လ​ဖနဲ့ သြမေဃ​ဖြစ်​တယ်၊* အစ​နဲ့ အဆုံး​ဖြစ်​တယ်။+ ငါ​က ရေ​ငတ်​သူ​မှန်​သမျှ​ကို အသက်​စမ်း​ရေ အခ​မဲ့​ ပေး​မယ်။+ ၇  အောင်​မြင်​သူ​ဟာ ဒါ​တွေ​ကို အမွေ​ရ​လိမ့်​မယ်။ ငါ​ဟာ သူ့​ဘု​ရား​သခင် ဖြစ်​မယ်။ သူ​က​လည်း ငါ့​သား ဖြစ်​လိမ့်​မယ်။ ၈  ဒါ​ပေမဲ့ ကြောက်​တတ်​သူ​တွေ၊ ယုံ​ကြည်​ခြင်း ကင်း​မဲ့​သူ​တွေ၊+ ညစ်​ညမ်း​ပြီး ရွံ​ရှာ​ဖွယ်​ကောင်း​သူ​တွေ၊ လူ​သတ်​သမား​တွေ၊+ လိင်​အကျင့်​ယို​ယွင်း​သူ​တွေ၊*+ နတ်​ဆိုး​ပညာ လိုက်​စား​သူ​တွေ၊ ရုပ်​တု​ကိုး​ကွယ်​သူ​တွေ၊ လိမ်​လည်​သူ​တွေ​ဟာ+ ကန့်​တွေ​လောင်​နေ​တဲ့ မီး​အိုင်​ထဲ​မှာ ပစ်​ချ​ခံ​ရ​လိမ့်​မယ်။+ ဒါ​ဟာ ဒုတိ​ယ​သေခြင်း​ကို ဆို​လို​တယ်။”+ ၉  နောက်​ဆုံး​ကပ်​ဘေး​ခု​နစ်​ခု​နဲ့ ပြည့်​နေ​တဲ့ ဖလား​ခု​နစ်​လုံး​ကို​ ကိုင်​တဲ့ ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​ထဲ​က+ တစ်​ပါး​ ရောက်​လာ​ပြီး “လာ​ပါ။ သိုး​သငယ်​ရဲ့​ဇနီး​လောင်း သတို့​သမီး​ကို ပြမယ်”+ လို့ ကျွန်​တော့်​ကို ပြော​တယ်။ ၁၀  သူ​က ကျွန်​တော့်​ကို မြင့်​မား​တဲ့​တောင်​ကြီး​တစ်​လုံး​ဆီ စွမ်း​အား​တော်​နဲ့ ခေါ်​သွား​ပြီး ဘု​ရား​သခင်​ဆီ​က​နေ၊ ကောင်း​ကင်​က​နေ ဆင်း​လာ​တဲ့ သန့်​ရှင်း​တဲ့ ဂျေရု​ဆ​လင်​မြို့​ကို ပြတယ်။+ ၁၁  အဲ​ဒီ​မြို့​ဟာ ဘုရား​သခင်​ရဲ့ ဘုန်း​အသရေ​နဲ့ ပြည့်​နေ​တယ်။+ တန်​ဖိုး​ကြီး​တဲ့ ကျောက်​မျက်​ရတ​နာ​လို​ တောက်​ပ​နေ​တယ်။ န​ဂါးသွဲ့​ကျောက်​လို ဖြစ်​နေ​ပြီး သလင်း​လို ကြည်​နေ​တယ်။+ ၁၂  အဲ​ဒီ​မြို့​မှာ မြင့်​မား​တဲ့ မြို့​ရိုး​ကြီး ရှိ​တယ်။ မြို့​တံ​ခါး ၁၂ ပေါက်​ ရှိ​ပြီး အဲ​ဒီ​တံ​ခါး​တွေ​မှာ ကောင်း​ကင်​တ​မန် ၁၂ ပါး​ရှိ​တယ်။ အစ္စရေး​လူ​မျိုး ၁၂ နွယ်​ရဲ့ နာ​မည်​တွေ​ကို မြို့​တံ​ခါး​တွေ​မှာ ရေး​ထား​တယ်။ ၁၃  အရှေ့​ဘက်​မှာ တံခါး​သုံး​ပေါက်၊ မြောက်​ဘက်​မှာ တံ​ခါး​သုံး​ပေါက်၊ တောင်​ဘက်​မှာ တံ​ခါး​သုံး​ပေါက်၊ အနောက်​ဘက်​မှာ တံ​ခါး​သုံး​ပေါက် ရှိ​တယ်။+ ၁၄  မြို့​ရိုး​မှာ အုတ်​မြစ်​ကျောက် ၁၂ တုံး ရှိ​တယ်။ အဲ​ဒီ​ကျောက်​တွေ​ပေါ်​မှာ နာ​မည် ၁၂ ခု​ ရေး​ထား​တယ်။ သိုး​သငယ်​ရဲ့ တမန်​တော် ၁၂ ယောက်​ရဲ့ နာ​မည်​တွေ​ပဲ။+ ၁၅  ကျွန်​တော်​နဲ့​ စ​ကား​ပြော​နေ​တဲ့​သူ​က မြို့​တော်၊ မြို့​ရိုး​နဲ့ မြို့​တံ​ခါး​တွေ​ကို တိုင်း​တာ​ဖို့ ရွှေ​ကျူ​ရိုး​တစ်​ချောင်း ကိုင်​ထား​တယ်။+ ၁၆  မြို့​တော်​ဟာ အလျား​အနံ တူ​ပြီး စ​တု​ရန်း​ပုံ​ ဖြစ်​တယ်။ သူ​က မြို့​တော်​ကို ကျူ​ရိုး​နဲ့​တိုင်း​တာ​တဲ့​အခါ စ​တာ​ဒီ​ယမ်​ ၁၂,၀၀၀* ရှိ​တယ်။ အလျား၊ အနံ၊ အမြင့်​တွေ တူ​ညီ​တယ်။ ၁၇  မြို့​ရိုး​ကို​လည်း သူ​တိုင်း​တယ်။ လူ​တွေ​သုံး​တဲ့ အတိုင်း​အတာ​အရ ၁၄၄ တောင်* ရှိ​တယ်။ ကောင်း​ကင်​တ​မန်​တွေ​လည်း အဲ​ဒီ​အတိုင်း​အတာ​ကို​ပဲ သုံး​တယ်။ ၁၈  မြို့​ရိုး​ကို န​ဂါးသွဲ့​ကျောက်​နဲ့ တည်​ဆောက်​ထား​တယ်။+ မြို့​တော်​ဟာ ရွှေ​စင်​ဖြစ်​ပြီး ဖန်​သား​လို ကြည်​လင်​တယ်။ ၁၉  မြို့​ရိုး​ အုတ်​မြစ်​တွေ​ကို ကျောက်​မျက်​မျိုး​စုံ​ စီ​ခြယ်​ထား​တယ်။ ပထ​မအုတ်​မြစ်​ကို န​ဂါးသွဲ့၊ ဒုတိ​ယ​ကို နီလာ၊ တ​တိ​ယ​ကို မဟူရာ​ဖြူ၊ စ​တုတ္ထ​ကို မြ၊ ၂၀  ပဉ္စမကို ကြောင်၊ ဆ​ဋ္ဌ​မ​ကို ကျောက်​နီ၊ သတ္တ​မကို ပြောင်​ခေါင်း​စိမ်း၊ အဋ္ဌ​မကို မျက်​ရွဲ၊ န​ဝ​မကို ဥဿ​ဖရား၊ ဒသမ​ကို မဟူရာ​စိမ်း၊ ဧ​ကာ​ဒ​သမကို အပြာ​ရောင်​ဂေါ်​ မိတ်၊ ဒွါ​ဒ​သမကို ခ​ရမ်း​စွဲ​နဲ့ လုပ်​ထား​တယ်။ ၂၁  မြို့​တံ​ခါး​တစ်​ခု​စီ​ကို ပု​လဲ​တစ်​လုံး​စီ​နဲ့ လုပ်​ထား​တယ်။ တံ​ခါး ၁၂ ခု​ဆို​တော့ ပု​လဲ ၁၂ လုံး​ရှိတယ်။​ မြို့​တော်​လမ်း​မလည်း ရွှေ​စင်​ဖြစ်​ပြီး ဖန်​သား​လို ကြည်​လင်​တယ်။ ၂၂  မြို့​တော်​ထဲ​မှာ ဗိ​မာန်​တော်​ကို မတွေ့​ရ​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ အနန္တ​တန်​ခိုး​ရှင် ယေဟောဝါ*+ ဘု​ရား​သခင်​နဲ့ သိုး​သငယ်​ဟာ မြို့​တော်ရဲ့ ဗိ​မာန်​တော် ဖြစ်​လို့​ပဲ။ ၂၃  မြို့​တော်​ဟာ နေ​နဲ့ လ​ရဲ့ အလင်း​ကို မလို​အပ်​ဘူး။ ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကြောင့် မြို့​တော် ထွန်း​လင်း​နေ​လို့​ပဲ၊+ သိုး​သငယ်​ဟာ မြို့​တော်ရဲ့ မီး​ခွက်​ ဖြစ်​တယ်။+ ၂၄  လူ​မျိုး​တွေ​က မြို့​တော်ရဲ့​အလင်း​ကို အမှီ​ပြု​ပြီး သွား​လာ​ကြ​လိမ့်​မယ်။+ ကမ္ဘာ့​အုပ်​စိုး​ရှင်​တွေ​က မိမိ​တို့​ရဲ့ ဘုန်း​အသရေ​ကို မြို့​တော်​ထဲ ယူ​ဆောင်​လာ​လိမ့်​မယ်။ ၂၅  ည​အချိန် မရှိ​ဘဲ နေ့​အချိန်​ချည်း​ပဲ ရှိ​မှာ​ဖြစ်​လို့ မြို့​တံ​ခါး​တွေ​ကို ဘယ်​တော့​မှ ပိတ်​ထား​မှာ​ မဟုတ်​ဘူး။+ ၂၆  လူ​မျိုး​တွေရဲ့ ဘုန်း​အသရေ​နဲ့ ဂုဏ်​အသရေ​ကို မြို့​တော်​ထဲ ယူ​ဆောင်​လာ​လိမ့်​မယ်။+ ၂၇  ညစ်​ညူး​တဲ့​အရာ​မှန်​သမျှ၊ ရွံ​ရှာ​ဖွယ်​ရာတွေ ပြု​ကျင့်​ပြီး လိမ်​လည်​တဲ့​သူ​မှန်​သမျှ မြို့​တော်​ထဲ လုံး​ဝ ဝင်​ခွင့်​ရ​မှာ မဟုတ်​ဘူး။+ သိုး​သငယ်​ရဲ့ အသက်​စာ​လိပ်​မှာ စာ​ရင်း​ဝင်​သူ​တွေ​ပဲ ဝင်​ခွင့်​ရ​လိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ဂရိ​အက္ခရာ​မှာ ‘အာ​လ​ဖ’ က ပထ​မဆုံး​တစ်​လုံး၊ ‘ဩမေဃ’ က နောက်​ဆုံး​တစ်​လုံး။
ခက်​ဆစ်​ကို​ကြည့်။
(၁,၃၇၉ မိုင်) ၂,၂၂၀ ကီ​လို​မီ​တာ (၁,၃၇၉ မိုင်) ခန့်။ ၁ စ​တာ​ဒီ​ယမ်​က ၁၈၅ မီ​တာ (၆၀၆.၉၅ ပေ) နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
၆၄ မီ​တာ (ပေ ၂၁၀) ခန့်။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။