ဗျာဒိတ် ၁၆:၁-၂၁

  • ဘု​ရား​သခင့် အမျက်​တော်​ဖလား ခု​နစ်​လုံး (၁-၂၁)

    • ကမ္ဘာ​မြေပေါ် လောင်း​ချ ()၊ ပင်​လယ်​ပေါ် ()၊ မြစ်​တွေ၊ စမ်း​ရေတွေ​ပေါ် (၄-၇)၊ နေ​ပေါ် (၈၊ ၉)၊ သား​ရဲရဲ့ရာ​ဇ​ပလ္လင်​ပေါ် (၁၀၊ ၁၁)၊ ယူဖရေး​တီး​မြစ်​ပေါ် (၁၂-၁၆)၊ လေထု​ထဲ (၁၇-၂၁)

    • ဘု​ရား​သခင့်​စစ်​ပွဲ အာ​မဂေဒုန် (၁၄၁၆)

၁၆  သန့်​ရှင်း​ရာ​ဌာ​န​က​နေ ကျယ်​လောင်​တဲ့​အသံ ထွက်​ပေါ်​လာ​ပြီး+ ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ကို “သွား​ကြ​ပါ။ ဘု​ရား​သခင်​ရဲ့ အမျက်​တော်​ဖလား ခု​နစ်​လုံး​ကို ကမ္ဘာ​မြေပေါ် လောင်း​ချ​လိုက်​ပါ”+ လို့​ပြော​တာ​ကို ကျွန်​တော်​ ကြား​တယ်။ ၂  ပထ​မကောင်း​ကင်​တ​မန်​က ထွက်​သွား​ပြီး အမျက်​တော်​ဖလား​ကို ကမ္ဘာ​မြေပေါ် လောင်း​ချ​လိုက်​တယ်။+ အဲ​ဒီ​အခါ သား​ရဲ​အမှတ်​တံ​ဆိပ် ရိုက်​နှိပ်​ထား​သူ​တွေ​နဲ့+ သား​ရဲ​ရုပ်​တု​ကို ကိုး​ကွယ်​တဲ့​သူ​တွေရဲ့+ ကိုယ်​ပေါ်​မှာ နာ​ကျင်​ဆိုး​ဝါး​တဲ့ အနာ​စိမ်း​တွေ ပေါက်​လာ​တယ်။+ ၃  ဒုတိ​ယ ကောင်း​ကင်​တ​မန်​က အမျက်​တော်​ဖလား​ကို ပင်​လယ်​ပေါ် လောင်း​ချ​လိုက်​တယ်။+ အဲ​ဒီ​အခါ ပင်​လယ်​ဟာ လူ​သေရဲ့ သွေး​လို​ ဖြစ်​သွား​ပြီး+ ပင်​လယ်​ထဲ​မှာ​ရှိ​တဲ့ သတ္တ​ဝါ​အား​လုံး သေကုန်​တယ်။+ ၄  တ​တိ​ယ ကောင်း​ကင်​တ​မန်​က အမျက်​တော်​ဖလား​ကို မြစ်​တွေ၊ စမ်း​ရေတွေ​ပေါ် လောင်း​ချ​လိုက်​တယ်။+ အဲ​ဒီ​အခါ  ရေ​ဟာ  သွေး​ဖြစ်​သွား​တယ်။+ ၅  ရေ​အပေါ် အခွင့်​အာ​ဏာ​ရှိ​တဲ့ ကောင်း​ကင်​တ​မန်​က “အတိတ်​နဲ့ ပစ္စုပ္ပန်​မှာ အစဉ်​တည်​ရှိ​ပြီး+ သစ္စာ​စောင့်​သိ​တဲ့​အရှင်၊+ ကိုယ်​တော် အခု​လို စီ​ရင်​ဆုံး​ဖြတ်​တာ ဖြောင့်​မှန်​ပါ​တယ်။+ ၆  သန့်​ရှင်း​သူ​တွေ၊​ ပရော​ဖက်​တွေ​ကို သတ်​ပြီး သွေး​မြေကျ​အောင် လုပ်​ခဲ့​သူ​တွေ​ကို+ ကိုယ်​တော်​က သွေး​သောက်​ခိုင်း​တယ်။+ ဒါ​ဟာ သူ​တို့ ခံ​ထိုက်​တဲ့​အရာ​ပဲ”+ လို့​ပြော​တာ​ကို ကျွန်​တော် ကြား​တယ်။ ၇  ပူ​ဇော်ရာ​ပလ္လင်​က​လည်း “အနန္တ​တန်​ခိုး​ရှင်+ ယေဟောဝါ* ဘု​ရား၊ ကိုယ်​တော်ရဲ့ စီ​ရင်​ဆုံး​ဖြတ်​ချက်​တွေ​ဟာ မှန်​ကန်​ ဖြောင့်​မတ်​ပါ​တယ်”+ လို့​ပြော​တာ​ကို ကျွန်​တော်​ ကြား​တယ်။ ၈  စ​တုတ္ထ​ကောင်း​ကင်​တ​မန်​က အမျက်​တော်​ဖလား​ကို နေ​ပေါ် လောင်း​ချ​လိုက်​တယ်။+ အဲ​ဒီ​အခါ နေ​က လူ​တွေ​ကို မီး​နဲ့​လောင်​မြိုက်​နိုင်​တဲ့​အခွင့် ရ​တယ်။ ၉  လူ​တွေ​ဟာ ပြင်း​ထန်​တဲ့ အပူ​ရှိန်​ကို ခံ​ရ​တယ်။ အဲ​ဒီ​အခါ ကပ်​ဘေး​တွေ ဖြစ်​ပေါ်​စေ​နိုင်​တဲ့ ဘု​ရား​သခင်​ရဲ့​နာ​မည်​ကို စော်​ကား​ပြော​ဆို​ကြ​တယ်။ သူ​တို့ နောင်​တ​မရ​ကြ​ဘူး။ ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို မချီး​မွမ်း​ကြ​ဘူး။ ၁၀  ပဉ္စမ​ကောင်း​ကင်​တ​မန်​က အမျက်​တော်​ဖလား​ကို သား​ရဲရဲ့ ရာ​ဇ​ပလ္လင်​ပေါ် လောင်း​ချ​လိုက်​တယ်။ အဲ​ဒီ​အခါ သား​ရဲရဲ့​နိုင်​ငံ​ဟာ မှောင်​မိုက်​သွား​တယ်။+ သူ​တို့​က နာ​ကျင်​လွန်း​လို့ ကိုယ့်​လျှာ​ကိုယ် ကိုက်​ထား​ရ​တယ်။ ၁၁  နာ​ကျင်​ပြီး အနာ​စိမ်း​တွေ ပေါက်​လာ​တဲ့​အတွက် ကောင်း​ကင်​အုပ်​စိုး​ရှင် ဘု​ရား​သခင်​ကို သူ​တို့ စော်​ကား​ပြော​ဆို​ကြ​တယ်။ သူ​တို့​ရဲ့ အကျင့်​တွေ​အတွက် နောင်​တ​မရ​ကြ​ဘူး။ ၁၂  ဆ​ဋ္ဌ​မကောင်း​ကင်​တ​မန်​က အမျက်​တော်​ဖလား​ကို ယူ​ဖရေး​တီး​မြစ်​ကြီး​ပေါ်+ လောင်း​ချ​လိုက်​တယ်။ အဲ​ဒီ​အခါ မြစ်​ရေ​ခန်း​ခြောက်​သွား​ပြီး+ အရှေ့​အရပ်​က​နေ​လာ​တဲ့ ဘု​ရင်တွေ​အတွက် လမ်း​ပွင့်​သွား​တယ်။+ ၁၃  အဲ​ဒီ​နောက် န​ဂါးရဲ့​ခံ​တွင်း၊+ သား​ရဲရဲ့​ခံ​တွင်း၊ ပရော​ဖက်​အတု​အယောင်​ရဲ့ ခံတွင်း​ထဲ​က​နေ ဖား​လို ညစ်​ညူး​တဲ့ သတင်း​စ​ကား​သုံး​ခု* ထွက်​လာ​တာ​ကို ကျွန်​တော်​ မြင်​တယ်။ ၁၄  အဲ​ဒီ​သတင်း​စ​ကား​တွေ​ဟာ နတ်​ဆိုး​တွေရဲ့ သတင်း​စ​ကား​ဖြစ်​ပြီး အံ့​ဖွယ်​အမှု​တွေ လုပ်​ပြတယ်။+ အဲ​ဒီ​စ​ကား​တွေ​က လူ​နေ​ထိုင်​ရာ မြေတစ်​ပြင်​လုံး​မှာ​ရှိ​တဲ့ ဘု​ရင်တွေ​ဆီ ထွက်​သွား​ပြီး အနန္တ​တန်​ခိုး​ရှင် ဘု​ရား​သခင်​ရဲ့​နေ့​ကြီး​မှာ​ တိုက်​မယ့်+ စစ်​ပွဲ​အတွက် သူ​တို့​ကို စု​ရုံး​စေ​တယ်။+ ၁၅  “ငါ​က သူ​ခိုး​လာ​သလို လာ​မယ်။+ အဝတ်​ဗ​လာ​နဲ့ သွား​လာရ​တဲ့​အတွက် လူ​တွေ​ရှေ့ အရှက်​ပေါ်​ရ​တဲ့​အဖြစ်​မျိုး မရောက်​အောင်+ နိုး​နိုး​ကြား​ကြား​နေ​ပြီး+ ကိုယ့်​ဝတ်​ရုံ​ကို ထိန်း​သိမ်း​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။” ၁၆  သူ​တို့​က ဘု​ရင်တွေ​ကို ဟီ​ဘ​ရူး​စကား​နဲ့ အာ​မဂေဒုန်* လို့​ခေါ်​တဲ့ အရပ်​မှာ စုရုံးတယ်။+ ၁၇  သတ္တ​မကောင်း​ကင်​တ​မန်​က အမျက်​တော်​ဖလား​ကို လေ​ထု​ထဲ လောင်း​ချ​လိုက်​တယ်။ အဲ​ဒီ​အခါ ဗိ​မာန်​တော်ရဲ့ သန့်​ရှင်း​ရာ​ဌာ​န​က​နေ၊+ ရာ​ဇ​ပလ္လင်​က​နေ “ပြီး​ဆုံး​ပြီ” ဆို​တဲ့ ကျယ်​လောင်​တဲ့​အသံ ထွက်​ပေါ်​လာ​တယ်။ ၁၈  အဲ​ဒီ​နောက် လျှပ်​စီး​တွေ၊ စ​ကား​သံ​တွေ၊ မိုး​ခြိမ်း​သံ​တွေ ထွက်​ပေါ်​လာ​ပြီး မြေင​လျင်​ကြီး လှုပ်​တယ်။ ကမ္ဘာ​မြေပေါ် လူ​သား​တွေ စ​တည်​ရှိ​ချိန်​က​တည်း​က တစ်​ခါ​မှ မဖြစ်​ဖူး​တဲ့ အင်​မတန်​ပြင်း​ထန်​တဲ့ င​လျင်​ကြီး​ပဲ။+ ၁၉  မြို့​ကြီး​က+ သုံး​ပိုင်း​ကွဲ​ပြီး တိုင်း​နိုင်​ငံ​တွေရဲ့ မြို့​တွေ​လည်း ပြို​ပျက်​ကုန်​တယ်။ မဟာ​ဗာ​ဗု​လုန်​ကို+ အမျက်​တော်ဝိုင်​ခွက်+ သောက်​ခိုင်း​ဖို့ ဘုရား​သခင် သတိ​ရ​တယ်။ ၂၀  ကျွန်း​အား​လုံး ပျောက်​သွား​တယ်။ တောင်​တွေ​လည်း မရှိ​တော့​ဘူး။+ ၂၁  တစ်​လုံး​ကို တစ်​တဲ​လင့်* လေး​တဲ့ မိုး​သီး​ကြီး​တွေ​က ကောင်း​ကင်​က​နေ လူ​တွေ​ပေါ် ကျ​လာ​တယ်။+ မိုး​သီး​ကပ်​ဘေး​က+ ကြီး​မား​ပြင်း​ထန်​လွန်း​လို့ အဲ​ဒီ​ကပ်​ဘေး​ကြောင့် ဘု​ရား​သခင်​ကို လူ​တွေ စော်​ကား​ပြော​ဆို​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “နတ်​ဆိုး​သုံး​ပါး။”
ဂရိ​လို “ဟာမဂေဒုန်။” ‘မေဂိ​ဒေါ​တောင်’ လို့ အဓိပ္ပာယ်ရ​တဲ့ ဟီ​ဘ​ရူး​စ​ကား​လုံး​က​နေ ဆင်း​သက်​လာ။
ဂရိ​တစ်​တဲလင့်​က ၂၀.၄ ကီ​လို​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။