ဗျာဒိတ် ၁၁:၁-၁၉

  • သက်​သေနှစ်​ယောက် (၁-၁၃)

    • အထည်​ကြမ်း​ဝတ်​ပြီး ရက်​ပေါင်း ၁,၂၆၀ တိုင်တိုင် ပရော​ဖက်​ပြု ()

    • ကွပ်​မျက်​ခံ​ရ၊ သင်္ဂြိုဟ်​မခံ​ရ (၇-၁၀)

    • သုံး​ရက်​ခွဲ​ကြာ​ပြီး​နောက် အသက်​ပြန်​ရှင်​လာ (၁၁၊ ၁၂)

  • ဒုတိ​ယ​အဖြစ်​ဆိုး လွန်​သွား​။ တ​တိ​ယ​အဖြစ်​ဆိုး လာနေ (၁၄)

  • သတ္တ​မ ခ​ရာ (၁၅-၁၉)

    • ဘု​ရား​သခင်​ရဲ့​နိုင်​ငံ​နဲ့ ခ​ရစ်​တော်ရဲ့​နိုင်​ငံ (၁၅)

    • ကမ္ဘာ​မြေကို ဖျက်​ဆီး​သူ​တွေ ဖျက်​ဆီး​ခံ​ရ (၁၈)

၁၁  သူက ကျွန်​တော့်​ကို တုတ်​ချောင်း​နဲ့​တူ​တဲ့ ကျူ​ရိုး​တစ်​ချောင်း​ ပေး​ပြီး+ “ထ​ပါ။ ဘု​ရား​သခင့် ဗိမာန်​တော်ရဲ့ သန့်​ရှင်း​ရာ​ဌာ​န​နဲ့​ ပူဇော်​ရာ​ပလ္လင်​ကို တိုင်း​တာ​ပါ။ အဲ​ဒီ​မှာ ကိုး​ကွယ်​နေ​သူ​တွေ​ကို ရေ​တွက်​ပါ။ ၂  ဗိမာန်​တော်​အပြင်​ဘက်​က ရင်​ပြင်​ကို​တော့ ဒီ​အတိုင်း​ထား​လိုက်​ပါ၊ မတိုင်း​ပါ​နဲ့။ အဲ​ဒီ​ရင်​ပြင်​ကို လူ​မျိုး​ခြား​တွေ​ဆီ ပေး​အပ်​ထား​ပြီဖြစ်​လို့ သန့်​ရှင်း​တဲ့​မြို့​တော်​ကို+ ၄၂ လ​လုံး​လုံး သူ​တို့ နင်း​ခြေ​ကြ​လိမ့်​မယ်။+ ၃  သက်​သေနှစ်​ယောက်​ကို ငါ​စေ​လွှတ်​မယ်။ သူ​တို့​က အထည်​ကြမ်း​ဝတ်​ပြီး ရက်​ပေါင်း ၁,၂၆၀ တိုင်​တိုင် ပရော​ဖက်​ပြု​လိမ့်​မယ်” လို့​ပြော​တယ်။ ၄  သူ​တို့​နှစ်​ယောက်​က သံလွင်​ပင်​နှစ်ပင်​နဲ့+ ဆီ​မီး​တိုင်​နှစ်​ခု​ကို+ ဆို​လို​တယ်။ ကမ္ဘာ​မြေကို ပိုင်​စိုး​တဲ့​သခင်​ရှေ့​မှာ ရပ်နေတယ်။+ ၅  သူ​တို့​ကို တစ်​ယောက်​ယောက်​က အန္တရာယ်​ပေး​ချင်​ပြီဆို​ရင် သူ​တို့​ခံ​တွင်း​ထဲ​က​နေ မီး​လျှံ​ထွက်​လာ​ပြီး ရန်​သူ​တွေ​ကို လောင်​ကျွမ်း​ပစ်​တယ်။ သူ​တို့​ကို အန္တရာယ်​ပေး​ချင်​သူ​မှန်​သမျှ အဲ​ဒီ​အတိုင်း သေရ​လိမ့်​မယ်။ ၆  သူ​တို့​ပရော​ဖက်​ပြု​တဲ့ နေ့​ရက်တွေ​အတွင်း​မှာ မိုး​မရွာ​အောင်+ ကောင်း​ကင်​ကို ပိတ်​နိုင်​တဲ့​တန်​ခိုး သူ​တို့​ရ​ထား​တယ်။+ ရေ​ကို​ သွေး​ဖြစ်​အောင် ပြောင်း​လဲ​နိုင်​တဲ့ တန်​ခိုး၊+ အလို​ရှိ​တဲ့​အခါ​တိုင်း ကမ္ဘာ​မြေကို ကပ်​ဘေး​အမျိုး​မျိုး​နဲ့ ဒဏ်​ခတ်​နိုင်​တဲ့​တန်​ခိုး​ကို​လည်း ရ​ထား​တယ်။ ၇  သူ​တို့ သက်​သေခံ​လို့ ပြီး​သွား​တဲ့​အခါ တွင်း​နက်​ကြီး​ထဲ​က​နေ တက်​လာ​တဲ့ သား​ရဲ​က သူ​တို့​ကို တိုက်​ခိုက်​အောင်​မြင်​ပြီး သတ်​ပစ်​လိမ့်​မယ်။+ ၈  သူ​တို့​ရဲ့​အလောင်း​တွေ​ဟာ မြို့​ကြီး​ရဲ့​လမ်း​မပေါ်​မှာ ဒီ​အတိုင်း ရှိ​နေ​လိမ့်​မယ်။ အဲ​ဒီ​မြို့​ဟာ သူ​တို့​သခင် သစ်​တိုင်​ပေါ် ကွပ်​မျက်​ခံ​ရ​တဲ့​မြို့၊ သော​ဒုံ​နဲ့ အီ​ဂျစ်​ဆို​ပြီး တင်​စား​ခေါ်​ဝေါ်ရ​တဲ့​မြို့​ပဲ။ ၉  လူ​စု​တွေ၊ လူ​မျိုး​နွယ်​တွေ၊ ဘာ​သာ​စ​ကား​အမျိုး​မျိုး​ ပြော​တဲ့ လူ​တွေ​က သူ​တို့​ရဲ့ အလောင်း​တွေ​ကို ဂူ​သွင်း​ခွင့်​ မပြု​ဘဲ သုံး​ရက်​ခွဲ​တိ​တိ ဒီ​အတိုင်း​ပဲ ကြည့်​နေ​ကြ​လိမ့်​မယ်။+ ၁၀  သူ​တို့​သေသွား​တဲ့​အတွက် ကမ္ဘာ​ပေါ်​နေ​ထိုင်​သူ​တွေ​ ဝမ်း​သာ​အား​ရ​ ပွဲ​ခံ​ပြီး အပြန်​အလှန် လက်​ဆောင် ပေး​ကြ​လိမ့်​မယ်။ အဲ​ဒီ​ပရော​ဖက်​နှစ်​ယောက်​က ကမ္ဘာ​ပေါ် နေ​ထိုင်​သူ​တွေ​ကို ညှဉ်း​ဆဲ​ခဲ့​ကြ​လို့​ပဲ။ ၁၁  သုံး​ရက်​ခွဲ​ကြာ​ပြီး​နောက် ဘု​ရား​သခင်​ဆီ​က အသက်​စွမ်း​အား ဝင်​လာ​တဲ့​အတွက်+ သူ​တို့​ ထ​ရပ်​ကြ​တယ်။ မြင်​တဲ့​သူ​တွေ အကြီး​အကျယ် ထိတ်​လန့်​သွား​တယ်။ ၁၂  အဲ​ဒီ​နောက် ကောင်း​ကင်​က​နေ “ဒီ​ကို တက်​လာခဲ့” ဆို​တဲ့ အသံ​ကျယ်​ကြီး​ကို သူ​တို့​ ကြား​တယ်။ ဒါ​နဲ့ မိုး​တိမ်​ခြံ​ရံ​ပြီး ကောင်း​ကင်​ဆီ သူ​တို့​တက်​သွား​တာ​ကို ရန်​သူ​တွေ မြင်​တယ်။ ၁၃  အဲ​ဒီ​အချိန်​မှာ မြေင​လျင်​ကြီး လှုပ်​တဲ့​အတွက် မြို့​ရဲ့​ဆယ်​ပုံ​တစ်​ပုံ ပျက်​စီး​ပြီး လူ ၇,၀၀၀ သေဆုံး​သွား​တယ်။ ကျန်​တဲ့​သူ​တွေ​က ထိတ်​လန့်​ပြီး ကောင်း​ကင်​အုပ်​စိုး​ရှင် ဘု​ရား​သခင်​ရဲ့ ဘုန်း​တော်​ကို ချီး​မွမ်း​ကြ​တယ်။ ၁၄  ဒုတိ​ယ​အဖြစ်​ဆိုး+ လွန်​သွား​ပြီ။ တ​တိ​ယ​အဖြစ်​ဆိုး အမြန်​ဆုံး​လာ​နေ​တယ်။ ၁၅  အဲ​ဒီ​နောက် သတ္တ​မကောင်း​ကင်​တ​မန် ခ​ရာ​မှုတ်​တဲ့​အခါ+ “လော​က​နိုင်​ငံ​ဟာ ဘု​ရား​သခင်​ရဲ့​နိုင်​ငံ​နဲ့+ ခ​ရစ်​တော်ရဲ့​နိုင်​ငံ ဖြစ်​ပြီ။+ ဘု​ရား​သခင်​က ဘု​ရင်​အဖြစ် အစဉ်​ထာ​ဝ​ရ အုပ်​စိုး​တော့​မယ်”+ ဆို​တဲ့ ကျယ်​လောင်​တဲ့​အသံ ကောင်း​ကင်​က​နေ ထွက်​ပေါ်​လာ​တယ်။ ၁၆  ဘု​ရား​သခင်​ရှေ့ ပလ္လင်တွေ​ပေါ်မှာ ထိုင်​နေ​တဲ့​အကြီး​အကဲ ၂၄ ယောက်​က+  ဘု​ရား​သခင်​ကို ပျပ်​ဝပ်ကိုးကွယ်​ပြီး၊ ၁၇  “အတိတ်​နဲ့ ပစ္စုပ္ပန်​မှာ အစဉ်​တည်​ရှိ​တဲ့ အနန္တ​တန်​ခိုးရှင် ယေဟောဝါ* ဘုရား၊+ ကိုယ်​တော်​ဟာ မဟာ​တန်​ခိုး​တော်​ကို သုံး​ပြီး ဘု​ရင်​အဖြစ် စတင်​အုပ်​စိုး​ပြီဖြစ်​လို့+ ကျွန်​တော်တို့ ကျေး​ဇူး​တင်​ပါ​တယ်။ ၁၈  ဒါ​ပေမဲ့ လော​က​တိုင်း​နိုင်​ငံ​တွေ​က​တော့ အမျက်​ထွက်​ကြ​တယ်။ ကိုယ်​တော်​လည်း အမျက်​ထွက်​နေ​တယ်။ သေလွန်​သူ​တွေ​ကို တ​ရား​စီ​ရင်​ဖို့၊ ကိုယ်​တော်ရဲ့​ကျွန် ပရော​ဖက်​တွေ၊+ သန့်​ရှင်း​သူ​တွေ၊ နာ​မတော် ကြောက်​ရွံ့​ရို​သေတဲ့ လူ​ကြီး​လူ​ငယ်​တွေ​ကို ဆု​ချ​ဖို့၊+ ကမ္ဘာ​မြေကို ဖျက်​ဆီး​တဲ့​သူ​တွေ​ကို ဖျက်​ဆီး​ဖို့ သတ်​မှတ်​ထား​တဲ့​အချိန် ရောက်​ပါ​ပြီ”+ လို့ ပြော​ကြ​တယ်။ ၁၉  အဲ​ဒီ​အခါ ကောင်း​ကင်​မှာ​ရှိ​တဲ့ ဘု​ရား​သခင်​ရဲ့ ဗိ​မာန်​တော် ပွင့်​လာ​ပြီး ဗိမာန်​တော်​ထဲ​မှာ​ ရှိ​နေ​တဲ့ ပဋိ​ညာဉ်​သေတ္တာ​ကို ကျွန်​တော်​ မြင်​ရ​တယ်။+ အဲ​ဒီ​အချိန်​မှာ မိုး​ခြိမ်း​သံ​တွေ၊ စ​ကား​သံ​တွေ ထွက်​ပေါ်​လာ​တယ်။ လျှပ်​စီး​လက်​ပြီး မြေင​လျင်​ လှုပ်​တယ်၊ မိုး​သီး​မုန်​တိုင်း​တွေ ကျ​တယ်။

အောက်ခြေမှတ်ချက်များ