ဗျာဒိတ် ၁၂:၁-၁၇

  • မိန်း​မ၊ သား​ယောက်ျား​နဲ့ န​ဂါး (၁-၆)

  • မိက္ခေ​လ​နဲ့​န​ဂါး စစ်​ဖြစ် (၇-၁၂)

    • န​ဂါး မြေကြီး​ပေါ် ပစ်​ချ​ခံ​ရ ()

    • မာရ်​နတ်​က အချိန်​နည်း​နည်း​ပဲ ကျန်​တော့​မှန်းသိ (၁၂)

  • န​ဂါး​က မိန်း​မကို နှိပ်​စက်​ညှဉ်း​ပန်း (၁၃-၁၇)

၁၂  အဲဒီ​နောက် ကောင်း​ကင်​မှာ နိမိတ်​ကြီး​တစ်​ခု​ကို ကျွန်​တော် မြင်​တယ်။ မိန်း​မတစ်​ယောက်​က+ နေ​ကို​ဝတ်​ဆင်​ပြီး လ​ကို ခြေ​နဲ့​နင်း​ထား​တယ်။ ခေါင်း​ပေါ်​မှာ​လည်း ကြယ် ၁၂ လုံး​ပါ​တဲ့ သရ​ဖူ ဆောင်း​ထား​တယ်။ ၂  ကိုယ်​ဝန်​ရှိ​နေ​တဲ့ အဲ​ဒီ​မိန်း​မ​ဟာ​ သား​ဖွား​တော့​မှာ​ဖြစ်​လို့ နာ​ကျင်​စွာ အော်​ဟစ်​နေ​တယ်။ ၃  အဲ​ဒီ​နောက် ကောင်း​ကင်​မှာ နိမိတ်​နောက်​တစ်​ခု မြင်​ပြန်​တယ်။ ခေါင်း​ခုနစ်လုံး၊ ချို​ဆယ်​ချောင်း​ရှိ​တဲ့ မီး​နီ​ရောင် န​ဂါး​ကြီး​တစ်​ကောင်​က+ ခေါင်း​တွေ​ပေါ်​မှာ သရ​ဖူ​ခု​နစ်​ခု ဆောင်း​ထား​တယ်။ ၄  အဲ​ဒီ​န​ဂါး​က ကောင်း​ကင်​ကြယ်+ သုံး​ပုံ​တစ်​ပုံ​ကို အမြီး​နဲ့ ဆွဲ​ငင်​ပြီး မြေကြီး​ပေါ် ပစ်​ချ​လိုက်​တယ်။+ ပြီး​တော့ သား​ဖွား​တော့​မယ့် မိန်း​မရှေ့​မှာ+ ရပ်​ပြီး မွေး​လာ​မယ့် က​လေး​ကို ဝါး​မျို​ဖို့ စောင့်​နေ​တယ်။ ၅  အဲ​ဒီ​မိန်း​မက တိုင်း​နိုင်​ငံ​အား​လုံး​ကို သံ​လှံ​တံ​နဲ့+ အုပ်​ချုပ်​မယ့် သား​ယောက်ျား​ကို ဖွား​မြင်​တယ်။+ အဲ​ဒီ​ကလေး​ကို ရာ​ဇ​ပလ္လင်​ပေါ်​ ထိုင်​နေ​တဲ့ ဘုရား​သခင်​ဆီ ချက်​ချင်း​ ပို့​ပေး​ကြ​တယ်။ ၆  အဲ​ဒီ​မိန်း​မက မိမိ​အတွက် ဘု​ရား​သခင် ပြင်​ဆင်​ထား​တဲ့​တော​ထဲ​ကို ထွက်​ပြေး​သွား​တယ်။ အဲ​ဒီ​မှာ သူ့​ကို ရက်​ပေါင်း ၁,၂၆၀ လုံး​လုံး+ ကျွေး​မွေး​ပြု​စု​ကြ​တယ်။ ၇  ကောင်း​ကင်​မှာ စစ်​ဖြစ်​တယ်။ မိက္ခေ​လ​နဲ့*+ သူ့​ရဲ့​ကောင်း​ကင်​တ​မန်​တွေ​က န​ဂါး​နဲ့ တိုက်​ခိုက်​ကြ​တယ်။ နဂါး​နဲ့ သူ့​ရဲ့ ကောင်း​ကင်​တ​မန်​တွေ​လည်း ပြန်​တိုက်​ခိုက်​ကြ​တယ်။ ၈  ဒါ​ပေမဲ့ သူ​တို့* စစ်​ရှုံး​သွား​တယ်။ ကောင်း​ကင်​မှာ သူ​တို့​နေ​စ​ရာ​လည်း မရှိ​တော့​ဘူး။ ၉  ဒါ​ကြောင့် လူ​နေ​ထိုင်​ရာ မြေတစ်​ပြင်​လုံး​ကို လှည့်​စား​သူ၊+ မာရ်​နတ်+ စာတန်​လို့​ခေါ်​တဲ့+ ရှေး​မြွေဟောင်း၊+ န​ဂါး​ကြီး​ဟာ+ မြေကြီး​ပေါ် ပစ်​ချ​ခံ​ရ​တယ်။+ သူ​နဲ့​အတူ သူ့​ရဲ့ ကောင်း​ကင်​တ​မန်​တွေ​လည်း ပစ်​ချ​ခံ​ရ​တယ်။ ၁၀  အဲ​ဒီ​နောက် ကောင်း​ကင်​မှာ အသံ​အကျယ်​ကြီး ထွက်​ပေါ်​လာ​တယ်– “ဘု​ရား​သခင်​က လူ​တွေ​ကို ကယ်​တင်ပြီ။+ တန်​ခိုး​တော်​ ပြပြီ။ နိုင်​ငံ​တော် တည်​ထောင်​ပြီ။+ ခ​ရစ်​တော်​ရဲ့ အခွင့်​အာဏာ စတင်​သက်​ရောက်​ပြီ။ ငါ​တို့​ရဲ့ ညီ​အစ်​ကို​တွေ​ကို ဘု​ရား​သခင်​ရှေ့​မှာ နေ့ညမပြတ် စွပ်​စွဲ​နေ​တဲ့သူ ပစ်ချခံ​ရ​ပြီဖြစ်​လို့​ပဲ။+ ၁၁  သူ​တို့​က သိုး​သငယ်​ရဲ့ သွေး​ကြောင့်၊+ သူ​တို့ သက်​သေခံ​ခဲ့တဲ့ တရား​စ​ကား​ကြောင့်+ သူ့ကို အောင်​မြင်​ခဲ့​ပြီ။+ သေဘေး​နဲ့ ရင်​ဆိုင်​ရရင်​တောင် ကိုယ့်​အသက်​ကို မနှ​မြော​ကြ​ဘူး။+ ၁၂  ဒါ​ကြောင့် ကောင်း​ကင်​နဲ့ ကောင်း​ကင်​မှာ နေ​ထိုင်​သူ​တို့၊ ဝမ်းမြောက်​ကြ​ပါ။ မြေကြီးနဲ့​ ပင်​လယ်​ဟာ+ အဖြစ်​ဆိုး​ ကြုံ​နေရပြီ။ မာရ်​နတ်​က သူ့​အတွက်​အ​ချိန်နည်း​နည်း​ပဲ ကျန်​တော့​မှန်း​ သိ​လို့ မင်းတို့ဆီ ဒေါ​သတ​ကြီး ဆင်းလာ​ပြီ။”+ ၁၃  န​ဂါး​ဟာ မြေကြီး​ပေါ် ပစ်​ချ ခံလိုက်​ရ​မှန်း  သိ​သွား​တဲ့​အ​ခါ+ သား​ယောက်ျား ဖွား​မြင်​တဲ့​မိန်း​မကို နှိပ်​စက်​ညှဉ်း​ပန်း​တော့​တယ်။+ ၁၄  ဒါ​ပေမဲ့ မိန်း​မက မိမိ​ရဲ့​နေ​ရာ​ဖြစ်​တဲ့ တော​ထဲ​ကို ပျံ​သန်း​သွား​နိုင်​ဖို့ လင်း​ယုန်​ကြီး​ရဲ့ အတောင်​နှစ်​ဖက်​ကို ရ​တယ်။+ မြွေနဲ့​ ဝေး​တဲ့+ အဲ​ဒီ​နေ​ရာ​မှာ တစ်​ကာ​လ၊ နှစ်​ကာ​လ​နဲ့ ကာ​လ​တစ်​ဝက်​ပတ်​လုံး*+ သူ့​ကို ကျွေး​မွေး​ပြု​စု​ကြ​တယ်။ ၁၅  အဲ​ဒီ​အခါ မြွေက ခံ​တွင်း​ထဲ​က​ရေ​ကို မိန်း​မရဲ့​နောက်​က​နေ မြစ်​ရေ​သဖွယ် မှုတ်​ထုတ်​လိုက်​တယ်။ မိန်း​မကို ရေ​နစ်​သေစေ​ချင်​လို့​ပဲ။ ၁၆  ဒါ​ပေမဲ့ မြေကြီး​က ခံ​တွင်း​ကို​ ဖွင့်​ပြီး န​ဂါး​မှုတ်​ထုတ်​တဲ့ မြစ်​ရေ​ကို မျို​ချ​လိုက်​တယ်။ ဒီ​နည်း​နဲ့ မိန်း​မကို ကယ်​လိုက်​တယ်။ ၁၇  အဲ​ဒီ​အခါ န​ဂါး​က မိန်း​မကို ဒေါ​သထွက်​ပြီး မိန်း​မရဲ့ မျိုး​နွယ်​ထဲ​က+ ကျန်​ကြွင်း​သူ​တွေ​ကို စစ်​တိုက်​ဖို့ ထွက်​သွား​တယ်။ သူ​တို့​ဟာ ဘု​ရား​သခင်​ရဲ့ ပညတ်​တွေ​ကို စောင့်​ရှောက်​ပြီး ယေရှု​အကြောင်း သက်​သေခံ​တဲ့​သူ​တွေ​ပဲ။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ဘု​ရား​သခင်​နဲ့ ဘယ်​သူ​ တူ​သလဲ။”
“န​ဂါး” လည်း​ဖြစ်​နိုင်။
သုံး​ကာ​လ​ခွဲ​ကို ဆို​လို။