ဗျာဒိတ် ၁၄:၁-၂၀

  • သိုး​သငယ်​နဲ့ ၁၄၄,၀၀၀ (၁-၅)

  • ကောင်း​ကင်​တ​မန် သုံး​ပါး​ဆီ​က သတင်း​စကား (၆-၁၂)

    • ကောင်း​ကင်​မှာ ကောင်း​ကင်​တ​မန် သတင်းကောင်း​ ကြေ​ညာ (၆၊ ၇)

  • သခင်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ပြီး သေဆုံး​သွား​သူ​တွေ ပျော်​ရွှင်​ချမ်း​မြေ့ (၁၃)

  • ကမ္ဘာ​မြေပေါ် ရိတ်​သိမ်း​ခြင်း နှစ်​မျိုး (၁၄-၂၀)

၁၄  အဲဒီ​နောက် ကျွန်​တော်​ ကြည့်​လိုက်​တဲ့​အခါ ဇိ​အုန်​တောင်​ပေါ်​မှာ+ သိုး​သငယ်+ ရပ်​နေ​တာ​ကို မြင်​တယ်။ သူ့​နာ​မည်​နဲ့ အဖဘု​ရားရဲ့ နာ​မည်​ကို+ န​ဖူး​ပေါ်​မှာ​ ရေး​ထား​တဲ့​သူ ၁၄၄,၀၀၀ လည်း+ သူ​နဲ့​အတူ ရှိ​နေ​တယ်။ ၂  အဲဒီ​အခါ ရေ​ထု​ကြီး၊ မိုး​ခြိမ်း​သံ​ကြီး​နဲ့​ တူ​တဲ့​အသံ ကောင်း​ကင်​က​နေ ထွက်​ပေါ်​လာ​တာ​ကို ကျွန်​တော် ကြား​တယ်။ ကြား​ရ​တဲ့​အသံ​ဟာ စောင်း​တီး​ပြီး သီ​ဆို​နေ​တဲ့ သီချင်း​သည်​တွေရဲ့ အသံ​နဲ့​ တူ​တယ်။ ၃  သူ​တို့​က ရာ​ဇ​ပလ္လင်​ရှေ့၊ သတ္တ​ဝါ​လေး​ပါး​နဲ့+ အကြီး​အကဲ​တွေ​ရှေ့​မှာ+ သီချင်း​သစ်​နဲ့​ တူ​တဲ့​ သီချင်း​ကို သီ​ဆို​နေ​ကြ​တယ်။+ ကမ္ဘာ​မြေပေါ်​က​နေ ဘုရား​သခင် ဝယ်​ယူ​ထား​တဲ့ ၁၄၄,၀၀၀ က​လွဲ​လို့+ ဘယ်​သူ​မှ အဲ​ဒီ​သီ​ချင်း​ကို မဆို​တတ်​ဘူး။ ၄  သူ​တို့​ဟာ မိန်း​မနဲ့​ပတ်​သက်​ပြီး ညစ်​ညူး​နေ​တဲ့​သူ​တွေ မဟုတ်​ဘူး။ တကယ်​တော့ သူ​တို့​ဟာ အပျို​စင်​တွေ​ ဖြစ်​တယ်။+ သိုး​သငယ်​သွား​လေ​ရာ တကောက်​ကောက် လိုက်​သူ​တွေ၊+ ဘုရား​သခင်​နဲ့ သိုး​သငယ်​အတွက် သီးဦး​သီး​ဖျား​တွေ​အဖြစ်+ လူ​သား​တွေ​ထဲ​က​နေ ဝယ်​ယူ​ထား​သူ​တွေ ဖြစ်​တယ်။+ ၅  လိမ်​မပြော​တတ်​သူ​တွေ၊ အပြစ်​အနာ​အဆာ ကင်း​သူ​တွေ​ပဲ။+ ၆  အဲ​ဒီ​နောက် ကောင်း​ကင်​တ​မန်​တစ်​ပါး ကောင်း​ကင်​မှာ ပျံ​ဝဲ​နေ​တာ​ကို ကျွန်​တော် မြင်​တယ်။ သူ​က ကမ္ဘာ​ပေါ်​နေထိုင်​သူ​တွေ၊ လူ​မျိုး၊ လူ​မျိုး​နွယ်၊ ဘာ​သာ​စ​ကား​အမျိုး​မျိုး ပြော​တဲ့​လူ​တွေ၊ လူ​စု​တွေ​ကို ထာ​ဝ​ရ​သတင်း​ကောင်း ကြေညာ​နေ​တယ်။+ ၇  သူ​က “ဘုရား​သခင်​ကို ကြောက်​ရွံ့​ ရို​သေပြီး ဘုန်း​တော်​ကို ချီးမွမ်း​ကြ​ပါ။ ဘု​ရား​သခင် တ​ရား​စီ​ရင်​ချိန် ရောက်​ပြီ။+ ကောင်း​ကင်၊ မြေကြီး၊ ပင်​လယ်​နဲ့ စမ်း​ရေတွေ​ကို ဖန်​ဆင်း​တဲ့​အရှင်​ကို+ ကိုး​ကွယ်​ကြ​ပါ” ဆို​ပြီး ကြွေး​ကြော်​နေ​တယ်။ ၈  အဲ​ဒီ​နောက် ဒုတိ​ယ ကောင်း​ကင်​တ​မန်​က နောက်​က​နေ လိုက်​လာ​ပြီး “မဟာ​ဗာ​ဗု​လုန်+ ပြို​လဲ​ပြီ။ ပြို​လဲ​ပြီ။+ သူ​ဟာ လူ​မျိုး​အား​လုံး​ကို လိင်​အကျင့်​ယို​ယွင်း​ခြင်း* ဆို​တဲ့ ရမ္မက်ဝိုင် တိုက်​တဲ့​သူ​ပဲ”+ လို့​ပြော​တယ်။ ၉  အဲ​ဒီ​နောက် တ​တိ​ယ ကောင်း​ကင်​တ​မန် သူ​တို့​နောက်​က​နေ လိုက်​လာ​ပြီး အော်​ပြော​တယ်– “သား​ရဲ​နဲ့ သား​ရဲ​ရုပ်​တု​ကို ကိုး​ကွယ်​သူ၊+ န​ဖူး​ပေါ်​မှာ​ဖြစ်​စေ၊ လက်​မှာ​ဖြစ်​စေ အမှတ်​တံ​ဆိပ်​ကို ရိုက်​နှိပ်​ထား​သူ ဖြစ်​မယ်​ဆို​ရင်၊+ ၁၀  အမျက်​တော်ဝိုင်​ကို သောက်​ရ​လိမ့်​မယ်။ ဘု​ရား​သခင်​ရဲ့ အမျက်​တော်​ဖလား​ထဲ ရေ​မရော​ဘဲ လောင်း​ထည့်​ထား​တဲ့​ဝိုင်​ပဲ။+ သူ​ဟာ သန့်​ရှင်း​တဲ့ ကောင်း​ကင်​တ​မန်​တွေ​ရှေ့၊ သိုး​သငယ်​ရှေ့​မှာ မီး​တွေ၊ ကန့်​တွေ​နဲ့ ညှဉ်း​ဆဲ​ခံ​ရ​လိမ့်​မယ်။+ ၁၁  သူ​တို့​ကို​ညှဉ်း​ဆဲ​တဲ့ မီး​ထဲ​က​နေ မီး​ခိုး​တွေ အစဉ်​ထာ​ဝ​ရ လွင့်​တက်​နေ​တယ်။+ သား​ရဲ​နဲ့ သား​ရဲ​ရုပ်​တု​ကို ကိုး​ကွယ်​တဲ့​သူ​တွေ၊ သား​ရဲရဲ့ အမှတ်​တံ​ဆိပ်​ကို လက်​ခံ​တဲ့​သူ​တွေ​ဟာ နေ့​ရော​ည​ပါ သက်​သာ​ရာ​မရ ဖြစ်​နေ​တယ်။+ ၁၂  သန့်​ရှင်း​သူ​တွေ၊ ဘု​ရား​သခင်​ရဲ့ ပညတ်​ချက်​ကို လိုက်​နာ​သူ​တွေ၊ ယေရှု​ကို စွဲ​စွဲ​မြဲမြဲ ယုံ​ကြည်​သူ​တွေ​ဟာ+ ခံနိုင်​ရည်​ရှိ​ဖို့ လို​တယ်။”+ ၁၃  အဲ​ဒီ​နောက် “သခင်​နဲ့​ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ပြီး သေဆုံး​သွား​သူ​တွေ​ဟာ+ ဒီ​အချိန်​က​စ​ပြီး ပျော်​ရွှင်​ချမ်း​မြေ့ရ​လိမ့်​မယ်​လို့ ရေး​မှတ်​လိုက်​ပါ။ စွမ်း​အား​တော်​က​လည်း သူ​တို့​လုပ်​ခဲ့​တဲ့ ကောင်း​မှု​မှန်​သမျှ သူ​တို့​နဲ့​အတူ လိုက်​ပါ​သွား​ပြီဖြစ်​လို့ ပင်​ပန်း​တဲ့​အလုပ်​တွေ​က​နေ အနား​ယူ​ကြ​ပါ​စေ​လို့ ပြော​တယ်” ဆို​တဲ့​အသံ ကောင်း​ကင်​က​နေ ထွက်​ပေါ်​လာ​တာ​ကို ကျွန်​တော် ကြား​တယ်။ ၁၄  အဲ​ဒီ​နောက် ကျွန်​တော်​ ကြည့်​လိုက်​တဲ့​အခါ မိုး​တိမ်​ဖြူ​ကို မြင်​တယ်။ မိုး​တိမ်​ပေါ်​မှာ လူ​သား​နဲ့​တူ​တဲ့ လူ​တစ်​ယောက် ထိုင်​နေ​တယ်။+ ရွှေ​သရ​ဖူ​ဆောင်း​ပြီး ထက်​တဲ့​တံ​စဉ်​ကို ကိုင်​ထား​တယ်။ ၁၅  ကောင်း​ကင်​တ​မန် နောက်​တစ်​ပါး​က ဗိ​မာန်​တော်ရဲ့ သန့်​ရှင်း​ရာ​ဌာ​န​က​နေ ထွက်​လာ​ပြီး “တံ​စဉ်​နဲ့ ရိတ်​သိမ်း​လိုက်​ပါ။ မြေထွက်​သီး​နှံ​တွေ ဝင်း​မှည့်​ပြီ။ ရိတ်​သိမ်း​ချိန် တန်​နေ​ပြီ”+ လို့ မိုး​တိမ်​ပေါ်မှာ​ထိုင်​တဲ့​သူ​ကို အော်​ပြော​တယ်။ ၁၆  ဒါ​နဲ့ မိုး​တိမ်​ပေါ်​မှာ​ထိုင်​နေ​တဲ့​သူ​က မြေထွက်​သီး​နှံ​တွေ​ကို တံ​စဉ်​နဲ့ ရိတ်​သိမ်း​လိုက်​တယ်။ ၁၇  ကောင်း​ကင်​တ​မန် နောက်​တစ်​ပါး​က ကောင်း​ကင်​မှာ​ရှိ​တဲ့ ဗိ​မာန်​တော်ရဲ့ သန့်​ရှင်း​ရာ​ဌာ​န​က​နေ ထွက်​လာ​တယ်။ သူ​လည်း ထက်​တဲ့​တံ​စဉ် ကိုင်​ထား​တယ်။ ၁၈  နောက်​ထပ် ကောင်း​ကင်​တ​မန်​တစ်​ပါး​က ပူ​ဇော်ရာ​ပလ္လင်​က​နေ ထွက်​လာ​တယ်။ သူ့​မှာ မီး​ကို လို​သလို​သုံး​နိုင်​တဲ့ အခွင့်​အာ​ဏာ​ ရှိ​တယ်။ သူ​က ထက်​တဲ့​တံ​စဉ် ကိုင်​ထား​တဲ့​သူ​ကို “ကမ္ဘာ​မြေပေါ်​က စ​ပျစ်​ပင်​တွေ​မှာ အသီး​တွေ ဝင်း​မှည့်​နေ​ပြီ။+ စ​ပျစ်​ခိုင်​တွေ​ကို ထက်​တဲ့​တံ​စဉ်​နဲ့ ရိတ်​သိမ်း​ပါ” လို့ အော်​ပြော​တယ်။ ၁၉  အဲ​ဒီ​ကောင်း​ကင်​တ​မန်​လည်း ကမ္ဘာ​မြေပေါ်​က စ​ပျစ်​ပင်​တွေ​ကို တံ​စဉ်​နဲ့​ ရိတ်​ပြီး ဘု​ရား​သခင့် အမျက်​တော်​ကို တင်​စား​တဲ့ ဧ​ရာ​မ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ စ​ပျစ်​သီး​တွေ​ကို သွန်​ချ​လိုက်​တယ်။+ ၂၀  မြို့​ပြင်​မှာ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို နင်း​နယ်​တယ်။ စ​ပျစ်​ကျင်း​ထဲ​က စီး​ထွက်​လာ​တဲ့ သွေး​တွေ​ဟာ ချောင်း​လို စီး​ဆင်း​သွား​တယ်။ အဲ​ဒီ​သွေး​စီး​ကြောင်း​က မြင်း​ဇက်​ကြိုး​အထိ မြင့်​ပြီး စ​တာ​ဒီ​ယမ် ၁,၆၀၀* အထိ​ရှည်​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
၂၉၆ ကီ​လို​မီ​တာ (၁၈၄ မိုင်) ခန့်။ ၁ စ​တာ​ဒီ​ယမ်​က ၁၈၅ မီ​တာ (၆၀၆.၉၅ ပေ) နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။