ဗျာဒိတ် ၁:၁-၂၀

  • ယေရှု​က​တစ်​ဆင့် ဘု​ရား​သခင်​ပေး​တဲ့ ဗျာဒိတ်​တော် (၁-၃)

  • အသင်း​တော်​ခု​နစ်​ခု​အတွက် နှုတ်​ခွန်း​ဆက်​စကား (၄-၈)

    • “ငါ​ဟာ အာ​လ​ဖနဲ့ သြမေဃ​ဖြစ်​တယ်” ()

  • စွမ်း​အား​တော်​နဲ့​ပြည့်​ပြီး သခင့်​နေ့​တော်​ကို ရောက်​သွား​တဲ့ ယောဟန် (၉-၁၁)

  • ဘုန်း​ထွန်း​တောက်​နေ​တဲ့ ယေရှု​ကို စိတ်​အာ​ရုံ​မှာ မြင်​ရ (၁၂-၂၀)

 ဘုရား​သခင်​က မိမိ​ရဲ့​ကျွန်​တွေ​ကို+ မကြာ​မီ ဖြစ်​ပျက်​မယ့်​အရာတွေ ဖော်​ပြဖို့ ယေရှု​ခ​ရစ်​ကို ဗျာဒိတ်​တော်* ပေး​တယ်။+ ယေရှု​က ဘု​ရားရဲ့​ကျွန် ယောဟန်​ဆီ+ ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​ပြီး ဗျာဒိတ်​တော်​အ​ကြောင်း​ အမှတ်​သင်္ကေ​တ​တွေ​နဲ့ ဖော်​ပြတယ်။ ၂  ယောဟန်​က ဘု​ရား​ပေး​တဲ့ တ​ရား​စ​ကား​နဲ့ ယေရှု​ခ​ရစ်​ပေး​တဲ့ သက်​သေခံ​ချက်​အပြင် တွေ့​မြင်​ကြား​သိ​ရ​သမျှ​ကို ရေး​ထား​တယ်။ ၃  သတ်​မှတ်​ထား​ချိန် နီး​နေ​ပြီဖြစ်​လို့ ဒီ​ပရော​ဖက်​ပြု​ချက်​တွေ​ကို ဖတ်​ရွတ်​တဲ့​သူ၊ ကြား​နာ​တဲ့​သူ၊ ရေး​ထား​သမျှ​ကို လိုက်​နာ​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့လိမ့်​မယ်။+ ၄  အာ​ရှ​နယ်​မှာ​ရှိ​တဲ့ အသင်း​တော်​ခု​နစ်​ခု​ဆီ+ ကျွန်​တော် ယောဟန် စာ​ရေး​လိုက်​တယ်။ “အတိတ်၊ ပစ္စုပ္ပန်၊ အနာ​ဂတ်​ကာ​လ အစဉ်​တည်​ရှိ​တဲ့​အရှင်”​နဲ့+ ရာ​ဇ​ပလ္လင်​ရှေ့​မှာ​ရှိ​တဲ့ စွမ်း​အား​တော်​ခု​နစ်​ခု​ဆီ​က+ မဟာ​က​ရု​ဏာ​နဲ့ ငြိမ်​သက်​ခြင်း​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ၅  “သစ္စာ​ရှိ​တဲ့​သက်​သေ၊”+ “သေရာ​က​နေ ဦး​ဆုံး​ထ​မြောက်​လာ​တဲ့ သား​ဦး၊”+ “ကမ္ဘာ​မြေပေါ်​က​ ဘု​ရင်တွေ​ကို အုပ်​စိုး​တဲ့​အရှင်”+ ယေရှု​ခ​ရစ်​ဆီ​က မဟာ​က​ရု​ဏာ​နဲ့ ငြိမ်​သက်​ခြင်း​ကို​လည်း ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ကျွန်​တော်​တို့​ကို ချစ်မြတ်​နိုး​သူ၊+ အပြစ်​ရဲ့​လက်​အောက်​က​နေ မိမိ​ရဲ့​သွေး​နဲ့ လွတ်​မြောက်​စေ​သူ၊+ ၆  ကျွန်​တော်​တို့​ကို ဘု​ရင်တွေ၊+ အဖဘု​ရား​သခင်​ရဲ့ ပု​ရော​ဟိတ်​တွေ+ ဖြစ်​စေ​သူ ယေရှု​ရဲ့ ဘုန်း​အသရေ​နဲ့ တန်​ခိုး​ဟာ ထာဝ​စဉ်​တည်​တံ့​ပါ​စေ။ အာ​မင်။* ၇  ယေရှု​က မိုး​တိမ်​ခြံ​ရံ​ပြီး လာ​လိမ့်​မယ်။+ သူ့​ကို ထိုး​ဖောက်​ခဲ့​သူ​တွေ​ပါ​မကျန် လူ​တိုင်း သူ့​ကို မြင်​ရ​လိမ့်​မယ်။ ကမ္ဘာ​မြေပေါ်​မှာ​ရှိ​တဲ့ လူ​မျိုး​အား​လုံး​ဟာ သူ့​ကြောင့် ရင်​ဘတ်​ထု​ပြီး ငို​ကြွေး​ကြ​လိမ့်​မယ်။+ အာ​မင်။ ၈  ယေဟောဝါ* ဘု​ရား​က “ငါ​ဟာ အာ​လ​ဖနဲ့ သြမေဃ​ ဖြစ်​တယ်။*+ အတိတ်၊ ပစ္စုပ္ပန်၊ အနာ​ဂတ်​ကာ​လ အစဉ်​တည်​ရှိ​တဲ့ အနန္တ​တန်​ခိုး​ရှင်​ဖြစ်​တယ်”+ လို့​မိန့်​ဆို​တယ်။ ၉  ယေရှု​ရဲ့​ နောက်​လိုက်​အဖြစ်+​ ခင်ဗျား​တို့​လို​ပဲ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​တဲ့​သူ၊+ ဘုရင်​ဖြစ်​မယ့်​သူ၊+ ခံ​နိုင်​ရည်​ရှိ​တဲ့​သူ+ ကျွန်​တော် ညီ​အစ်​ကို​ယောဟန်​က ဘုရား​သခင်​အကြောင်း ဟော​ပြော​လို့၊ ယေရှု​အကြောင်း သက်​သေခံ​လို့ ပတ်​မု​ကျွန်း​ကို ရောက်​နေ​တယ်။ ၁၀  ကျွန်​တော်​ဟာ စွမ်း​အား​တော်​နဲ့​ ပြည့်​ပြီး သခင့်​နေ့​တော်​ကို ရောက်​သွား​တယ်။ ကျွန်​တော့်​နောက်​မှာ ခ​ရာ​မှုတ်​သံ​လို ကျယ်​လောင်​တဲ့​အသံ ကြား​ရ​တယ်။ ၁၁  “မြင်​ရ​တဲ့​အရာတွေ​ကို စာ​လိပ်​မှာ ရေး​ပြီး ဧဖက်၊+ စ​မု​ရ​န၊+ ပေရဂံ၊+ သွာ​တိ​ရ၊+ သာ​ဒိ၊+ ဖိ​လ​ဒေ​လ​ဖိ၊+ လော​ဒိ​ကိ​ဆို​တဲ့+ အသင်း​တော်​ခု​နစ်​ခု​ဆီ ပေး​ပို့​ပါ” ဆို​တဲ့​အသံ​ပဲ။ ၁၂  အသံ​ရှင်​ကို ကျွန်​တော် လှည့်​ကြည့်​လိုက်​တဲ့​အခါ ရွှေ​ဆီ​မီး​တိုင် ခု​နစ်​ခု​ကို တွေ့​တယ်။+ ၁၃  ဆီ​မီး​တိုင်​တွေ​အလယ်​မှာ လူ​သား​နဲ့​ တူ​တဲ့​သူ​တစ်​ယောက် ရှိ​နေ​တယ်။+ သူ​က ဝတ်​ရုံ​ရှည် ဝတ်​ထား​ပြီး ရင်​ဘတ်​မှာ ရွှေ​ရင်​စည်း စည်း​ထား​တယ်။ ၁၄  သူ့​ဆံ​ပင်​က သိုး​မွေး​လို၊ နှင်း​လို ဖြူ​ဖွေး​နေ​တယ်။ မျက်​စိ​က မီး​လျှံ​နဲ့​ တူ​တယ်။+ ၁၅  ခြေ​ထောက်​ဟာ မီး​ဖို​ထဲ​က ပြောင်​လက်​တောက်​ပနေ​တဲ့ ကြေး​နီ​နဲ့​ တူ​တယ်။+ အသံ​က စီး​ဆင်း​နေ​တဲ့​ရေ​ထု​ရဲ့ အသံ​လို​ပဲ။ ၁၆  ညာ​လက်​မှာ ကြယ်​ခု​နစ်​လုံး​ ရှိ​တယ်။+ ခံ​တွင်း​က​နေ အသွား​နှစ်​ဖက်​ထက်​တဲ့ ဓား​ရှည်​တစ်​လက်+ ထွက်​နေ​တယ်။ မျက်​နှာ​ဟာ မွန်း​တည့်​နေ​လို တောက်​ပနေ​တယ်။+ ၁၇  သူ့​ကို​လည်း မြင်​လိုက်​ရော သူ့​ခြေ​ရင်း​မှာ လူ​သေတစ်​ယောက်​လို ကျွန်​တော်​လဲ​ကျ​သွား​တယ်။ သူ​က ကျွန်​တော့်​အပေါ် ညာ​လက်​ကို​ တင်​ပြီး “မကြောက်​ပါ​နဲ့။ ငါ​ဟာ ဦး​ဆုံး​နဲ့+ နောက်​ဆုံး​ ဖြစ်​တယ်။+ ၁၈  အသက်​ရှင်​တဲ့​သူ​လည်း ဖြစ်​တယ်။+ ငါ သေဆုံး​ခဲ့​ပေမဲ့+ အခု အစဉ်​ထာ​ဝ​ရ အသက်​ရှင်​နေ​တယ်။+ သေခြင်း​ရဲ့​သော့​နဲ့ သင်္ချိုင်း​ရဲ့​သော့​တွေ​ကို ငါ​ပိုင်​တယ်။+ ၁၉  ဒါ​ကြောင့် မင်း​မြင်​ခဲ့​တဲ့​အရာတွေ၊ အခု မြင်​နေ​တဲ့​အရာတွေ၊ နောင်​မြင်​ရဦး​မယ့်​အရာတွေ အား​လုံး​ကို ရေး​မှတ်​ထား​ပါ။ ၂၀  မင်း​မြင်​ရ​တဲ့ ငါ့​ညာ​လက်​ထဲ​က ကြယ်​ခု​နစ်​လုံး​နဲ့ ရွှေ​ဆီ​မီး​တိုင်​ခု​နစ်​ခု​မှာ မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက် ရှိ​တယ်။ ကြယ်​ခု​နစ်​လုံး​က အသင်း​တော်​ခု​နစ်​ခု​ရဲ့ စေ​တ​မန်​တွေ​ကို ဆို​လို​တယ်။ ဆီ​မီး​တိုင်​ခု​နစ်​ခု​က အသင်း​တော်​ခု​နစ်​ခု​ကို ဆို​လို​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဖွင့်​ဟ​ဖော်​ပြချက်။”
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”
ဂရိ​အက္ခရာ​မှာ ‘အာ​လ​ဖ’ က ပထ​မဆုံး​တစ်​လုံး၊ ‘ဩမေဃ’ က နောက်​ဆုံး​တစ်​လုံး။