ဗျာဒိတ် ၂၀:၁-၁၅

  • စာ​တန်​ကို အနှစ် ၁,၀၀၀ ချည်​နှောင် (၁-၃)

  • ခ​ရစ်​တော်​နဲ့​အတူ အနှစ်​တစ်​ထောင် အုပ်​စိုး​မယ့်​သူများ (၄-၆)

  • စာ​တန် လွတ်​လာ၊ အဲ​ဒီ​နောက် ဖျက်​ဆီး​ခံ​ရ (၇-၁၀)

  • သေလွန်​သူ​တွေ အဖြူ​ရောင် ရာ​ဇ​ပလ္လင်​ရှေ့ တ​ရား​စီ​ရင်​ခံ​ရ (၁၁-၁၅)

၂၀  အဲဒီ​နောက် ကောင်း​ကင်​တ​မန်​တစ်​ပါး​က တွင်း​နက်​ကြီး​ရဲ့​သော့​နဲ့+ သံ​ကြိုး​ကြီး​ကို ကိုင်​ပြီး ကောင်း​ကင်​က​နေ ဆင်း​လာ​တာ​ကို ကျွန်​တော်​ မြင်​တယ်။ ၂  သူ​က မာရ်​နတ်+ စာတန်​လို့​ခေါ်​တဲ့+ ရှေး​မြွေဟောင်း+ နဂါး​ကြီး​ကို+ ဖမ်း​ပြီး အနှစ် ၁,၀၀၀ ချည်​နှောင်​လိုက်​တယ်။ ၃  အဲ​ဒီ​နောက် သူ​က န​ဂါး​ကြီး​ကို တွင်း​နက်​ကြီး​ထဲ+ ပစ်​ချ​ပြီး တွင်း​ဝ​ကို တံ​ဆိပ်​ခတ်​ပြီး ပိတ်​လိုက်​တယ်။ န​ဂါး​ကြီး​က အနှစ် ၁,၀၀၀ မကုန်​မချင်း လူ​မျိုး​တွေ​ကို နောက်​တစ်​ကြိမ် လှည့်​ဖြား​လို့ မရ​တော့​ဘူး။ ပြီး​ရင်​တော့ န​ဂါး​ကြီး​ကို ခ​ဏ​ပြန်​လွှတ်​ဦး​မယ်။+ ၄  အဲ​ဒီ​နောက် ရာ​ဇ​ပလ္လင်တွေ​ကို ကျွန်​တော်​ မြင်​တယ်။ ဘု​ရား​သခင်​က ပလ္လင်​ပေါ်​မှာ ထိုင်​နေ​တဲ့​သူ​တွေ​ကို တ​ရား​စီ​ရင်​ခြင်း အခွင့်​အာ​ဏာ ပေး​အပ်​တယ်။ ယေရှု​အကြောင်း သက်​သေခံ​လို့၊ ဘု​ရား​သခင်​အကြောင်း ဟော​ပြော​လို့၊ သား​ရဲ​ကို​ဖြစ်​စေ၊ သား​ရဲ​ရုပ်​တု​ကို​ဖြစ်​စေ မကိုး​ကွယ်​လို့၊ န​ဖူး​နဲ့​လက်​ပေါ်​မှာ သား​ရဲ​အမှတ်​တံ​ဆိပ် မရိုက်​နှိပ်​လို့ ကွပ်​မျက်​ခံ​ရ​တဲ့​သူ​တွေ​ကို​လည်း ကျွန်​တော်​ မြင်​တယ်။+ သူ​တို့​က အသက်​ပြန်​ရှင်​လာ​ပြီး ခ​ရစ်​တော်​နဲ့​အတူ ဘု​ရင်တွေ​အဖြစ် အနှစ် ၁,၀၀၀ အုပ်​စိုး​ရ​တယ်။+ ၅  ဒါ​ဟာ ပထ​မရှင်​ပြန်​ထ​မြောက်​ခြင်း​ပဲ။+ (ကျန်​တဲ့​လူ​သေတွေ​က​တော့+ အနှစ် ၁,၀၀၀ ပြီး​ဆုံး​မှ အသက်​ရှင်​ရ​လိမ့်​မယ်။) ၆  ပထ​မရှင်​ပြန်​ထ​မြောက်​ခြင်း​မှာ ပါ​ဝင်​သူ​တွေ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်၊ သန့်​ရှင်း​တယ်။+ ဒုတိယ​သေခြင်း​က+ သူ​တို့​ကို အနိုင်​ယူ​နိုင်​မှာ မဟုတ်​ဘူး။+ သူ​တို့​ဟာ ဘု​ရား​သခင်​နဲ့ ခ​ရစ်​တော်ရဲ့ ပု​ရော​ဟိတ်​တွေ+ ဖြစ်​ပြီး ခ​ရစ်​တော်​နဲ့​အတူ ဘု​ရင်တွေ​အဖြစ် အနှစ် ၁,၀၀၀ အုပ်​စိုး​ရ​လိမ့်​မယ်။+ ၇  အနှစ် ၁,၀၀၀ ကုန်​တာ​နဲ့​ စာတန် ထောင်​ထဲ​က​နေ လွတ်​လာ​လိမ့်​မယ်။ ၈  သူ​က ကမ္ဘာ​မြေရဲ့ အရပ်​လေး​မျက်​နှာ​က လူ​မျိုး​တွေ​ဖြစ်​တဲ့ ဂေါ​ဂနဲ့​ မာ​ဂေါ​ဂကို လှည့်​ဖြား​ဖို့ ထွက်​သွား​ပြီး စစ်​ပွဲ​ဆင်​နွှဲ​ဖို့ သူ​တို့​ကို စု​ရုံး​လိမ့်​မယ်။ သူ​တို့​ရဲ့ အရေ​အတွက်​ဟာ ပင်​လယ်​သဲ​ပွင့်​တွေ​လို များ​တယ်။ ၉  သူ​တို့​က မြေတစ်​ပြင်​လုံး​ဆီ ချီ​တက်​လာ​ပြီး သန့်​ရှင်း​သူ​တွေရဲ့​စ​ခန်း​နဲ့ ဘု​ရား​သခင် မြတ်​နိုး​တဲ့​မြို့​ကို ဝိုင်း​ရံ​ကြ​လိမ့်​မယ်။ ဒါ​ပေမဲ့ ကောင်း​ကင်​က​နေ မီး​ကျ​ပြီး သူ​တို့​ကို လောင်​ကျွမ်း​သွား​လိမ့်​မယ်။+ ၁၀  သူ​တို့​ကို လှည့်​ဖြား​တဲ့​မာရ်​နတ်​လည်း သား​ရဲ​နဲ့+ ပရော​ဖက်​အတု​အယောင် ရောက်​နှင့်​နေ​တဲ့ ကန့်​မီး​အိုင်​ထဲ+ ပစ်​ချ​ခံ​ရ​တယ်။ သူ​တို့​ဟာ အစဉ်​ထာ​ဝ​ရ နေ့​ည​မပြတ် ညှဉ်း​ဆဲ​ခံ​ရ​လိမ့်​မယ်။* ၁၁  အဲ​ဒီ​နောက် အဖြူ​ရောင် ရာ​ဇ​ပလ္လင်​ကြီး​နဲ့ ပလ္လင်​ပေါ်​ထိုင်​နေ​တဲ့ ဘု​ရား​သခင်​ကို ကျွန်​တော်​ မြင်​တယ်။+ မိုး​ကောင်း​ကင်​နဲ့ ကမ္ဘာ​မြေဟာ ရှေ့​တော်​က​နေ ပျောက်​လွင့်​သွား​တဲ့​အတွက်+ ရှာ​မတွေ့​နိုင်​တော့​ဘူး။ ၁၂  အဲ​ဒီ​နောက် ရာ​ဇ​ပလ္လင်​ရှေ့​မှာ သေလွန်​သူ လူ​ကြီး​လူ​ငယ်​တွေ ရပ်​နေ​တာ​ကို ကျွန်​တော်​ မြင်​တယ်။ စာ​လိပ်​တွေ​ကို ဖွင့်​ထား​တယ်။ တ​ခြား​စာ​လိပ်​တစ်​ခု​ကို​လည်း ဖွင့်​ထား​သေး​တယ်။ အဲ​ဒါ အသက်​စာ​လိပ်​ပဲ။+ သေလွန်​သူ​တွေ​ဟာ စာ​လိပ်​တွေ​မှာ ရေး​ထား​တဲ့ စ​ကား​တွေ​နဲ့​အညီ သူ​တို့​ရဲ့ အကျင့်​တွေ​အတိုင်း တ​ရား​စီ​ရင်​ခံ​ရ​တယ်။+ ၁၃  ပင်​လယ်​က မိမိ​ဆီ​မှာ​ရှိ​တဲ့ သေလွန်​သူ​တွေ​ကို ပေး​အပ်​တယ်။ သေမင်း​နဲ့ သင်္ချိုင်း* က​လည်း မိမိ​တို့​ဆီ​မှာ ရှိ​ထား​တဲ့ သေလွန်​သူ​တွေ​ကို ပေး​အပ်​တယ်။ သေလွန်​သူ​တွေ​ဟာ မိမိတို့​အကျင့်​တွေ​အတိုင်း တ​ရား​စီ​ရင်​ခံ​ရ​တယ်။+ ၁၄  အဲ​ဒီ​နောက် သေမင်း​နဲ့ သင်္ချိုင်း​ဟာ မီး​အိုင်​ထဲ ပစ်​ချ​ခံ​ရ​တယ်။+ အဲ​ဒီ​မီး​အိုင်​ဟာ+ ဒုတိ​ယ​သေခြင်း​ကို ဆို​လို​တယ်။+ ၁၅  အဲ​ဒီ​အပြင် အသက်​စာ​စောင်​မှာ+ စာ​ရင်း​မဝင်​သူ​အား​လုံး​လည်း မီး​အိုင်​ထဲ ပစ်​ချ​ခံ​ရ​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ကန့်​သတ်​ထိန်း​ချုပ်​ခံ​ရ​လိမ့်​မယ်။ ချုပ်​နှောင်​ခံ​ရ​လိမ့်​မယ်။”
ခက်​ဆစ်​ကို​ကြည့်။