ဟေရှာယ ၄၈:၁-၂၂

  • အစ္စရေးတွေ ဆုံးမ​ခံ​ရ၊ သန့်​စင်​ခံ​ရ (၁-၁၁)

  • ဗာ​ဗု​လုန်​ကို ယေဟောဝါ အရေး​ယူ (၁၂-၁၆က)

  • ဘု​ရားရဲ့​သွန်သင်​ချက် အကျိုး​ရှိ (၁၆ခ-၁၉)

  • “ဗာ​ဗု​လုန်​က​နေ ထွက်​ကြ” (၂၀-၂၂)

၄၈  အို ယာကုပ်​အမျိုး၊ နားထောင်​ကြ။ မင်း​တို့​ဟာ အစ္စရေး​ဆို​တဲ့​နာ​မည်​ကို ခံ​ယူ​ထား​သူ​တွေ၊+ယုဒ​ရဲ့ စမ်း​ရေ​တွင်း​က​နေ* ဆင်းသက်​လာ​သူ​တွေ၊ယေဟောဝါ​ရဲ့​နာ​မည်​ကို တိုင်တည်​ကျိန်​ဆို​သူ​တွေ၊+အစ္စရေး​တို့​ရဲ့ ဘု​ရား​သခင်​ကို ဆုတောင်း​ပေမဲ့ အမှန်​တ​ရား​နဲ့​အညီ၊ ဖြောင့်​မတ်​ခြင်း​နဲ့​အညီ မလုပ်​ဆောင်​တဲ့​သူ​တွေ​ပဲ။+  ၂  မင်း​တို့​က သန့်​ရှင်း​တဲ့​မြို့​တော်​မှာ နေ​ထိုင်​သူ​တွေလို့ ကိုယ့်​ကိုယ်​ကိုယ် သမုတ်​ကြ​တယ်။+ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​လို့ နာ​မည်​ရှိ​တဲ့ အစ္စရေး​တို့​ရဲ့ ဘု​ရား​သခင်​ဆီ​က​နေ ထောက်မ​မှု​ရှာ​ကြ​တယ်။+  ၃  “အတိတ်​က ဖြစ်​ရပ်တွေ​အကြောင်း ဟိုး​အရင်​က​တည်း​က ငါ​ပြော​ပြခဲ့​တယ်။ အဲ​ဒါ​တွေ​ဟာ ငါ့​နှုတ်​ထွက်​စကား​တွေ​ပဲ။ သူတို့​ကို ငါ​အသိ​ပေး​ခဲ့​တယ်။+ ငါ ရုတ်​တ​ရက် လုပ်​ဆောင်​တဲ့​အခါ အဲ​ဒါ​တွေ ဖြစ်​ပျက်​လာ​တယ်။+  ၄  မင်း​တို့ ဘယ်​လောက်​ခေါင်း​မာ​မှန်း ငါ​သိ​တယ်။ မင်း​တို့​ရဲ့ လည်​ပင်း​ဟာ သံ​ချောင်း​ပဲ၊ မင်း​တို့​ရဲ့ န​ဖူး​ဟာ ကြေး​နီ​ပဲ။+  ၅  ဟိုး​အရင်​က​တည်း​က ငါ​ပြော​ခဲ့​တယ်။ အဲ​ဒါ​တွေ မဖြစ်​ခင်​က​တည်း​က မင်း​တို့​ကို ကြား​သိ​စေ​ခဲ့​တယ်။ ဒါ​ကြောင့် ‘ဒီ​လို​ဖြစ်​အောင် ငါ့​ရုပ်​တု​က လုပ်​လိုက်​တာ။ ဒါ​တွေ​ကို ငါ့​ရုပ်​တု​ဆင်း​တု​က​ အမိန့်​ပေး​တာ’ လို့ မင်း​တို့ ပြော​လို့​မရ​ဘူး။  ၆  ဒါ​တွေ​အားလုံး မင်း​တို့ မြင်​ရ​ကြား​ရ​ပြီ။ ဒါ​ကို မင်း​တို့ မကြေ​ညာ​ဘဲ နေ​မှာ​လား။+ အကြောင်း​အရာ​အသစ်​တွေ၊ မင်း​တို့​မသိ​အောင် လျှို့ဝှက်​ထား​တာ​တွေ​ကို အခု​က​စ​ပြီး ငါ​ကြေ​ညာ​နေ​တယ်။+  ၇  အဲ​ဒါ​တွေ​ကို အခု​မှ ဖန်​ဆင်း​လိုက်​တာ။ ဟိုး​အရင်​က​တည်း​က ဖန်​ဆင်း​ထား​တာ မဟုတ်​ဘူး။ အခု​ချိန်​အထိ မင်း​တို့ မကြား​ဖူး​သေး​တဲ့ အရာတွေ​ပဲ။ ‘ဒါ​တွေ​ကို သိ​ပြီး​သား’ ဆို​ပြီး မင်း​တို့ ပြော​လို့​မရ​ဘူး။  ၈  မင်း​တို့ မကြား​ဖူး​ဘူး။+ မသိ​ခဲ့​ဘူး။ အရင်​တုန်း​က မင်း​တို့​ရဲ့​နား​ကို မဖွင့်​ထား​ဘူး။ မင်း​တို့​ဟာ သစ္စာ​မဲ့​သူ​တွေ​ဖြစ်​မှန်း ငါ​သိ​တယ်။+ မွေး​က​တည်း​က အပြစ်​ကျူး​လွန်​သူ​တွေလို့ နာ​မည်​တွင်​မှန်း​လည်း ငါ​သိ​တယ်။+  ၉  ဒါ​ပေမဲ့ ငါ့​နာ​မည်​ကို​ထောက်​ပြီး ဒေါသ​ကို ငါ​ထိန်း​မယ်။+ ငါ​ရ​ထိုက်​တဲ့ ချီး​မွမ်း​မှု​ကို​ထောက်​ပြီး ငါ့​ကိုယ်​ငါ ချုပ်​တည်း​မယ်။ မင်း​တို့​ကို ပယ်​ရှင်း​မှာ မဟုတ်​ဘူး။+ ၁၀  ကြည့်​ပါ။ မင်း​တို့​ကို ငါ​သန့်​စင်​စေ​ပြီ။ ငွေ​ကို သန့်​စင်​သလို​တော့ မဟုတ်​ဘူး။+ ဒုက္ခ​ဆို​တဲ့ အရည်​ကျို​မီး​ဖို​ကြီး​ထဲ​မှာ မင်း​တို့​ကို ငါ​စမ်း​သပ်​ပြီ။*+ ၁၁  ငါ့​နာ​မည်​အတွက်၊ ငါ့​နာ​မည်​အတွက် ငါ​လုပ်​ဆောင်​မယ်။+ ငါ​ရှုတ်​ချ​ခံ​ရ​မယ့်​အဖြစ်​ကို ဘယ်​လို​လုပ် ခွင့်​ပြု​နိုင်​မှာ​လဲ။+ ငါ့​ဘုန်း​တန်ခိုး​ကို ဘယ်​သူ့​ကို​မှ မပေး​ဘူး။ ၁၂  ယာကုပ်၊ ငါ​ခေါ်​ထား​တဲ့​အစ္စရေး၊ ငါပြော​တာ​ကို နား​ထောင်​ပါ။ ငါ​ဟာ မပြောင်း​လဲ​တဲ့​အရှင်​ပါ။+ဦးဆုံး​လည်း ငါ​ပဲ၊ နောက်​ဆုံး​လည်း ငါ​ပဲ။+ ၁၃  ကမ္ဘာ​မြေကို ငါ​ကိုယ်​တိုင် အုတ်​မြစ်​ချ​ခဲ့​တယ်။+ မိုး​ကောင်း​ကင်​ကို ညာ​လက်​နဲ့ ဖြန့်​ခဲ့​တယ်။+ ငါ​ခေါ်​တဲ့​အခါ သူတို့ အတူ​ထ​ရပ်​ကြ​တယ်။ ၁၄  မင်း​တို့​အားလုံး အတူ​စု​ရုံး​ပြီး နားထောင်​ကြ​ပါ။ ဘယ်​ဘု​ရား​က ဒါ​တွေ​ကို ကြေ​ညာ​ခဲ့လို့​လဲ။ ယေဟောဝါ​က သူ့​ကို ချစ်​တယ်။+ ဗာ​ဗု​လုန်​နဲ့​ပတ်​သက်​ပြီး အလို​တော်​အတိုင်း သူ လုပ်​ဆောင်​မယ်။+ သူ့​လက်​ရုံး​က ခါလဒဲ​လူ​တွေ​ကို တိုက်​လိမ့်​မယ်။+ ၁၅  ဒါ​ဟာ ငါ​ကိုယ်​တိုင်​ပြော​တဲ့ စကား​ပဲ။ သူ့​ကို ငါ​ခေါ်​မယ်။+ သူ့​ကို ခေါ်​လာ​မယ်။ သူ့​လမ်း​ဟာ အောင်​မြင်​မယ်။+ ၁၆  ငါ့​အနား​လာ​ပြီး နား​ထောင်​ကြ။ အစ​က​တည်း​က ဆိတ်​ကွယ်​ရာ​မှာ ငါ​ပြော​ခဲ့​တာ မဟုတ်​ဘူး။+ ကြို​ဟော​တဲ့​အတိုင်း ဖြစ်​လာ​ချိန်​မှာ ငါ​ရှိ​နေ​ခဲ့​တယ်။” အခု၊ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင်​ ယေဟောဝါ​က ငါ့​ကို​စေ​လွှတ်​တယ်။ စွမ်းအား​တော်​ကို​လည်း စေ​လွှတ်​တယ်။ ၁၇  မင်း​တို့​ကို ပြန်​ဝယ်​တဲ့​အရှင်၊ အစ္စရေး​တို့​ရဲ့ သန့်​ရှင်း​တဲ့​အရှင် ယေဟောဝါ​ပြော​တာ​က–+ “ငါ​ယေဟောဝါ​ဟာ မင်း​တို့​ရဲ့ ဘုရား​သခင်​ပဲ။ မင်း​တို့​ကောင်း​ကျိုး​အတွက် သွန်သင်​ပေး​တဲ့​အရှင်၊+မင်း​တို့​လျှောက်​သင့်​တဲ့ လမ်း​အတိုင်း လမ်း​ညွှန်​ပေး​တဲ့ အရှင်​ပဲ။+ ၁၈  ငါ့​ပညတ်​တွေ​ကို အာ​ရုံ​စိုက်​မယ်​ဆို​ရင်+ မင်း​တို့​ရဲ့ ငြိမ်သက်​ခြင်း​ဟာ မြစ်​လို၊+မင်း​တို့​ရဲ့ ဖြောင့်​မတ်​ခြင်း​ဟာ ပင်လယ်​လှိုင်း​တွေ​လို ဖြစ်​လာ​မယ်။+ ၁၉  မင်း​တို့​ရဲ့​မျိုး​နွယ်​ဟာ သဲ​တွေ​လို၊သား​စဉ်​မြေး​ဆက်​ဟာ သဲ​ပွင့်​တွေ​လို များ​ပြား​လာ​မယ်။+ သူတို့​ရဲ့​နာ​မည်​ဟာ ငါ​ရှေ့​က​နေ ပယ်​ဖျက်​ခံ​ရ​မှာ၊ ပျောက်​ပျက်​သွား​မှာ မဟုတ်​ဘူး။” ၂၀  ဗာ​ဗု​လုန်​က​နေ ထွက်​ကြ။+ ခါလဒဲ​လူ​တွေ​ဆီ​က​နေ ပြေး​ကြ။ အဲဒီ​အကြောင်း​ကို ရွှင်​လန်း​စွာ ကြွေး​ကြော်​ပြီး ကြေ​ညာ​ကြ​ပါ။+ ကမ္ဘာ​မြေအစွန်​အဖျား​အထိ ကြား​သိ​စေ​ကြ​ပါ။+ “ယေဟောဝါ​က သူ့​ကျွန်​ယာကုပ်​ကို ပြန်​ဝယ်​ယူ​လိုက်​ပြီ။+ ၂၁  လွင်​တီး​ခေါင်​တွေ​ကို ဖြတ်​ပြီး သူတို့​ကို ဦး​ဆောင်​ခေါ်​လာ​တဲ့​အခါ ရေမငတ်​ခဲ့​ကြ​ဘူး။+ သူတို့​အတွက် ကျောက်​ဆောင်​ထဲ​က​နေ ရေ​စီး​ဆင်း​စေ​တယ်။ ကျောက်​ဆောင်​ကို​ခွဲ​ပြီး ရေတွေ စီးထွက်​လာ​စေ​တယ်”+ လို့ ပြော​ကြ​ပါ။ ၂၂  “လူ​ဆိုး​တွေ​ဆီ​မှာ ငြိမ်သက်​ခြင်း မရှိ​ဘူး”+ လို့ ယေဟောဝါ ပြော​တယ်။

အောက်ခြေမှတ်ချက်များ

“ယုဒ​ဆီ​က​နေ” လည်း​ဖြစ်​နိုင်။
“ငါ​ရွေး​ချယ်​ခဲ့​ပြီ” လည်း​ဖြစ်​နိုင်။