ဟေရှာယ ၁၁:၁-၁၆

  • ယေ​ရှဲ​ရဲ့​အတက် ဖြောင့်​မတ်​စွာ အုပ်​ချုပ် (၁-၁၀)

    • ဝံ​ပု​လွေ​နဲ့ သိုး​သငယ် အတူ​နေ ()

    • ကမ္ဘာ​မြေတစ်​ပြင်​လုံး ယေဟောဝါ​ကို​သိ​တဲ့ ပညာနဲ့ ပြည့်​နေ ()

  • ကျန်​ကြွင်း​သူ​တွေ ပြန်​စု​သိမ်း (၁၁-၁၆)

၁၁  ​ယေ​ရှဲ​ရဲ့ သစ်​ငုတ်​က​နေ+ အတက်+ ထွက်​လာ​မယ်။ သူ့​အမြစ်​က​နေ ပေါက်​လာ​တဲ့​ အတက်​ဟာ+ အသီး​သီး​ လိမ့်​မယ်။  ၂  ယေဟောဝါ​ရဲ့ စွမ်းအား​တော်​က သူ့​အပေါ်​မှာ တည်​နေ​မယ်။+ ဒါ​ကြောင့် သူ​ဟာ ဉာဏ်​ပညာ​နဲ့ ပြည့်​စုံ​ပြီး+ သိ​နား​လည်​နိုင်​စွမ်း ကြွယ်​ဝ​မယ်။ အကြံ​ဉာဏ်​ကောင်း​တွေ ပေး​နိုင်​တဲ့​သူ၊ အစွမ်း​ခွန်​အား​ကြီး​တဲ့​သူ၊+အသိ​ပညာ​ကြွယ်​တဲ့​သူ၊ ယေဟောဝါ​ကို ကြောက်​ရွံ့​ရို​သေတဲ့​သူ ဖြစ်​လိမ့်​မယ်။  ၃  ယေဟောဝါ​ကို ကြောက်​ရွံ့​ရို​သေရ​တာ ပျော်​မွေ့​မယ်။+ အပြင်​ပန်း​ကို​ပဲ ကြည့်​ပြီး တ​ရား​မစီ​ရင်​ဘူး။ ကြား​တဲ့​စကား​ကို​ပဲ မူ​တည်​ပြီး ဆုံးမ​မှာ မဟုတ်​ဘူး။+  ၄  နိမ့်​ကျ​သူ​တွေ​ကို မျှ​မျှ​တ​တ တ​ရား​စီ​ရင်​မယ်။ ကမ္ဘာ​ပေါ်​မှာ​ရှိ​တဲ့ စိတ်​နူး​ညံ့​သူ​တွေရဲ့ အကျိုး​အတွက် ဖြောင့်​မှန်​စွာ ပဲ့​ပြင်​မယ်။ ကမ္ဘာ​မြေကို ခံ​တွင်း​က​ထွက်​တဲ့ ကြိမ်​လုံး​နဲ့ ဒဏ်​ပေး​မယ်။+ လူ​ဆိုး​တွေ​ကို နှုတ်​က​ထွက်​တဲ့ စွမ်းအား​နဲ့ သေဒဏ်​ချ​မှတ်​မယ်။+  ၅  ဖြောင့်​မတ်​ခြင်း​နဲ့ သစ္စာ​တ​ရား​ဟာသူ့​ခါး​မှာ​စည်း​ထား​တဲ့ ခါး​စည်း​ကြိုး ဖြစ်​လိမ့်​မယ်။+  ၆  ဝံ​ပု​လွေ​နဲ့ သိုး​သငယ် အတူ​နေ​လိမ့်​မယ်။+ ကျား​သစ်​နဲ့ ဆိတ်​က​လေး အတူ​အိပ်​လိမ့်​မယ်။ နွား​က​လေး၊ ခြင်္သေ့၊ ဆူ​ဖြိုး​တဲ့​တိရစ္ဆာန်တွေ အတူ​နေ​မယ်။*+ က​လေး​သူ​ငယ်​က သူတို့​ကို ထိန်း​ကျောင်း​မယ်။  ၇  နွား​မနဲ့ ဝက်​ဝံ​မ အတူ​ ကျက်​စား​မယ်။ သူတို့​ရဲ့​သား​ပေါက်​တွေ အတူ​ အိပ်​ကြ​မယ်။ ခြင်္သေ့​က​လည်း နွား​လို​ပဲ ကောက်​ရိုး​စား​လိမ့်​မယ်။+  ၈  နို့​စို့​က​လေး​က မြွေဟောက်​တွင်း​ပေါ်​မှာ က​စား​လိမ့်​မယ်။ နို့​ပြတ်​တဲ့​က​လေး​က အဆိပ်​ပြင်း​တဲ့ မြွေတွင်း​ထဲ လက်​နှိုက်​လိမ့်​မယ်။  ၉  သူတို့​က သန့်​ရှင်း​တဲ့ ငါ့​ရဲ့​တောင်​တစ်​ပြင်​လုံး​မှာ ဘာ​အန္တရာယ်​မှ​ပေး​မှာ မဟုတ်​ဘူး။+ ဖျက်​လို​ဖျက်​ဆီး​လုပ်​မှာ မဟုတ်​ဘူး။+ ပင်လယ်​ဟာ ရေတွေ​နဲ့ ဖုံး​လွှမ်း​နေ​သလိုကမ္ဘာ​မြေဟာ ယေဟောဝါ​ကို သိ​ကျွမ်း​ခြင်း​နဲ့ ပြည့်​နေ​မှာ ဖြစ်​လို့​ပဲ။+ ၁၀  အဲဒီ​အချိန်​ကျ​ရင် ယေ​ရှဲ​ရဲ့​အမြစ်​ဟာ+လူ​တွေ​အတွက် စိုက်​ထူ​ထား​တဲ့​အလံ ဖြစ်​မယ်။+ လူမျိုး​ခြား​တွေ​က သူ့​ဆီ​မှာ လမ်း​ညွှန်​မှု တောင်း​ခံ​လိမ့်​မယ်။+ သူ​နေ​တဲ့​နေ​ရာ​က​လည်း ဂုဏ်​ကျက်​သရေ​ရှိ​လိမ့်​မယ်။ ၁၁  အဲဒီ​အချိန်​ကျ​ရင် ယေဟောဝါ​က ဒုတိ​ယ​အကြိမ် လက်​ကမ်း​ပေး​ပြီး အဆီး​ရီး​ယား၊+ အီဂျစ်၊+ ပါသရု၊+​ ကုရှ၊*+ ဧ​လံ၊+ ရှိ​နာ၊* ဟာ​မတ်​နဲ့ ပင်​လယ်​ထဲ​က ကျွန်း​တွေ​မှာ+ ကျန်​ကြွင်း​တဲ့ မိမိ​လူမျိုး​ကို ပြန်​သိမ်း​ယူ​မယ်။ ၁၂  ဘု​ရား​သခင်​က လူမျိုး​တွေ​အတွက် အလံ​စိုက်​ထူ​ပြီး အစ္စရေးတွေ​ကို ပြန်​စု​သိမ်း​လိမ့်​မယ်။+ ကွဲ​လွင့်​နေ​တဲ့ ယုဒ​လူ​တွေ​ကို ကမ္ဘာ​မြေ အရပ်​လေး​မျက်​နှာ​က​နေ ပြန်​စု​သိမ်း​မယ်။+ ၁၃  ဧ​ဖရိမ်​က မနာ​လို​စိတ် ရှိ​တော့​မှာ မဟုတ်​ဘူး။+ ယုဒ​ကို ရန်​မူ​တဲ့​သူ​တွေ ပယ်​ရှင်း​ခံ​ရ​မယ်။ ဧ​ဖရိမ်​က ယုဒ​ကို မနာ​လို​ဖြစ်​တော့​မှာ မဟုတ်​ဘူး။ ယုဒ​က​လည်း ဧ​ဖရိမ်​ကို ရန်​မူ​တော့​မှာ မဟုတ်​ဘူး။+ ၁၄  သူတို့​က အနောက်​အရပ်​မှာ​ရှိ​တဲ့ ဖိလိတိ​ပြည်​ရဲ့ ဆင်​ခြေ​လျှော​ဒေသ​ကို ဝင်​စီး​မယ်။ အရှေ့​အရပ်​က​လူ​တွေ​ကို အတူ တိုက်​ခိုက်​လု​ယက်​မယ်။ ဧ​ဒုံ​နဲ့+ မောဘ​ပြည်​ကို+ အောင်​နိုင်​လိမ့်​မယ်။ အမ္မုန်​လူမျိုး​တွေ​ဟာ သူတို့​လက်​အောက်​ခံ ဖြစ်​မယ်။+ ၁၅  ယေဟောဝါ​က အီဂျစ်​ပင်လယ်​ကွေ့​ကို နှစ်​ခြမ်း​ခွဲ​ပစ်​မယ်။*+ မြစ်​ကြီး​ကို*+ လက်​သီး​လက်​မောင်း တန်း​လိမ့်​မယ်။ မြစ်​ကြီး​ရဲ့ ချောင်း​ခု​နစ်​သွယ်​ကို* ရှူ​ထုတ်​လိုက်​တဲ့ လေ​ပြင်း​နဲ့* ဒဏ်​ခတ်​မယ်။ လူ​တွေ​က ဖိ​နပ်​ချွတ်​စ​ရာ​မလို​ဘဲ ဖြတ်​ကူး​သွား​လိမ့်​မယ်။ ၁၆  အီဂျစ်​ပြည်​က​နေ ထွက်​လာ​တုန်း​က အစ္စရေး​အတွက် လမ်း​မကြီး​ရှိ​ခဲ့​သလိုလူမျိုး​တော်​ထဲ​က ကျန်​ကြွင်း​သူ​တွေ​အတွက်+ အဆီး​ရီး​ယား​က​နေ ထွက်​လာ​မယ့် လမ်း​မကြီး​ရှိ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

“နွား​က​လေး​နဲ့ ခြင်္သေ့တွေ အတူ​ကျက်​စား​မယ်” လည်း​ဖြစ်​နိုင်။
ဗာ​ဗု​လုန်။
ဒါ​မှ​မဟုတ်၊ “အီသီယိုး​ပီးယား။”
“ခန်း​ခြောက်​စေ​မယ်” လည်း​ဖြစ်​နိုင်။
ယူ​ဖရေး​တီး​မြစ်။
“မြစ်​ကြီး​ကို ချောင်း​ခု​နစ်​သွယ်​ဖြစ်​အောင်” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “စွမ်းအား​တော်​နဲ့။”