ဟေရှာယ ၃၃:၁-၂၄

  • တ​ရား​စီ​ရင်​ချက်၊ ဖြောင့်​မတ်​သူ​တွေ​အတွက် မျှော်လင့်​ချက် (၁-၂၄)

    • ယေဟောဝါ​ဟာ တ​ရား​သူ​ကြီး၊ ပညတ်​ပေး​ရှင်၊ ဘုရင် (၂၂)

    • “နေ​မကောင်း​ဘူး” လို့ မညည်း​ရ​တော့ (၂၄)

၃၃  ကိုယ်​တိုင်​ဖျက်​ဆီး​မခံ​ရ​ဘဲ သူ​များ​ကို ဖျက်​ဆီး​တဲ့​သူ၊+ကိုယ်​တိုင်​သစ္စာ​ဖောက်​မခံ​ရ​ဘဲ သူ​များ​ကို သစ္စာ​ဖောက်​တဲ့​သူ၊ မင်း အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ သူ​များ​ကို ဖျက်​ဆီး​ပြီး​တဲ့​အခါ ကိုယ်​တိုင် ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်။+ သူ​များ​ကို သစ္စာ​ဖောက်​ပြီး​တဲ့​အခါ ကိုယ်​တိုင် သစ္စာ​ဖောက်​ခံ​ရ​လိမ့်​မယ်။  ၂  အို ယေဟောဝါ၊ ကျွန်​တော်​တို့​ကို မျက်​နှာ​သာ​ပေး​လှည့်​ပါ။+ ကိုယ်​တော့်​ကို မျှော်​လင့်​နေ​ပါ​တယ်။ မနက်​တိုင်း လက်​ရုံး​တော်​နဲ့ ထောက်မ​ပေး​လှည့်​ပါ။+ ဒုက္ခရောက်​ချိန်​မှာ ကယ်​တင်​ခြင်း​ကျေး​ဇူး ပေး​သနား​လှည့်​ပါ။+  ၃  ရုတ်​ရုတ်​သဲ​သဲ​အသံ​ကြောင့် လူ​တွေ ထွက်​ပြေး​ကုန်​ပြီ။ ကိုယ်​တော်​ထ​တဲ့​အခါ လူမျိုး​တွေ ကွဲ​လွင့်​ကုန်​ပြီ။+  ၄  ကျိုင်း​ကောင်​တွေ အုပ်​လိုက်​ကြီး​ ရောက်​လာ​သလို လူ​တွေ​က မင်း​ရဲ့ တိုက်​ရာ​ပါ​ဥစ္စာတွေ​ကို လုယက်​ဖို့ စု​ပြုံ​ရောက်​လာ​မယ်။ ကျိုင်း​ကောင်​အုပ်​တွေ​လို တစ်ဟုန်​ထိုး ပြေး​လာ​ပြီး လုယက်​ကြ​မယ်။  ၅  ယေဟောဝါ​ကို ဂုဏ်​တင်​ချီး​မြှောက်​ကြ​လိမ့်​မယ်။ ဘု​ရား​က အထက်​အရပ်​မှာ စံ​မြန်း​နေ​တယ်။ ဇိ​အုန်​ကို တ​ရား​မျှ​တ​မှု၊ ဖြောင့်​မတ်​မှု​နဲ့ ပြည့်​စေ​မယ်။  ၆  ဘု​ရား​သခင်​ဟာ မင်း​တို့​ရဲ့ ခေတ်​ကာလ​ကို တည်​ငြိမ်​အေး​ချမ်း​စေ​တဲ့​အရှင်​ပဲ။ ကယ်​တင်​ခြင်း၊+ ဉာဏ်​ပညာ၊​ အသိ​ပညာ၊ ယေဟောဝါ​ကို ကြောက်​ရွံ့​ရို​သေတဲ့​စိတ်​ကို+ ကြွယ်​ဝ​စွာ​ပေး​တဲ့​အရှင်​ပဲ။ ဒါ​ဟာ သူ့​ရဲ့​ဘဏ္ဍာ​ပဲ။  ၇  ကြည့်​ပါ။ သူတို့​ရဲ့ သူ​ရဲ​ကောင်း​တွေ လမ်း​ပေါ်​မှာ အော်​ဟစ်​နေ​တယ်။ ငြိမ်း​ချမ်း​ရေး​စေ​တ​မန်​တွေ ချုံး​ပွဲ​ချ ငို​ကြွေး​နေ​ကြ​တယ်။  ၈  လမ်း​မတွေ​မှာ လူ​သူ​ကင်း​မဲ့​ပြီး လမ်း​သွား​လမ်း​လာ တစ်​ယောက်​မှ မရှိ​တော့​ဘူး။ ရန်​သူ​က ပဋိ​ညာဉ်​ကို ချိုး​ဖောက်​ပြီး မြို့​တွေ​ကို ပစ်​ပယ်​တယ်။ သေမျိုး​ဖြစ်​တဲ့​လူ​ကို အရေး​မလုပ်​ဘူး။+  ၉  တိုင်း​ပြည်​က ညည်း​တွား​ငို​ကြွေး​နေ​တယ်။* ခြောက်​ကပ်​သွား​တယ်။ လက်​ဘ​နွန်​က အရှက်​ကွဲ​ပြီး+ ဆွေး​မြည့်​သွား​တယ်။ ရှာ​ရုန်​လွင်​ပြင်​ဟာ ကန္တာရ​လို​ဖြစ်​သွား​တယ်။ ဗာရှန်​ပြည်​နဲ့ က​ရ​မေလ​တောင်​ကလည်း သစ်​ရွက်​တွေ​ကို ခါ​ချ​တယ်။+ ၁၀  ယေဟောဝါ ပြော​တယ်– “အခု၊ ငါထမယ်။ ငါ့​ကိုယ်​ငါ ချီး​မြှောက်​မယ်။+ ငါ့​ကိုယ်​ငါ ဂုဏ်​တင်​မယ်။ ၁၁  မင်း​တို့​က မြက်​ခြောက်​ကို ကိုယ်ဝန်​ဆောင်​ပြီး ရိုး​ပြတ်​ကို မွေး​ဖွား​တယ်။ မင်း​တို့​ရဲ့​စိတ်​ဓာတ်​က မင်း​တို့​ကို မီး​လို ဝါး​မျို​လိမ့်​မယ်။+ ၁၂  လူ​တွေ​ဟာ မီး​ကျွမ်း​နေ​တဲ့ ထုံး​ကျောက်​လို ဖြစ်​လိမ့်​မယ်။ ခုတ်​ဖြတ်​ပြီး မီး​ရှို့​ခံ​ရ​တဲ့ ဆူး​ပင်​တွေ​လို ဖြစ်​လိမ့်​မယ်။+ ၁၃  ရပ်​ဝေး​က​လူ​တို့၊ ငါ​ဘာ​လုပ်​မယ်​ဆို​တာ​ကို နား​ထောင်​ကြ။ ရပ်​နီး​က​လူ​တို့၊ ငါ့​အစွမ်း​တန်ခိုး​ကို အသိ​အမှတ်​ပြု​ကြ။ ၁၄  ဇိ​အုန်​မှာ​ရှိ​တဲ့ အပြစ်​ကျူး​လွန်​သူ​တွေ ကြောက်​လန့်​နေ​တယ်။+ အယူ​ဖောက်​ပြန်​သူ​တွေ ဖိမ့်​ဖိမ့်​တုန်​ပြီး ‘မီး​တောက်​လောင်​တဲ့​နေ​ရာ​မှာ ဘယ်​သူ နေ​နိုင်​မှာ​လဲ။+ လောင်​မြိုက်​နေ​တဲ့ မီး​လျှံ​နဲ့​အတူ ဘယ်​သူ နေ​နိုင်​မှာ​လဲ’ လို့​ပြော​ကြ​တယ်။ ၁၅  ဖြောင့်​မတ်​ခြင်း​လမ်း​မှာ အမြဲလျှောက်​လှမ်း​တဲ့​သူ၊+မှန်​ရာ​ကို ပြော​တဲ့​သူ၊+မသမာ​နည်း၊ မရိုး​သား​တဲ့​နည်း​နဲ့ စီး​ပွား​မရှာ​တဲ့​သူ၊လာဘ်​ထိုး​တာ​ကို လက်မခံ​​ဘဲ ငြင်းပယ်​တဲ့​သူ၊+သွေး​ထွက်​သံ​ယို​မှု​အကြောင်း မကြား​ရ​အောင် နား​ပိတ်​ထားတဲ့သူ၊မကောင်း​မှု​ကို မတွေ့​ရ​အောင် မျက်​စိ​မှိတ်​ထား​တဲ့​သူ​ဟာ၊ ၁၆  မြင့်​တဲ့​နေ​ရာတွေ​မှာ နေ​ထိုင်​ရ​လိမ့်​မယ်။ ကျောက်​ရဲ​တိုက်​ထဲ​မှာ ခိုလှုံ​ရ​လိမ့်​မယ်။ သူ့​အတွက် အစား​အစာ အမြဲ​ရှိ​မယ်။ သောက်​ရေ​က​လည်း ဘယ်​တော့​မှ ပြတ်​လပ်​မှာ မဟုတ်​ဘူး။”+ ၁၇  ဘုန်း​တန်ခိုး​ကြီး​တဲ့ ဘု​ရင်​တစ်ပါး​ကို မင်း​တို့​မြင်​ရ​မယ်။ တိုင်း​ပြည်​ကို​လည်း အဝေး​က​နေ မြင်​ရ​မယ်။ ၁၈  ကြောက်​လန့်​စ​ရာတွေ​ကို ပြန်​တွေး​ကြည့်​တဲ့​အခါ “စာ​ရေး​က ဘယ်​ရောက်​သွား​သတုံး။ ဆက်​ကြေး​ကောက်​တဲ့​သူ ဘယ်​မှာ​တုံး။+ မျှော်​စင်​တွေ​ကို ရေ​တွက်​သူ​ကော ဘယ်​ရောက်​သွား​သတုံး” လို့ ပြော​လိမ့်​မယ်။ ၁၉  ရိုင်း​စိုင်း​တဲ့​လူ​တွေ၊နား​မလည်​နိုင်​လောက်​အောင်​ခက်​ခဲ​တဲ့​စကား​ကို ပြော​တဲ့​လူ​တွေ၊နား​မလည်​နိုင်​လောက်​အောင် ထူးဆန်း​တဲ့​စကား​ကို ပြော​တဲ့​လူ​တွေ​ကို မမြင်​ရ​တော့​ဘူး။+ ၂၀  ပွဲ​တော်တွေ​ဆင်​နွှဲ​တဲ့ ဇိ​အုန်​မြို့​ကို ကြည့်​ကြ​ပါ။+ ဂျေရု​ဆ​လင်​မြို့​ဟာ ငြိမ်သက်​အေး​ချမ်း​တဲ့​နေ​ရာ ဖြစ်​သွား​တာ​ကို မင်း​တို့ မြင်​ရ​လိမ့်​မယ်။ အဲဒီ​မြို့​ဟာ တစ်​ခါ​မှ မပြောင်း​မရွှေ့​ရ​တဲ့ တဲ​နဲ့ တူ​လိမ့်​မယ်။+ တဲ​ငုတ်​တိုင်​တွေ ဆွဲ​နုတ်​ခံ​ရ​မှာ မဟုတ်​ဘူး။ တဲ​ကြိုး​တစ်​ချောင်း​မှ ပြတ်​မှာ မဟုတ်​ဘူး။ ၂၁  ဘုန်း​တန်ခိုး​ကြီး​တဲ့​အရှင် ယေဟော​ဝါ​ဟာ မြစ်​တွေ၊ တူး​မြောင်း​ကြီး​တွေ​လို ငါတို့​ကို ကာ​ကွယ်​မယ်။ အဲဒီ​မှာ စစ်​လှေ​တစ်​စင်း​မှ သွား​လာ​မှာ မဟုတ်​ဘူး။ ခမ်း​နား​တဲ့​သင်္ဘော​တစ်​စင်း​မှ ဖြတ်​သန်း​မှာ မဟုတ်​ဘူး။ ၂၂  ယေဟောဝါ​ဟာ ငါ​တို့​ရဲ့​ တ​ရား​သူကြီး၊+ယေဟောဝါ​ဟာ ပညတ်​ ပြဋ္ဌာန်း​ရှင်၊+ယေဟောဝါ​ဟာ ငါ​တို့​ရဲ့​ဘု​ရင်​ပဲ။+ ငါ​တို့​ကို ကယ်​တင်​တဲ့​အရှင်​ပဲ။+ ၂၃  မင်း​တို့​ရဲ့ ရွက်​ကြိုး​တွေ ပြေလျော့​နေ​လိမ့်​မယ်။ ရွက်​တိုင်​ကို ထိန်း​ထား​နိုင်​မှာ၊ ရွက်​ဖြန့်​နိုင်​မှာ မဟုတ်​ဘူး။ အဲဒီ​အချိန်​မှာ တိုက်​ရာ​ပါ​ဥစ္စာတွေ အမြောက်​အမြား ခွဲ​ဝေ​ယူ​ကြ​လိမ့်​မယ်။ ခြေ​မသန်​တဲ့​သူ​တောင် အများ​ကြီး သိမ်း​ယူ​နိုင်​လိမ့်​မယ်။+ ၂၄  ပြည်​သူ​ပြည်​သား​တွေ​က “နေ​မ​ကောင်း​ဘူး” လို့ မညည်း​ရ​တော့​ဘူး။+ တိုင်း​ပြည်​မှာ နေ​ထိုင်​သူ​တွေ​ဟာ အပြစ်​မှန်​သမျှ ခွင့်​လွှတ်​ခံ​ရ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

“ခြောက်​သွေ့​နေ​တယ်” လည်း​ဖြစ်​နိုင်။