ဟေရှာယ ၂:၁-၂၂

  • ယေဟောဝါ​ရဲ့​တောင်​တော် ချီး​မြှောက်​ခံ​ရ (၁-၅)

    • ဓား​ကို ထယ်​သွား​ဖြစ်​စေ ()

  • ယေဟောဝါ​ရဲ့​နေ့​မှာ မောက်​မာ​သူ နှိမ့်​ချ​ခံ​ရ (၆-၂၂)

 ယုဒ​ပြည်၊ ဂျေရု​ဆ​လင်​မြို့​နဲ့​ပတ်​သက်​ပြီး အာ​မွတ်​ရဲ့​သား ဟေရှာ​ယ​မြင်​ရ​တဲ့ စိတ်​အာ​ရုံ​က​တော့–+  ၂  အဆုံး​ပိုင်း​ကာလ​မှာယေဟောဝါ​ရဲ့​အိမ်​တော် တည်​တဲ့​တောင်​ဟာတောင်​တန်း​တ​ကာ​ရဲ့​ထိပ်​မှာ အခိုင်​အမာ တည်​နေ​မယ်။+ တောင်​ကုန်း​တွေရဲ့ အထက်​မှာ ချီးမြှောက်​ခံ​ရ​မယ်။ အဲဒီ​တောင်​ပေါ်​ကို လူမျိုး​အားလုံး တ​ဖွဲ​ဖွဲ​တက်​သွား​ကြ​မယ်။+  ၃  လူ​များ​စွာ​က တောင်​ပေါ်​တက်​သွား​ရင်း​နဲ့“လာ​ကြ။ ယေဟောဝါ​ဘု​ရားရဲ့ တောင်​ပေါ်၊ယာကုပ်​ရဲ့ ဘု​ရား​သခင့်​အိမ်​တော်​ကို တက်​သွား​ကြ​စို့။+ ဘု​ရား​က ငါ​တို့​ကို နည်း​လမ်း​တော်တွေ သွန်သင်​ပေး​မယ်။ ဘု​ရားရဲ့​လမ်း​စဉ်​အတိုင်း ငါ​တို့​ လျှောက်​လှမ်း​ကြ​မယ်”+ လို့ ပြော​ကြ​လိမ့်​မယ်။ ပညတ်​တော်​က ဇိ​အုန်​က​နေ၊ယေဟောဝါ​ရဲ့ နှုတ်​ထွက်​စကား​က ဂျေရု​ဆ​လင်​မြို့​က​နေ ပေါ်​ထွက်​လာ​မယ်။+  ၄  ဘု​ရား​က လူမျိုး​တွေ​ကို တ​ရား​စီရင်​မယ်။ လူ​များ​စွာ​ရဲ့ အကျိုး​အတွက် အရာရာ​ကို ဖြေရှင်း​ပေး​မယ်။ အဲဒီ​အခါ ဓား​ကို ထယ်​သွား​ဖြစ်​အောင်၊လှံ​ကို တံ​စဉ်​ဖြစ်​အောင် ထု​လုပ်​ကြ​လိမ့်​မယ်။+ လူမျိုး​အချင်း​ချင်း တိုက်​ခိုက်​ကြ​တော့​မှာ မဟုတ်​ဘူး။ စစ်​အတတ်​ပညာ​ကို​လည်း မသင်​ကြ​တော့​ဘူး။+  ၅  အို ယာကုပ်​အမျိုး၊ လာ​ကြ။ ယေဟောဝါ​ရဲ့ အလင်း​မှာ လျှောက်​လှမ်း​ကြ​စို့။+  ၆  ဘု​ရား​သခင်၊ ကိုယ်​တော်​က လူမျိုး​တော်​ဖြစ်​တဲ့ ယာကုပ်​အမျိုး​ကို စွန့်​ပစ်​လိုက်​ပြီ။+ အရှေ့​အရပ်​က​လာ​တဲ့​အရာတွေ အများ​ကြီး​ကို သူတို့ လက်ခံ​ထား​တာ​ကိုး။ သူတို့​က ဖိ​လိ​တိ​လူ​တွေ​လို မှော်​အတတ် လိုက်​စား​ကြ​တယ်။+ သူတို့​ဆီ​မှာ တိုင်း​တစ်ပါး သား​သမီး​တွေ ပြည့်​နှက်​နေ​တယ်။  ၇  သူတို့​ပြည်​မှာ ရွှေ​ငွေ​တွေ​ကြွယ်​ဝ​တယ်။ စည်း​စိမ်​ဥစ္စာတွေ​လည်း အတိုင်း​မသိ များ​လှ​တယ်။ မြင်း​တွေ ပေါ​များ​သလိုမြင်း​ရ​ထား​တွေ​လည်း အတိုင်း​မသိ များ​လှ​တယ်။+  ၈  တစ်​တိုင်း​ပြည်​လုံး​မှာ အသုံး​မဝင်​တဲ့ ဘု​ရားတွေ ရှိ​တယ်။+ ကိုယ့်​လက်​နဲ့​လုပ်​ထား​တဲ့​အရာ၊ကိုယ့်​လက်​ချောင်း​နဲ့ ဖန်​တီး​ထား​တဲ့​အရာတွေ​ကို ဦး​ချ​ကြ​တယ်။  ၉  အဲ​ဒါ​တွေ​ကို ဦး​ချ​တဲ့​အတွက် နိမ့်​ကျ​သွား​တယ်။ သူတို့​ကို ကိုယ်​တော် ခွင့်​လွှတ်​နိုင်​မှာ မဟုတ်​ဘူး။ ၁၀  ယေဟောဝါ​ရဲ့ အမျက်​တော်​နဲ့ ဘုန်း​တန်ခိုး​အရှိန်​ဟာကြောက်​စ​ရာ​ကောင်း​တဲ့​အတွက်ကျောက်​ဆောင်​ထဲ​ဝင်​ပြီး မြေတွင်း​ထဲ​ပုန်း​နေ​ကြ​ပါ။+ ၁၁  မောက်​မာ​သူ​တွေ ဦး​ကျိုး​သွား​မယ်။ မာ​န​ထောင်​လွှား​သူ​တွေ နိမ့်​ကျ​သွား​မယ်။ အဲဒီ​နေ့​မှာ ယေဟောဝါ တစ်ပါး​တည်း​ကို​ပဲ ချီး​မြှောက်​ကြ​လိမ့်​မယ်။ ၁၂  အဲဒီ​နေ့​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ရဲ့​နေ့​ပဲ။+ မောက်​မာ​သူ​နဲ့ ဘဝင်​မြင့်​သူ၊ဂုဏ်​မြင့်​သူ​နဲ့ ဂုဏ်​နိမ့်​သူ လူ​အားလုံး အဲဒီ​နေ့​ကို ရင်​ဆိုင်​ရ​မယ်။+ ၁၃  လက်​ဘ​နွန်​က မိုး​ထိ​အောင် မြင့်မား​တဲ့ သစ်​က​တိုး​ပင်​တွေ၊ဗာရှန်​ပြည်​က ဝက်​သစ်​ချ​ပင်​တွေ၊ ၁၄  မြင့်​မား​တဲ့​တောင်​တန်း​တွေ၊မြင့်​မား​တဲ့​တောင်​ကုန်း​တွေ၊ ၁၅  မြင့်​မား​တဲ့​မျှော်​စင်​နဲ့ ခိုင်​ခံ့​တဲ့​မြို့​ရိုး​တွေ၊ ၁၆  တာ​ရှိ​သင်္ဘော​တွေ၊+လှ​ပတဲ့​လှေ​တွေ​အားလုံး အဲဒီ​နေ့​ကို ရင်​ဆိုင်​ရ​မယ်။ ၁၇  မောက်​မာ​သူ​တွေ  ဦး​ကျိုး​သွား​မယ်။ မာ​န​ထောင်​လွှား​သူ​တွေ နိမ့်​ကျ​သွား​မယ်။ အဲဒီ​နေ့​မှာ ယေဟောဝါ တစ်ပါး​တည်း​ကို​ပဲ ချီး​မြှောက်​ကြ​လိမ့်​မယ်။ ၁၈  အသုံး​မဝင်​တဲ့ ဘု​ရားတွေ အစ​အန​မကျန် ပျောက်​ကွယ်​သွား​မယ်။+ ၁၉  ကမ္ဘာ​မြေကို တုန်​လှုပ်​စေ​ဖို့ ယေဟောဝါ ကြွ​လာ​တဲ့​အခါအမျက်​တော်​နဲ့ ဘုန်း​တန်ခိုး​အရှိန်​ဟာကြောက်​စ​ရာ​ကောင်း​တဲ့​အတွက်+လူ​တွေ​က ကျောက်​ဂူ​တွေ၊မြေတွင်းတွေ​ထဲ ဝင်​ပြီး ပုန်း​နေ​ကြ​လိမ့်​မယ်။+ ၂၀  အဲဒီ​နေ့​မှာ လူ​တွေ​ဟာ သူတို့​ဦး​ချ​ဖို့ လုပ်​ထား​တဲ့အသုံး​မဝင်​တဲ့ ရွှေ​ဘု​ရား၊ ငွေဘုရား​တွေ​ကိုကြွက်​စုတ်​တွေ၊ လင်း​နို့​တွေ​ဆီ လွှင့်ပစ်​ပြီး၊+ ၂၁  ကျောက်​တွင်းတွေ၊ကျောက်​ကြို​ကျောက်​ကြား​တွေ​ထဲ ဝင်​နေ​ကြ​လိမ့်​မယ်။ ကမ္ဘာ​မြေ တုန်​လှုပ်​စေ​ဖို့ ယေဟောဝါ ကြွ​လာ​တဲ့​အခါအမျက်​တော်​နဲ့ ဘုန်း​တန်ခိုး​အရှိန်​ဟာကြောက်​စ​ရာ​ကောင်း​တဲ့​အတွက် သူတို့ အဲဒီ​လို​ပုန်း​နေ​ကြ​လိမ့်​မယ်။ ၂၂  ဒါ​ကြောင့် နှာ​ခေါင်း​နဲ့​အသက်​ရှူ​မှ ရှင်​သန်​နိုင်​မယ့်​လူ​ကိုယုံ​ကြည်​ကိုး​စား​မနေ​နဲ့​တော့။ လူ​ကို​များ ဘာ​လို့ အရေး​တ​ယူ​လုပ်​နေ​မှာ​လဲ။

အောက်ခြေမှတ်ချက်များ