ဟေရှာယ ၃၅:၁-၁၀

  • ပရ​ဒိ​သု ပြန်​ဖြစ်​လာ (၁-၇)

    • မျက်​မမြင်​တွေ ပြန်​မြင်၊ နား​မကြား​သူ ပြန်ကြား ()

  • ရွေး​ယူ​ခံ​ရ​သူ​တွေ​အတွက် သန့်​ရှင်း​တဲ့​လမ်း (၈-၁၀)

၃၅  တော​ကန္တာရ​နဲ့ ပူ​ပြင်း​ခြောက်​သွေ့​တဲ့ မြေဟာ ပျော်​မြူး​လိမ့်​မယ်။+ ကန္တာရ​လွင်​ပြင်​လည်း ရွှင်​လန်း​ပြီး ကုံ​ကု​မံ​ပန်း​တွေ​လို ဝေ​ဆာ​လိမ့်​မယ်။+  ၂  တိုင်း​ပြည်​ဟာ ဖူး​ပွင့်​ဝေ​ဆာ​မယ်။+ ဝမ်း​မြောက်​ပြီး ရွှင်​လန်း​စွာ ကြွေး​ကြော်​မယ်။ လက်​ဘ​နွန်ရဲ့ ဂုဏ်​ကျက်​သရေ​မျိုး၊+က​ရ​မေလ​တောင်​နဲ့+ ရှာရုန်​လွင်ပြင်​ရဲ့+ ခမ်း​နား​မှု​မျိုး​ကို ပိုင်ဆိုင်​လိမ့်​မယ်။ ယေဟောဝါ​ရဲ့ ဘုန်း​တန်ခိုး၊ ငါ​တို့​ဘု​ရား​သခင်​ရဲ့ မြင့်မြတ်​မှု​ကို လူ​တွေ မြင်​ရ​လိမ့်​မယ်။  ၃  အား​လျော့​နေ​တဲ့ လက်​တွေ​ကို အား​ဖြည့်​ပေး​ကြ​ပါ။ တုန်​ယင်​နေ​တဲ့ ဒူး​တွေ​ကို ခိုင်​ခံ့​အောင်​လုပ်​ကြ​ပါ။+  ၄  စိတ်​ပူ​ပန်​နေ​သူ​တွေ​ကို “အား​မာန်​တင်း​ကြ​ပါ။ မကြောက်ပါ​နဲ့။ မင်း​ရဲ့​ဘု​ရား​သခင်​က ရန်​သူ​တွေ​ကို လက်​စား​ချေ​ဖို့ လာ​တော့​မယ်။ ပြစ်​ဒဏ်​ပေး​ဖို့ လာ​တော့​မယ်။+ ကိုယ်​တိုင်​ရောက်​လာ​ပြီး ကယ်​တင်​တော့​မယ်”+ လို့​အား​ပေး​ကြ​ပါ။  ၅  အဲဒီ​အချိန်​ကျ​ရင် မျက်​မမြင်​တွေ မျက်​စိ​မြင်​လာ​မယ်။+ နား​မကြား​သူ​တွေ နား​ကြား​လာ​မယ်။+  ၆  အဲဒီ​အချိန်​ကျ​ရင် ခြေ​ဆွံ့​သူ​ဟာ သမင်​လို ခုန်​ပေါက်​လိမ့်​မယ်။+ ဆွံ့​အသူ​က ရွှင်​လန်း​စွာ ကြွေးကြော်​လိမ့်​မယ်။+ တော​ကန္တာရ​မှာ ရေတွေ ပန်း​ထွက်​လိမ့်​မယ်။ ကန္တာရ​လွင်​ပြင်​မှာ​လည်း စမ်း​ချောင်း​တွေ စီး​ဆင်း​လိမ့်​မယ်။  ၇  ပူ​ပြင်း​ခြောက်​သွေ့​တဲ့ မြေဟာ ကျူပင်​ပေါ​တဲ့​ရေ​အိုင် ဖြစ်​လာ​မယ်။ ခြောက်​သွေ့​တဲ့​မြေဟာ စမ်း​ချောင်း​တွေ​စီး​တဲ့​မြေ ဖြစ်​လာ​မယ်။+ ခွေး​အတွေ ကျက်​စား​ခဲ့​တဲ့​နေ​ရာ​မှာ+ မြက်​စိမ်း၊ ကျူ​ပင်၊ ပပိုင်း​ရပ်​ကျူ​ပင်​တွေ ပေါက်​လာ​မယ်။  ၈  အဲဒီ​မှာ လမ်း​မကြီး​တစ်​ခု ရှိ​မယ်။+ သန့်​ရှင်း​တဲ့​လမ်း​လို့ ခေါ်​တယ်။ အဲဒီ​လမ်း​ပေါ် မသန့်​ရှင်း​တဲ့​သူ သွား​လာ​မှာ မဟုတ်​ဘူး။+ အဲဒီ​လမ်း​ကို လျှောက်​လှမ်း​မယ့်​သူ​တွေ​အတွက်​ပဲ သီး​သန့်​ဖယ်​ထား​တယ်။ လူ​မိုက်​တစ်​ယောက်​မှ မျက်​စိ​လည်​ပြီး အဲဒီ​လမ်း​ပေါ် ရောက်​လာ​မှာ မဟုတ်​ဘူး။  ၉  အဲဒီ​လမ်း​မှာ ခြင်္သေ့​တစ်​ကောင်​မှ မရှိ​ဘူး။ ရက်​စက်​တဲ့ သား​ရဲ​တစ်​ကောင်​မှ လမ်း​ပေါ် တက်​မလာ​တော့​ဘူး။ သူတို့​ကို လမ်း​ပေါ်​မှာ တွေ့​ရ​မှာ မဟုတ်​ဘူး။+ ပြန်​ဝယ်​ယူ​ခံ​ရ​သူ​တွေ​ပဲ အဲဒီ​မှာ သွား​လာ​မယ်။+ ၁၀  ယေဟောဝါ ရွေး​ယူ​တဲ့​သူ​တွေ ပြန်​လာ​မယ်။+  ရွှင်​လန်း​စွာ​ကြွေး​ကြော်ရင်း ဇိ​အုန်​ကို ပြန်​လာ​ကြ​မယ်။+ အဆုံး​မဲ့ ပျော်​ရွှင်​ခြင်း​ကို သရ​ဖူ​ဆောင်း​ရ​မယ်။+ ရွှင်​လန်း​ခြင်း​နဲ့ ဝမ်း​မြောက်​ခြင်း​ကို ပိုင်​ဆိုင်​ရ​လိမ့်​မယ်။ ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​နဲ့ သက်​ပြင်း​ချ​ခြင်း​တွေ ပျောက်​ကွယ်​သွား​မယ်။+

အောက်ခြေမှတ်ချက်များ